သဘာဝပတ်ဝန်းကျင်

မလေးရှားနိုင်ငံ ဆီလန်ဂေါမှာမြေပြိုမှုဖြစ်ပွား၊ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် ၁၈ဦးသေဆုံး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ(၁၇) မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့အနီးက ဆီလန်ဂေါပြည်နယ် အပန်းဖြေစခန်းချရာတောင်ကုန်း တစ်ခုက အော်ဂဲနစ်စိုက်ခင်းတစ်ခုအတွင်း မြေပြိုကျလို့ လူပေါင်းတစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူတွေအများပြားရှိနေပါတယ်။ မြေပြိုကျမှုဟာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ကွာလာလမ်ပူရဲ့မြောက်ဘက် ကီလိုမီတာ 50 (မိုင် ၃၀ခန့်)အကွာမှာရှိတဲ့ ဆီနီဂေါပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ရေတံခွန်တွေနဲ့ သဘာဝအလှတရားတွေကြောင့် လူသိများတဲ့ Genting Highlands ရဲ့ တစ်ဖက်မှာရှိတဲ့ ဘတ်တန်မြို့မှာ…

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် လူထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေရ

ဂျာဗား – ဒီဇင်ဘာ(၆) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားက ကျွန်းတစ်ကျွန်းမှာ အမြင့်ဆုံးမီးတောင်ပေါက်ကွဲပြီးနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက မီးတောင်ရဲ့ (၈) ကီလိုမီတာအတွင်း သွားလာ ခွင့်မပြုဖို့ ဇုံသတ်မှတ်ထားပြီး ရွာခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ ပြည်နယ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီက ဆီမီရူ တောင်အနီးက အဆိုးရွားဆုံး ထိခိုက် တဲ့နေရာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ဖြန့်ကျက်ထားပြီး မိုးရွာသွန်းမှုနည်းပါးသွားရင် အန္တရာယ်လျော့နည်းသွားမှာဖြစ်တယ်လို့…

တောမီးငြိမ်းသတ်ဖို့ ကြိုးစားသူကို မီးရှို့သူလို့ စွပ်စွဲပြီးသတ်ဖြတ်ခဲ့တဲ့ လူ ၄၉ ဦး သေဒဏ်ချခံရ

အယ်လ်ဂျီးရီးယား၊ နိုဝင်ဘာ (၂၆) ပြီးခဲ့တဲ့နှစ်က တောမီးရှို့တဲ့သူဆိုပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို မှားယွင်းစွာ သတ်ဖြတ်ခဲ့တဲ့ လူ ၄၉ ဦးကို အယ်လ်ဂျီးရီးယားတရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သေဒဏ်ပေးမှုတွေကို ဆိုင်းငံ့ထားတဲ့အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ချနိုင် ဖွယ်ရှိနေတာပါ။ ၂၀၂၁ ခုနှစ်မှာ အယ်လ်ဂျီးရီးယားနိုင်ငံရဲ့သမိုင်းမှာ အဆိုးရွားဆုံးမီးလောင်ကျွမ်းမှုကို ကြုံတွေ့ခဲ့ပြီး လူဦးရေ (၉၀) သေဆုံးခဲ့ရတဲ့…

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ (၂၀) လောက်သေဆုံး

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ (၂၀) လောက်သေဆုံး ဂျာကာတာ – နိုဝင်ဘာ(၂၂) အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အနောက်ဘက် ဂျာဗား ခရိုင်ဒေသန္တရမှာ မက္ကနီကျု ၅.၆ အထိရှိ တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူ(၂၀) လောက်သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေ က ပြောပါတယ်။ အစိုးရအာဏာပိုင်တစ်ဦးက ဂျာဗား အနောက်ဘက်ရှန်နယောမြို့မှာ ငလျင်ဗဟိုချက်တည်ခဲ့ တာဖြစ်ပြီး လူ(၃၀၀)…

ဩစတြေးလျနိုင်ငံမှာ ရေလွှမ်းမိုးမှု ပိုမိုဆိုးရွားလာဖွယ်ရှိနေ

ဆစ်ဒနီ – အောက်တိုဘာ(၁၉) မိုးဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မိုးလေဝသသတိပေးချက်ကြောင့် ဩစတြေးလျ အရှေ့တောင်ပိုင်းတဝှမ်းမှာ နေထိုင်သူတွေဟာ ရေကြီးမှုဒဏ်ကို ပိုမိုဆိုးရွားစွာခံစားလာရနိုင် တယ်လို့ ဆိုနေကြပါတယ်။ New South Wales နဲ့ Victoria ပြည်နယ်နှစ်ခုကြား နယ်နိမိတ် ဩစတြေးလျရဲ့ အရှည်ဆုံးမြစ် ဖြစ်တဲ့ Murray (မာရေးမြစ်) ဟာ နှစ်(၃၀) နီးပါးအတွင်းအမြင့်ဆုံးရေမှတ်ကို ရောက်ရှိလာနေတဲ့ အတွက် ဒေသခံ(၂)…

