မှုခင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တော်ဝင်မိသားစုစော်ကားမှုနဲ့ အရေးယူခံရနိုင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို အစိုးရရှေ့နေချုပ်က တော်ဝင်မိသားစုကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်အရေးယူဖို့ စဉ်းစားနေတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုနဲ့ ပတ်သက်ပြီး သက်ဆင်ကို တိုင်ကြားထားတာဖြစ်ပြီး သူ့ရဲ့ ညီမဦးဆောင်တဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် စစ်အစိုးရက…

သထုံမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီး

သထုံ၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ် သထုံမြို့နယ် ညာဓဝယ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် အမှတ်(၄၀၂) အမြောက်တပ်ကနေ…

ထိုင်းအတိုက်ခံခေါင်းဆောင် ဖိထာ တရားဥပဒေဆိုင်ရာ ပြဿနာတွေနဲ့ ပိုမိုရင်ဆိုင်လာရ

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ဖိထာနဲ့အတူ နိုင်ငံရေးသမား ၇ ဦးကို ၂၀၁၉ ခုနှစ်က တရားမဝင်လူထုစုဝေးမှုနဲ့ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆိုင်းငံ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ Move Forward ပါတီရဲ့ တော်ဝင်ဥပဒေကိုပြင်ဆင်ဖို့ကြိုးပမ်းခဲ့တဲ့လုပ်ရပ်ဟာ နန်းတော်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ…

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းနဲ့ ဇနီတို့ကို တရားမဝင်လက်ထပ်မှုနဲ့ ထောင် ၇ နှစ်ချခံရ

အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၆ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှရာ ခန်းတို့ရဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်မှုဟာ ဥပဒေချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်စီနဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၀၀ ချမှတ်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာပါတီက ပြောပါတယ်။ အခုပြစ်ဒဏ်ဟာ ဒီတစ်ပတ်အတွင်း အီမရန်ခန်းအပေါ် တတိယအကြိမ်မြောက် ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး သူပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့…

ဒီးမော့ဆိုမှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ ကလေး ၄ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရ

ဒီးမော့ဆို ၊ ဖေဖော်ဝါရီ ၅ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ စစ်ရှောင်စာသင် ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦး သေဆုံး ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စာသင်ကျောင်းကို…

ထောင်ကထွက်ပြေးလာတဲ့ အီတလီမာဖီးယားခေါင်းဆောင် ချစ်သူနဲ့ညစာစားစဉ် ဖမ်းဆီးခံရ

ပါရီ ၊ ဖေဖော်ဝါရီ ၄ လုံခြုံရေးအမြင့်မားဆုံးချထားတဲ့ အကျဉ်းထောင်ကနေ အိပ်ယာခင်းတွေ ပူးချည်ပြီး နံရံကို ကျော်တက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အီတလီမာဖီးယားခေါင်းဆောင်တစ်ဦးကို ပြင်သစ်နိုင်ငံမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ အီတလီနိုင်ငံတောင်ပိုင်း ပူဂလီယာဒေသက ဂါဂနို မာဖီးယားဂိုဏ်းရဲ့ အသက် ၄၀ အရွယ် ခေါင်းဆောင် မာကိုရာဒူအာနိုဟာ သူ့ရဲ့ချစ်သူလို့ ယူဆရတဲ့ အမျိုးသမီးအဖော်တစ်ဦးနဲ့အတူ ဖေဖော်ဝါရီ ၁…

ယူကရိန်းအရာရှိ ၅ ဦး စစ်ပွဲရန်ပုံငွေဒေါ်လာသန်း ၄၀ ခိုးမှုနဲ့ ဖမ်းဆီးခံရ

ကိဗ်၊ ဇန်နဝါရီ ၃၀ ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမယ့် ရန်ပုံ ငွေထဲက အမေရိကန်ဒေါ်လာသန်း ၄၀ ခိုးယူတယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်းအရာရှိ ၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်တွေဟာ ယူကရိန်းလက်နက်လုပ်ငန်းတစ်ခုနဲ့ပူးပေါင်းပြီး မော်တာကျည် တစ်သိန်းဝယ်ယူဖို့ လျာထားတဲ့ပိုက်ဆံတွေကို ခိုးယူခဲ့တာကြောင့် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဌာနက ဆိုထားပါတယ်။ အမေရိကန်က ယူကရိန်းကို ဆက်လက်အကူအညီပေးရေး၊မပေးရေးနဲ့…

ရှေ့နေ ဒေါ်ခင်နှင်းဌေးအပါအဝင် ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီကို ရှေ့နေအဖွဲ့ ရှုတ်ချ

မော်လမြိုင် – ဇန်နဝါရီ ၂၅ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် ဥပဒေတာဝန်ခံ ရှေ့နေ ဒေါ်ခင်နှင်းဌေး(ခ) မအိမ်ဂျယ် အသက် ၃၀ နှစ်နဲ့ မဲအိုးကျေးရွာဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်က ရှုတ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ဘီလူးစစ်ကြောင်းလို့ အမည်ခံထားတဲ့ အင်အား ၁၀၀…

စစ်တပ်လက်နက်ကြီးကြောင့် ယောဒေသမှာ  ၄ ဦးသေဆုံး

ဂန့်ဂေါ – ဇန်နဝါရီ ၂၂ မကွေးတိုင်း၊ဂန့်ဂေါခရိုင် ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အနောက်ဂန့်ဂေါကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့ပြီး သားအမိနှစ်ဦးသေဆုံးခဲ့ကာ ထီးလင်းမြို့နယ် တောရောင်းရွာမှာလည်း ဇန်နဝါရီလ ၂၁ ရက်နေ့ က…

ဘန်ကောက်မှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေ ရေခဲသေတ္တာထဲတွေ့ရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘန်းခွန်သီယန်ဒေသမှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသား တစ်ဦးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲမှာ တွေ့ရှိထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘန်ကောက်မြို့တောင်ဘက် အစွန်ဆုံးဒေသမှာရှိတဲ့ အဆောက်အဦး တခုရဲ့ လေးလွှာမှာရှိတဲ့ အခန်းထဲက အဖြူရောင်ရေခဲသေတ္တာတစ်လုံးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ရေခဲသေတ္တာထဲမှာ ခြေထောက်ကိုတွေ့ရှိခဲ့တာဖြစ်ပြီး အခန်းထဲနဲ့ ရေချိုးခန်းထဲမှာလည်း သွေး…