နိုင်ငံတကာ

လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ကို အစ္စရေး မြေပြင်ထိုးစစ် စတင်

ဂျေရုစလင်၊ အောက်တိုဘာ ၁ အစ္စရေး မြေပြင်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး လက်ဘနွန်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဟစ်ဇဘိုလာ စစ်သွေးကြွတွေကို ထိုးစစ်ဆင်မှု အရှိန်မြှင့်တင်လိုက်ပါတယ်။ ဟစ်ဇဘိုလာအဖွဲ့ကို ကာလရှည်ခေါင်းဆောင်ခဲ့တဲ့ နာဆရယ်လာ သေဆုံးခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် အစ္စရေးက ဟစ်ဇဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို သီတင်းပတ် များစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံထဲကို…

ဆောင်းဦးရာသီမှာ တပ်သားသစ် တစ်သိန်းကျော် စုဆောင်းဖို့ ပူတင် ညွှန်ကြား

မော်စကို ၊အောက်တိုဘာ ၁ အောက်တိုဘာ ၁ ရက်နေ့ စတင်ကာ လကုန်ကျမှ ပြီးဆုံးမယ့် ရုရှားရဲ့ ဆောင်းဦးရာသီ တပ်သားသစ် စုဆောင်းမှုအဖြစ် တပ်ဖွဲ့ဝင် ၁၃၃,၀၀၀ ခေါ်ယူ စုဆောင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ညွှန်ကြားထားကြောင်း ကရင်မလင်နန်းတော်ရဲ့ စက်တင်ဘာ ၃၀ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံပိုင် သတင်းစာ Rossiyskaya…

ဟစ်ဇဘိုလာအဖွဲ့ ခေါင်းဆောင် သေဆုံးပြီးနောက် အီရန်ခေါင်းဆောင်ကို လုံခြုံတဲ့ နေရာသို့ ရွှေ့ပြောင်း

ဒူဘိုင်း၊ စက်တင်ဘာ ၃၀ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင် သေဆုံးသွားပြီးနောက်တစ်ရက် အကြာမှာ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို အီရန်နိုင်ငံအတွင်းမှာရှိတဲ့ လုံခြုံတဲ့နေရာဆီ ရွှေ့ပြောင်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အီရန်ရဲ့ ဒေသတွင်း လက်နက်အင်အား အကောင်းဆုံးနဲ့ အပြည့်စုံဆုံး မဟာမိတ်ဖြစ်တဲ့ ဟစ်ဇဘိုလာကို အစ္စရေးက…

ဖိလစ်ပိုင်မှာ အမေရိကန် ဒုံးကျည်ချထားမှု တရုတ် သတိပေး

ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ဖိလစ်ပိုင်မှာ အမေရိကန်က တာလတ်ပစ် ဒုံးကျည်ချထားမှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အားလျော့စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့မှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်နဲ့ ဆွေးနွေးချိန် ဝန်ကြီး…

ဂျပန် အာဏာရပါတီက ကာကွယ်ရေးဝန်ကြီးဟောင်းကို ဝန်ကြီးချုပ်အဖြစ် လျာထား

တိုကျို၊ စက်တင်ဘာ ၂၈ ဂျပန်နိုင်ငံမှာ အရှုပ်တော်ပုံ ပေါ်ပေါက်နေတဲ့ အာဏာရပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘာကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပြီး နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာအတွက် လျာထားလိုက်ပါတယ်။ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP ကို သန့်ရှင်းအောင် လုပ်မယ်လို့ ပြောထားတဲ့ ဝန်ကြီးဟောင်း အသက် ၇၆ နှစ်အရွယ် အီရှီဘာက စက်တင်ဘာ ၂၇…

မြန်မာနဲ့ ပါလက်စတိုင်းအရေး ပြတ်ပြတ်သားသား အရေးယူဖို့ ကုလကို မလေးရှား တိုက်တွန်း

နယူးယောက်၊ စက်တင်ဘာ ၂၈ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆာရီ မိုဟာမတ် ဟာဆန်ဟာ စက်တင်ဘာ ၂၇ ရက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်နဲ့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါလက်စတိုင်းနဲ့ မြန်မာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကုလက ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရေး တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အဲဒီဒေသ နှစ်ခုစလုံးမှာ…

အိန္ဒိယမှာ ဟိန္ဒူဘုရားပွဲအတွင်း လူ ၄၆ ဦး ရေနစ်သေဆုံး

ပတ္တနာ၊ စက်တင်ဘာ ၂၇ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဟိန္ဒူဘုရားပွဲ ကျင်းပချိန်အတွင်း ကလေးငယ် ၃၇ ဦး အပါအဝင် လူ ၄၆ ဦး ရေနစ် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရ အရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဘီဟာပြည်နယ်ရှိ မြစ်တွေမှာ ရေကြီးရေလျှံမှုကြောင့် ရေတွေ ပြည်လျှံနေတဲ့…

အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ စစ်ရေး အကူအညီပေးမယ်

ဝါရှင်တန်၊ စက်တင်ဘာ ၂၇ ကျူးကျော်သူ ရုရှားတပ်တွေကို အနိုင်တိုက်ထုတ်နိုင်ဖို့ ယူကရိန်းအတွက် ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ စက်တင်ဘာ ၂၆ ရက် အိမ်ဖြူတော် ခရီးစဉ်မှာ ကတိပြုခဲ့ပါတယ်။ အမေရိကန်က ပေးပို့မယ့် စစ်ရေး အကူအညီတွေမှာ Joint Standoff Weapon…

တရုတ်ရဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုကြောင့် နိုင်ငံတကာ စိုးရိမ်

ဘေဂျင်း၊ စက်တင်ဘာ ၂၆ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM တစ်စင်းကို နိုင်ငံတကာ ရေပိုင်နက်သို့ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တရုတ်က ပြောလိုက်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး စမ်းသပ်ပစ်ခတ်မှု ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်က ပစ်ခတ်မှုဟာ ဘယ်နိုင်ငံ၊ ဘယ်ပစ်မှတ်အတွက်မှ ရည်ရွယ်တာ မဟုတ်ဘူးလို့ တရုတ်အစိုးရက…

စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး ဂျပန် အဆင့်လျှော့ချမယ်

ရန်ကုန်၊ စက်တင်ဘာ ၂၆ ဂျပန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနေရာမှာ အဆင့်နိမ့်တဲ့ ကိုယ်စားလှယ် တစ်ယောက်နဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်နေပြီး စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး အဆင့်လျှော့ချဖို့ စီစဉ်တဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရူယာမာဟာ မကြာခင် သူ့ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး…