နိုင်ငံတကာ

ရုရှားနဲ့ယူကရိန်းတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေ အပြန်အလှန်အလဲအလှယ် လုပ်ဖို့ ဇီလန်စကီး အဆိုပြု

ကိဗ်၊ ဖေဖော်ဝါရီ ၁၂ စစ်ပွဲ အဆုံးသတ်ရေး ဖြစ်လာနိုင်ခြေရှိတဲ့ ညှိနှိုင်းမှုတွေမှာ ကိုယ်စီ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ရုရှားနဲ့ လဲလှယ်ရေး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဆိုပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အမှတ်မထင် ဝင်ရောက် တိုက်ခိုက်မှု အတွင်း ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကာ့စ်ဒေသရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို…

အမေရိကန် ရေငုပ်သင်္ဘော ရောက်ရှိမှုဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုလို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ အမေရိကန်က တောင်ကိုရီးယား ဆိပ်ကမ်းတစ်ခုဆီ ရေငုပ်သင်္ဘော စေလွှတ်ပြီး ပြင်းထန်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှု ထပ်လုပ်နေကြောင်း၊မိမိတို့အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်မှု လုပ်ဆောင်ဖို့ အဆင်သင့်ရှိကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောကြားကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော…

သံမဏိနဲ့ ဒန်သတ္တု တင်သွင်းမှု အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေကို ကြီးကြီးမားမား တိုးချဲ့မှုအဖြစ် အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိနဲ့ဒန်သတ္တု အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က အမိန့်ထုတ်လိုက်ပါတယ်။ ဝါရှင်တန်ကို သတ္တုအများဆုံး ထောက်ပံ့နေတဲ့ ကနေဒါနဲ့ တခြားနိုင်ငံတွေက လက်တုံ့ပြန်သွားမယ်လို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် အမေရိကန်သို့ သတ္တု တင်သွင်းမှု…

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ပူတင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းကနေ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားကြောင်း New York Post သတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ ၂၀၂၂ နှစ်ဆန်းပိုင်းနောက်ပိုင်း အမေရိကန်သမ္မတနဲ့ ပူတင်တို့ကြား ပထမဆုံး တရားဝင် အသိပေးထားတဲ့ ဆက်သွယ်ဆွေးနွေးမှု ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ…

သီရိလင်္ကာမှာ မျောက်တစ်ကောင်ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်

ကိုလမ်ဘို၊ ဖေဖော်ဝါရီ ၁၀ သီရိလင်္ကာနိုင်ငံက လျှပ်စစ် ဓာတ်အားပေးရေး စက်ရုံခွဲတစ်ခုရဲ့ ဓာတ်အားလိုင်းထဲ ချဉ်းနင်း ဝင်ရောက်လာတဲ့ မျောက်တစ်ကောင်ကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရတယ်လို့ အရာရှိတွေက ပြောကြားလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံတစ်ဝန်း ဓာတ်အား ပြတ်တောက်မှုဟာ မနက် ၁၁ နာရီခွဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဓာတ်အားပေးနေတဲ့ ထရန်စဖော်မာနဲ့…

ရာဇဝတ်ကွန်ရက်တွေကို နှိမ်နှင်းပြီးပါက ထိုင်းနယ်စပ်ကနေ ဓာတ်အားနဲ့ အင်တာနက် ပြန်ပေးမယ်လို့ သက်ဆင် ပြော

ဘန်ကောက် ဖေဖော်ဝါရီ ၁၀ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဖုန်းလိမ်လည်ခေါ်ဆိုမှု စင်တာတွေကို ဖြိုခွင်းတဲ့ကြိုးပမ်းမှုတွေမှာ မြန်မာလူမှုအသိုင်းအဝန်းတွေအနေနဲ့ ပူးပေါင်း ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပြီး အဲဒီဒေသမှာရှိတဲ့ ရာဇဝတ်ကွန်ရက်တွေကို နှိမ်နှင်းပြီးတာနဲ့ မြန်မာနိုင်ငံဆီ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ပြန်လည် ထောက်ပံ့ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုင်းရင်းသားရေးရာ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့အပြင်…

ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ဗုံးနဲ့ ဒုံးကျည်တွေ အစ္စရေးထံ အမေရိကန် ရောင်းချခွင့်ပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ဂါဇာစစ်ပွဲအတွင်း အမေရိကန်ရဲ့လက်နက်တွေ သုံးပြီး ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အစ္စရေးထံ ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခွင့် ပြုလိုက်ကြောင်း အမေရိကန်က ဖေဖော်ဝါရီ ၇ ရက်မှာ ကြေညာပါတယ်။ ဒေါ်လာ သန်း ၆၆၀ တန်ဖိုးရှိ…

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ သက်ဆင် တွေ့ဆုံမယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ လက်ရှိ အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟမ်နဲ့ အကျိုးရလဒ်ထွက်ပေါ်ခဲ့တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုတဖန် မြန်မာ့ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြောလာပါတယ်။ အခုလ…

စစ်ကောင်စီကို ကူညီပေးမှု စွပ်စွဲချက် စင်ကာပူ ကုမ္ပဏီ ပယ်ချ

စင်ကာပူ၊ ဖေဖော်ဝါရီ ၇ မြန်မာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတစ်ခုနဲ့ မိမိတို့ရဲ့ လုပ်ငန်းတစ်ခုကြား မျှဝေထုတ်လုပ်ရေး စာချုပ်သက်တမ်းတိုးတာဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် နှစ်အနည်းငယ်အကြာကတည်းက သက်တမ်းတိုးခဲ့တာ ဖြစ်တယ်လို့ စင်ကာပူ အဓိက ဘုတ်စာရင်းဝင် ရေနံလုပ်ငန်း Interra Resources က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြား လိုက်ပါတယ်။ Interra…

ICC ကို တရားမဝင် အဖွဲ့အစည်းလို့ ထရန့် ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ဟာ အမေရိကန်နဲ့ မိမိတို့ရဲ့ အရင်းနှီးဆုံး မဟာမိတ် အစ္စရေးကို တရားမဝင် အခြေအမြစ် မရှိ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နေတယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြီး အရေးယူပိတ်ဆို့ရေး ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ဒါမှမဟုတ် မဟာမိတ်တွေကို ICC က စုံစမ်း…