မှုခင်း

MCL ဘိလပ်မြေစက်ရုံမှတည်ဆောက်ရေးအလုပ်သမားများ လုပ်ခလစာမရသည့်အတွက် စုပေါင်းတောင်းဆို

ကျိူက်မရော၊ အောက်တိုဘာ၁၉ MCL ဘိလပ်မြေစက်ရုံမှ တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ လုပ်ငန်းများအပ်နှံ ပြီးစီးသော်လည်း လုပ်အားခများ ရှင်းလင်းပေးခြင်းမရှိသောကြောင့် တရုတ်ကုမ္ပဏီ Citic ရုံးခန်းရှေ့တွင် အောက်တိုဘာလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်တောင်းဆိုခဲ့ကြောင်း သိရသည်။

ယောက္ခမဖြစ်သူကို သားမက်က သတ်သည့် လူသတ်မှုပေါင်မြို့တွင်ဖြစ်ပွား

ပေါင်၊ အောက်တိုဘာ ၁၉ ယောက္ခမအိမ်တွင် တစ်အိမ်တည်းအတူနေထိုင်သည့် သားမက်ဖြစ်သူက ခိုက်ရန်ဖြစ်ပွားစဉ် တံစင်း သံချွန်ဖြင့်ထိုးသတ်ထွက်ပြေးသွားသည့်အမှုဖြစ်စဉ်တစ်ခု အောက်တိုဘာ(၁၉) ရက်နေ့က ပေါင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် ဘိန်းစားရွက်ပင်များနှင့် လက်လုပ်သေနတ်များဖမ်းဆီးရမိ

သံဖြူဇရပ်၊ အောက်တိုဘာ ၁၉ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ကလိန်းပဒေါကျေးရွာတွင် အောက်တိုဘာ (၁၈)ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်အေးမင်းထွန်းဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့် အတူ သတင်းအရ ဘိန်းစားရွက်ပင်များ စိုက်ပျိုးထားကြောင်းသိရှိရ၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ပန်းရောင်းသည့် မိန်းကလေးငယ်အား ကားတင်ပြေး အဓမ္မပြုကျင့်ကာ KTV ဆိုင်ပို့ခဲ့သည့် ကိစ္စ သက်ဆိုင်ရာမှအရေးယူမှု အားနည်းနေ၍ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးဟုဆို

ကျိုက်မရော၊ အောက်တိုဘာ ၁၇ ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သည့်အမှုအား တရနာရဲစခန်းမှ တာဝန်ရှိသူများမှ သံသယရှိ သူများကို အရေးယူဆောင်ရွက်ထားသော်လည်း တစ်လအကြာအထိ စုံစမ်းဖော်ထုတ်မှု တစ်စုံ တစ်ရာမျှ မရရှိသေးကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ကျွဲ(၂၆)ကောင်အား ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်၊ ဝါးခရူကျေးရွာအောက်ပိုင်း အုတ်ဖိုလမ်း၊ သင်္ချိုင်းအနီးတွင် တရားမဝင်ကျွဲများ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ပေါင်သဲဖြူကုန်းတွင် (၁၇)နှစ်အရွယ်လူငယ်ထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ပေါင်၊ စက်တင်ဘာ ၂၄ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု သိုးကျရွာရှိ အင်ကြင်းစိမ်းစားသောက်ဆိုင်တွင် လာရောက် စားသောက်သူတစ်ဦးထံမှ မူးယစ်ဆေးပြားများကို သထုံခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ နယ်မြေခံရဲတို့ ပူးပေါင်း ပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အရက်မူးပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

သံဖြူဇရပ်၊ စက်တင်ဘာ၂၄ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် စက်တင်ဘာလ(၂၁)ရက်နေ့ညက အရက်မူးရာမှ စကားများ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကလေးမုဒိမ်းဖြစ်စဉ်အတွက် ဘယ်လိုကာကွယ်သင့်သလဲ

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ကုလေးမုဒိမ်းဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသလို မွန်ပြည်နယ် တွင်လည်း မကြာခဏဆိုသလို ကုလေးမုဒိမ်းမှုဖြစ်စဉ်များ သတင်းမီဒီယာများတွင် နေရာယူနေသည် ကို တွေ့ရမည်ဖြစ်ပါသည်။ ကလေးမုဒိမ်းဖြစ်စဉ်မဖြစ်ပေါ်ရေးအတွက် မည်ကဲ့သို့ ကာကွယ်သင့် ကြောင်း နယ်ပယ်အသီးသီးမှ ပြည်သူများ၏အသံကို သံလွင်တိုင်းမ်ဂျာနယ်မှ စုစည်းဖော်ပြလိုက်ရပါ သည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၁၆ ခုနှစ် ရှစ်လအတွင်း မှုခင်းပေါင်း(၁၅၅)မှုဖြစ်ပွား

ကျိုက်မရော၊ စက်တင်ဘာ ၆ ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မှုခင်းပေါင်း (၁၅၅)မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။<!--more--> ဖြစ်ပွားခဲ့သော မှုခင်းပေါင်း(၁၅၅)မှုတွင် လူသက်မှု(၅)မှု၊ ယာဉ်တိုက်မှု(၃၉)မှု၊ သာမန်နာကျင်စေမှု(၅)မှု အခြားအမှု(၃၃)မှု၊ လက်နက်မှု(၄)မှု၊ ချဲသုံးလုံး(၁)မှု၊ ချဲနှစ်လုံး(၁)မှု၊ လောင်းကစားမှု(၁)မှု၊ မူးယစ်ဆေးဝါး မှု(၉)မှု၊ ခြေချူပ်မှု(၄)မှု၊ ရဲအက်(၂၃)မှုတို့ဖြစ်ပြီး ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ “မှုခင်းတွေအများကြီးဖြစ်နေတာတော့…

သက်ငယ်မုဒိမ်းမှု သထုံမြို့တွင် ဖြစ်ပွား

သထုံ၊ စက်တင်ဘာ ၃ သထုံမြို့တွင် အသက်(၁၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သထုံမြို့နယ် ရဲစခန်းမှ သိရသည်။