မှုခင်း

ပအိုဝ်းဒေသကို လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကောင်စီဖျက်ဆီးနေတယ်လို့ PNLA အသိပေး

ဆီဆိုင် – မတ် ၂၀ ပအိုဝ်းဒေသကို စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေသလို မတ်လ ၁၉ ရက်နေ့မှာလည်း လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဆိုက်ခေါင်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ဆီဆိုင်မြို့ ကို အချက်ပေါင်း ၂၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ရဲ့ လမ်းမကြီးပေါ်တွေနဲ့ ကျေးရွာ…

စစ်ကောင်စီကျင်းပတဲ့ မွန်ပြည်နယ်နေ့အခမ်းအနား လောင်းကစားဝိုင်း ထည့်သွင်း

မော်လမြိုင်၊ မတ် ၂၀ နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားမှာ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီခွင့်ပြုချက်နဲ့ အကြီးအကျယ် ထည့်သွင်းကျင်းပနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနားကို အကြောင်းပြပြီး စစ်ကောင်စီဟာ တရားမဝင် လောင်းကစားဝိုင်းတွေကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကတည်းက ထည့်သွင်းကျင်းပခွင့်ပေးအပ်ထားတာပါ။…

ထားဝယ်ထောင်မှာ အကျဉ်းသား ၂၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံရ

ထားဝယ်၊ မတ် ၂၀ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၂၀ ကျော် ရိုက်နှက်တိုက်ပိတ်ခံရတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နဲ့ ၁၅ ရက်နေ့တို့မှာ ထားဝယ်အကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်၊ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ပူးပေါင်းတပ်ဖွဲ့တွေက…

ကျောက်ကြီးမှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံး

ကျောက်ကြီး၊ မတ် ၁၉ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်လခွဲအတွင်း အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ရေးကော်မတီ လယ်ဒိုကော်ဆာက ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ မတ်လ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်၊…

ဝေါမှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ဝေါ၊ မတ် ၁၆ ပဲခူးတိုင်း ဝေါမြို့နယ် ငှက်ပျောတပင်သောင်ပြင်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ အုတ်ဖိုကျေးရွာနေ ဦးသောင်းဟန်နဲ့ဒေါ်ကေသီရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး…

သင်္ကန်းညီနောင်မှာ စစ်ရှောင်အမျိုးသားတစ်ဦး လည်လှီးသတ်ဖြတ်ခံရ

မြဝတီ၊ မတ် ၁၅ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်ဒေသမှာ နေရပ်ပြန်လာပြီး ပစ္စည်းလာယူတဲ့ စစ်ရှောင်အမျိုးသား တစ်ဦး လည်လှီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က နေရပ်ပြန်လာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားဟာ ရွာသစ်ကျေးရွာ ပိတောက်လမ်းကြား မြောင်းထဲ လည်လှီးသတ်ဖြတ်ခံရပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။…

ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ဆီဆိုင် – မတ် ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLA က သတင်း ထုတ်ပြန်ထားပါတယ်။ ဒီနေ့ မတ်လ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဟာ အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာရှိတဲ့…

ပခုက္ကူမှာ စာသင်ကျောင်းကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲ၊ ကျောင်းဆရာတစ်ဦးသေဆုံး

ပခုက္ကူ – မတ် ၁၄ မကွေးတိုင်း၊ပခုက္ကူမြို့နယ် လေးတိုင်ရွာစာသင်ကျောင်းကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းဆရာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ လေးတိုင်ရွာ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာပါ။ “လေကြောင်းကနေ သုံးခါလောက်ကြဲချပြီးတော့မှ စက်လက်တွေနဲ့…

တနင်္သာရီမှာ တစ်ရက်တည်း ဒေသခံ ၂ ဦး မိုင်းထိလို့ ခြေထောက်ပြတ်

ထားဝယ်၊ မတ် ၁၂ တနင်္သာရီတိုင်း ထားဝယ်နဲ့သရက်ချောင်းမြို့နယ်တို့မှာ မနေ့ မတ် ၁၁ ရက်နေ့ တစ်ရက်တည်း ဒေသခံ ၂ ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်မြို့နယ် ဇဟာကျေးရွာနေ အသက် ၆၀ အရွယ် ဒေါ်နှင်းမူဟာ နေအိမ်က သူပိုင်တဲ့ သီဟိုဠ်ခြံကိုသွားပြီး သီဟိုဠ်စေ့သွားကောက်ချိန် ခြံထဲမှာပင် မြေမြှုပ်မိုင်းနင်းခဲ့တာပါ။…

ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံးမှု အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ပြော

မော်စကို၊ မတ် ၁၂ သေဆုံးသွားပြီဖြစ်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်စီနာဗယ်နီဟာ ထောင်ထဲမှာရုတ်တရက် မသေဆုံးခင် လပိုင်းအလိုကတည်းက သူအဆိပ်ခတ်ခံလိုက်ရပြီလို့ထင်ကြောင်း ပြောကြားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ နာဗယ်နီအတွက် ၁၆နှစ်အကြာ ရှေ့နေလိုက်ပေးခဲ့တဲ့ အိုဂါ မီခေးလ်လိုဗာက ၂၀၂၃ ဧပြီလအတွင်း နာဗယ်နီနဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ရုရှားသတင်းဌာန Meduzaသို့ ပြောကြားခဲ့တာပါ။ အဲဒီအချိန်မှာ နာဗယ်နီက “သူတို့ကျွန်တော့်ကို အဆိပ်ခတ်ဖို့…