ဆွန်ကာ မုန်တိုင်းကြောင့် ထိုင်းမှာ ရေလွှမ်းမိုးမှုတွေ ပိုမို ဆိုးရွားလာနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်

ဘန်ကောက် – အောက်တိုဘာ (၁၆) ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်၊အရှေ့ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီနေ့ အောက်တိုဘာ (၁၅) ရက်နေ့မှာ ဝင် ရောက် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Sonca ကြောင့် မိုးသည်းထန်စွာ ရွာသည်းနိုင်ချေရှိနေပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင် တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမိုးလေဝသထုတ်ပြန်ချက်မှာ မုန်တိုင်းဟာ ထိုင်းနိုင်ငံ ခွန်ခန်း၊မဟာဆာရာခန်နဲ့…

ကမ္ဘောဒီးယားမှာ လှေတိမ်းမှောက်မှုကြောင့် ကလေးငယ် (၁၄) ဦးသေဆုံး

ဖနွမ်းပင်၊ အောက်တိုဘာ (၁၆) ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှာ အင်္ဂလိပ်စာသင်တန်းကနေ အိမ်ပြန်လာတဲ့ ကလေး ငယ်တွေကို တင်ဆောင် လာတဲ့ လှေတစ်စင်းနစ်မြုပ်ခဲ့မှုကြောင့် အနည်းဆုံးကလေးငယ်(၁၄)ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီလှေငယ်ဟာ ဝန်ပိုတင်ဆောင်ခဲ့တာ ဖြစ်ပြီး အခင်းဖြစ်ပွားရာ ကမ္ဘောဒီးယားနိုင်ငံ အရှေ့ တောင်ပိုင်းကန်ဒယ်ခရိုင်ဒေသန္တရကမဲခေါင်မြစ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က လည်း ဒီရေမြင့်တက်လာခဲ့သေးတယ်လို့ ဆိုပါတယ်။ ခရိုင်‌ဒေသန္တရ…

ရာသီဥတုပူနွေးမှုဆိုင်ရာ မေးခွန်းတွေကို ရှောင်တိမ်းခဲ့တဲ့ ကမ္ဘာ့ဘဏ်အကြီးအကဲ နုတ်ထွက်ဖို့ ဖိအားပေးခံရ

ဝါရှင်တန် – စက်တင်ဘာ(၂၃) ဓာတ်ငွေ့လုတ်လွှတ်မှုတွေဟာ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောဆိုဖို့ အကြိမ်များစွာ ငြင်းဆိုခဲ့တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌကို ဖယ်ရှားပေးဖို့ ရာသီဥတုဆိုင်ရာ လှုပ်ရှား နေကြတဲ့အဖွဲ့တွေက စက်တင်ဘာလ(၂၁) ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ရာသီဥတုကြပ်အတည်းအတွက် ဒေးဗစ်မဲလ်ပက်စ်ကို ရာထူးက နုတ်ထွက်ဖို့ ဒါမှမဟုတ် ဖယ်ရှားပေးဖို့ အရင်ထဲက တောင်းဆိုနေကြတာပါ။ “ကမ္ဘာ့ဘဏ်ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ရာသီဥတုဆိုင်ရာ ရန်ပုံငွေဟာ…

ဟာရီကိန်း ဖီအိုနာကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

ဆွန်ဟွန်၊ စက်တင်ဘာ (၂၀) ဟာရီကိန်း ဖီအိုနာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ(၈၅) မိုင်နှုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေလွှမ်းမိုးမှုကပ်ဘေးလည်း ခံရနိုင်ဖွယ်ရှိနေကြောင်း ဆန်ဂျူအန်မိုးလေဝသဌာန က သတိပေးခဲ့ပါတယ်။ ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဟာ ပွန်တာကိုကွန်အနီးမှာရှိတဲ့ ပွာတိုရီကိုရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ကုန်း တွင်းပိုင်းကို ညနေသုံးနာရီ မိနစ်၂၀အချိန်က ဝင်ရောက်ခဲ့တာ…

ပါကစ္စတန် ရေကြီးမှုကြောင့် သေဆုံးသူ ၁,၅၀၀ နီးပါးရှိခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်နေ

ကရာချီ ၊ စက်တင်ဘာ(၁၇) ပါကစ္စတန်မှာ မကြုံစဖူး ရေကြီးမှုကြောင့် လူပေါင်း ၁,၅၀၀ နီးပါး သေဆုံးခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ပြီးနောက်မှာ သိန်းနှင့်ချီတဲ့ လူတွေဟာ လေဟာပြင်တွေမှာ အကာအရံမဲ့ အိပ်စက်နေရဆဲ ဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မုတ်သုံမိုးရွာသွန်းမှုနှင့် မြောက်ပိုင်းတွင် ရေခဲတောင်များ စံချိန်တင်အရည်ပျော်မှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ လူဦးရေ သန်း…