မှုခင်း

စေတုတ္တရာမှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေ

စေတုတ္တရာ – ဖေဖော်ဝါရီ ၂၆ မကွေးတိုင်း၊စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၁၀၃ လုံးမီးလောင်ခဲ့ ကာ ပြည်သူတွေလည်း ရွာမှာမနေရဲတောဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ ပြည်သူပိုင်နေအိမ်တွေကို စေတုတ္တရာမြို့မရဲစခန်း၊စေတုတ္တရာ ကပစ ၂၀၊…

ညောင်လေးပင် စစ်တပ်လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး သေဆုံး

ညောင်လေးပင်၊ ဖေဖော်ဝါရီ ၂၆ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ် ကောက်မယ့်သူကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ကောက်မယ့်သူကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် စောခဲထူးနဲ့နော်စန်းစန်းမြင့်တို့…

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲ

ထားဝယ်၊ ဖေဖော်ဝါရီ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဝကုန်းကျေးရွာကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ထားဝယ်-ထီးခီးလမ်းအတိုင်း တပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား ဒီနေ့ မနက်ပိုင်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲဟာ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး…

ကျိုက်ထိုမှာ အမျိုးသားတစ်ဦး မြေမြှုပ်နင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာအနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးဟာ တံမြက်စည်းလုပ်တဲ့ နတ်မြှားတံ တောထဲလိုက်ချိုးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့…

ဘန်ကောက်မှာ မြန်မာလုပ်ငန်းရှင်တစ်ဦးသတ်ဖြတ်ခံရ၊ တရားခံတွေကို အင်တာပိုလ်နဲ့ဖမ်းဆီးဖို့ ကြိုးပမ်းနေ

ဘန်ကောက် – ဖေဖော်ဝါရီ ၁၆ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့အဆင့်မြင့်ကွန်ဒိုအခန်းတစ်ခုမှာ မြန်မာနိုင်ငံသားလုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိရေး ထိုင်းရဲတပ် ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အစောပိုင်းသတင်းတွေမှာ သံသယရှိသူတွေဟာ စကော့တလန်နိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြ ထားပေမယ့် ကင်မရွန်းနိုင်ငံသားတွေဖြစ်တဲ့ အမျိုးသားနှစ်ဦးဟာ သေဆုံးသူဆီက ဘတ်ငွေ ငါးသန်းကိုယူပြီး စင်္ကာပူနိုင်ငံကိုထွက်ပြေးသွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုထားပါ…

ဂန်ံဂေါဒေသခံ ၁၀ ဦးကို မြောက်ခင်ရန်းရွာက ပျူစောထီးတွေထပ်မံသတ်ဖြတ်

ဂန့်ဂေါ – ဖေဖော်ဝါရီ ၁၄ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသခံ ၁၀ ဦးကို မြောက်ခင်ရန်းကျေးရွာအခြေစိုက် ပျူစောထီး တွေက ထပ်မံသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မြောက်ခင်ရန်းကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက သင်တော၊ရွှေဘိုနဲ့ ရေသာ ကျေးရွာက ပြည်သူတွေကို သတ်ဖြတ်သွားတာပါ။…

ပျူစောထီးကျေးရွာကို ပြည်သူနဲ့ပူးပေါင်းဖို့ စည်းရုံးတဲ့ ဦးဇင်းတပါး အသတ်ခံရ

ဂန့်ဂေါ – ဖေဖော်ဝါရီ ၁၃ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ပျူစောထီးကျေးရွာကို အလံဖြူထောင်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့ စည်းရုံးခဲ့တဲ့ ဆရာတော်တစ်ပါးကို ပျူစောထီးတွေက သတ်ဖြတ်ပစ်လိုက်တယ်လို့ ဒေသခံတွေ က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဟံသာဝတီကျေးရွာက ဦးပညာဝရ (ခ) ဦးဇင်းကျော်လွှား ကို သတ်ဖြတ်ပြီးနောက် ဟံသာဝတီကျေးရွာကို ပြန်ပို့လိုက်တာပါ။ ကျေးရွာအတွင်း စားနပ်ရိက္ခာနဲ့ လူသုံးကုန်…

ဂါဇာမှာ အစ္စရေးစစ်သားတွေ နိုင်ငံတကာဥပဒေချိုးဖောက်နေ

ဂါဇာ ၊ ဖေဖော်ဝါရီ ၁၁ အစ္စရေးစစ်သားတွေဟာ ဖမ်းဆီးရမိထားတဲ့ ဂါဇာဒေသခံတွေကို ကိုယ်လုံးတီးချွတ်၊မျက်စိတွေ ပိတ်ထားပြီး ဖားခုန်ခိုင်းထားတဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေတာကြောင့် အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ နိုင်ငံတကာ ဥပဒေအရဖမ်းဆီးထိန်းသိမ်းထားသူတွေကို မလိုအပ်ဘဲ အရှက်ခွဲတာ ဒါမှမဟုတ် လူ့အများရှေ့ ဖော်ပြတာမျိုးမလုပ်ရဘူးလို့ တားမြစ်ထားတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှာ…

ပါကစ္စတန်မှာ ရွေးကောက်ပွဲအကြိုနေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦးသေဆုံး

ကရာချီ၊ ဖေဖော်ဝါရီ ၉ ပါကစ္စတန်နိုင်ငံအနောက်တိုင်ပိုင်းမှာရှိတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးခန်းအပြင်မှာ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးသိန်းကျော်ချထားသလို အရာရှိတွေက မဲရုံပေါင်း ၉ သောင်းကျော်ထံ မဲစာရွက်တွေ…

ရှားတောမှာ စစ်ကောင်စီက ကိုယ်ဝန်ဆောင်အပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့

ရှားတော – ဖေဖော်ဝါရီ ၈ ကရင်နီပြည်နယ် ရှားတောမြို့နယ်မှာ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် စစ်ရှောင် ၇ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် လမ်းခုလတ်မှာ အားလုံးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ရှောင် ၈ ဦးကို လမ်းပြအဖြစ်ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ကိုယ်ဝန်သည်တစ်ဦး၊အမျိုးသမီး…