နိုင်ငံတကာ

ဂါဇာနဲ့ လက်ဘနွန်မှာ တိုက်ခိုက်မှု အစ္စရေး အရှိန်မြှင့်

ဒီယာအယ်လ်ဘာလာ၊ အောက်တိုဘာ ၇ အရှေ့အလယ်ပိုင်းဒေသတဝန်းရှိ အီရန် ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ စစ်ပွဲအတွင်း ဂါဇာမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက အရှိန်မြှင့် ဗုံးကြဲ တိုက်ခိုက်နေပြီး အောက်တိုဘာ ၆ ရက်မှာပဲ ဘေရွတ်မြို့ ဆင်ခြေဖုံး ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ ဗလီတစ်လုံး တိုက်ခိုက်ခံရပြီး လူ ၁၉ ဦးထက် မနည်း…

အစ္စရေးကို တိုက်ခိုက်ဖို့ မဟာမိတ်တွေအား အီရန်ခေါင်းဆောင် တိုက်တွန်း

တီဟီရန်၊ အောက်တိုဘာ ၅ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အများရှေ့ ပထမဆုံး ပြန်ပေါ်လာပြီး အစ္စရေး ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တုံ့ပြန်တိုက်ခိုက်တာ ဖြစ်လို့ တရားဝင်တယ်လို့ ပြောကြားကာ အစ္စရေးကို ပူးပေါင်းဆန့်ကျင် တိုက်ခိုက်ကြဖို့ မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ငါးနှစ်အတွင်း ပထမဆုံး…

ယီမင်ရှိ ဟူသီအဖွဲ့ကို အမေရိကန်က စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်

ဝါရှင်တန်၊ အော်တိုဘာ ၅ ယီမင်နိုင်ငံရှိ အီရန် ထောက်ပံ့ပေးထားတဲ့ ဟူသီအဖွဲ့ရဲ့ ပစ်မှတ် ၁၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောကြားလိုက်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် ကာကွယ်ရေး စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောပါတယ်။ မြို့တော် ဆာနား အပါအဝင် ယီမင်နိုင်ငံရဲ့ အဓိက…

အချုပ်အခြာအာဏာ ထိပါးရင် နျူလက်နက် သုံးမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ခြိမ်းခြောက်

ဆိုးလ်၊ အောက်တိုဘာ ၄ မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ဖို့ ရန်သူက အင်အားသုံး ကြိုးပမ်းလာရင် နျူကလီးယား လက်နက်တွေ အပါအဝင် အသုံးပြုလို့ရသမျှ တိုက်ခိုက်ရေး အင်အားအားလုံးကို အသုံးပြုဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၄ ရက်မှာ ဖော်ပြပါတယ်။…

မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့တွေ အင်ဒိုနီးရှားမှာ တွေ့ဆုံဆွေးနွေး

ဂျာကာတာ ၊ အောက်တိုဘာ ၄ လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ညီလာခံ မတိုင်ခင် မြန်မာ့ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို အင်ဒိုနီးရှားက လက်ခံကျင်းပမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား အကြီးတန်းသံတမန် တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ…

အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို မတိုက်ဖို့ ဘိုင်ဒန် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၃ အစ္စရေးကို အီရန်က ဒုံးကျည် အစင်းပေါင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက လက်စားချေ တိုက်ခိုက်နိုင်ခြေအပေါ် ကန့်ကွက်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။…

ကုလ အထွေထွေအတွင်းရေးမှူးချုပ်ကို အစ္စရေး ပြည်ဝင်ခွင့်ပိတ်ပင်

ဂျေရုစလင်၊ အောက်တိုဘာ ၃ မြို့တော် တဲလ်အဗစ်ကို အီရန်ရဲ့ တိုက်ခိုက်မှုအပြီး ချက်ချင်း ဆိုသလို ထွက်ပေါ်လာတဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကို ပြည်ဝင်ခွင့် တားမြစ်လိုက်ကြောင်း အစ္စရေးက အောက်တိုဘာ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။ အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံအားလုံး နီးပါးက ပြစ်တင် ရှုတ်ချထားချိန်မှာ…

အီရန်ရဲ့ တိုက်ခိုက်မှုအတွက် အစ္စရေးက လက်စားချေမယ်လို့ ကြွေးကြော်

ဂျေရုစလင်၊ အောက်တိုဘာ ၂ အောက်တိုဘာ ၁ ရက်မှာ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အတွက် ပြန်လည် ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကြွေးကြော်လိုက်ပါတယ်။ အစ္စရေးအနေနဲ့ လက်တုံ့ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ ပျက်စီးကိန်းနဲ့ ကြုံရလိမ့်မယ်လို့ အီရန်က ပြန်လည် ခြိမ်းခြောက်ထားတာကြောင့် ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်ပွားလာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အစ္စရေး…

နျူလက်နက် အသုံးပြုရင် မြောက်ကိုရီးယားရဲ့ နိဂုံးချုပ် ဖြစ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ သတိပေး

ဆိုးလ်၊ အောက်တိုဘာ ၂ တောင်ကိုရီးယားက စစ်ရေးပြပွဲ ပြုလုပ်ပြီး သူတို့ရဲ့ စစ်အင်အားကို ထုတ်ပြချိန်မှာ သမ္မတ ယွန်ဆွတ်ယိုလ်က မြောက်ကိုရီးယားအနေနဲ့ မိမိတို့ကို နျူကလီးယား လက်နက် အသုံးပြု တိုက်ခိုက်လို့ရှိရင် ပြုံးယမ်းအစိုးရရဲ့ နိဂုံးချုပ် ဖြစ်သွားလိမ့်မယ်လို့ အောက်တိုဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဆိုးလ်မြို့မှာ တိုက်လေယာဉ်တွေ ပျံသန်းပြီး လမ်းမတွေပေါ်မှာ သံချပ်ကာကားတွေကို ထုတ်ဖော်ပြသခဲ့တဲ့…

ထိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာ ဘတ် ၄၀၀ အထိ တိုးပေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၂ အခုနှစ်အကုန် ထိုင်းနိုင်ငံတဝန်းလုံးမှာ အနည်းဆုံး လုပ်ခလစာကို ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီး ဖီဖတ် ရက်ချာကစ်ဖရန်ခန်က ပြောကြားလိုက်ပါတယ်။ ပါတီ သုံးရပ်ပါဝင်တဲ့ လုပ်ခလစာဆိုင်ရာကော်မတီ အနေနဲ့ လောလောဆယ်မှာ အဖွဲ့ဝင် နှစ်ဦး တရားဝင် ခန့်အပ်မယ့် အချိန်ကို စောင့်ဆိုင်းနေပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့…