မှုခင်း

တရားရုံးနှုတ်မိန့် ချိုးဖောက်မှုကြောင့် ဒေါ်နယ်လ်ထရန့် ဒဏ်ငွေချမှတ်ခံရ

နယူးယောက်- အောက်တိုဘာ ( ၂၂) တရားရုံး နှုတ်အမိန့်အပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုကြောင့် အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်လ်ထရန့်ကို နယူးယောက်တရားရုံးက ဒဏ်ငွေ ဒေါ်လာငါးထောင် ချမှတ်လိုက် ပါတယ်။ သမ္မတဟောင်းထရန့်ဟာ တရားရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးကို လှောင်ပြောင်တဲ့ အွန်လိုင်းပို့စ် တစ်ခုကို ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့မှာ တရားသူကြီး အော်သာအန်ဂွန်ရွန်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။…

လူပေါင်းရာချီသေဆုံးခဲ့တဲ့ ဂါဇာဆေးရုံ တိုက်ခိုက်မှုWHO အပြင်းအထန် ရှုတ်ချ

ဂျီနီဗာ ၊ အောက်တိုဘာ(၁၉) ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တဲ့ ဆေးရုံတိုက်ခိုက်ခံရမှုဟာ မကြုံစဖူး ကြီးမားလွန်းတဲ့ ပမာဏဖြစ်ပြီး ဒီလုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပါတယ်။ အစ္စရေးနိုင်ငံသားတွေ အသေအပျောက်များခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက် မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာပါ။…

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပြည်ပခရီးသွားလာခွင့် တရုတ် ထပ်မံတင်းကျပ်

ရှန်ဟိုင်း၊ အောက်တိုဘာ (၁၈) တရုတ်အာဏာပိုင်တွေက နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရနဲ့ဆက်စပ်မှုရှိတဲ့လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေသူတွေရဲ့ ပြည်ပခရီးသွားလာခွင့်ကို ပိုမိုတင်းကျပ်နေပြီး နိုင်ငံရပ်ခြားနဲ့အဆက်သွယ် ရှိသူတွေကိုလည်း စိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံခြားရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့လှုပ်ရှား မှုတစ်ရပ်အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်းလည်း သတင်းရစ်မြစ်တွေက ပြောကြားခဲ့တာပါ။ အဲဒီလိုတားမြစ်ချက်တွေဟာ ၂၀၂၁ ခုနှစ်ကကည်းက စတင်ခဲ့တာဖြစ်ပြီး ပြည်ပခရီးသွားမှုကို ကန့်သတ်တာ၊…

အာဖဂန်မှာ ငလျင်ကြောင့်သေဆုံးသူ နှစ်ထောင်ကျော်ရှိပေမယ့် သေဆုံးစာရင်းကို ထက်ဝက်လျော့ပြီး တာလီဘန်တွေထုတ်ပြန်

ကာဘူးလ်၊ အောက်တိုဘာ (၁၅) ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိပေမယ့်လည်း အာဖဂန်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝန်ကြီး ဌာနက ၁၀၀၀ ကျော်အထိသာရှိတယ်လို့ ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးဌာန အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ အနောက်ပိုင်းခရိုင်ဒေသန္တရဖြစ်တဲ့ ဟာရတ်မှာ စနေနေ့နဲ့ဗုဒ္ဓဟူးနေ့တို့မှာ ငလျင်ပေါင်း များစွာ လှုပ်ခတ်မှုကို ခံခဲ့ရပါတယ်။ နိုင်ငံသားတွေက စစ်ပွဲဒဏ်ပါသင့်နေကြတဲ့အတွက် ရွာပေါင်းများစွာပျက်စီးခဲ့သလို ဒေသခံ အများစုကလည်း…

လိင်အကြမ်းဖက်မှုနဲ့ ထိုင်းMove Forward ပါတီအမတ်တစ်ဦး စစ်ဆေးခံရ

ဘန်ကောက်၊ အောက်တိုဘာ(၁၄) အမျိုးသမီးစေတနာ့ဝန်ထမ်းတစ်ဦးအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ကြောင်း တိုင်ကြားခံထားရတဲ့ ပါတီအမတ် တစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းအတိုက်ခံ နိုင်ငံရေးပါတီ Move Forward ထံကနေ သိရပါတယ်။ MFP ရဲ့ ပါလီမန်အမတ်တစ်ဦးဟာ အမျိုးသမီးစေတနာဝန်ထမ်းကို Sex Toy ကို ပြသပြီး လိင်မှုအမှုအရာတွေ ပြုမူခဲ့တဲ့အကြောင်း မကြာသေးခင်က အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လအတွင်းမှာ…

မြောက်ကိုရီးယား ဒုက္ခသည်တွေကို တရုတ်အစိုးရ အတင်းအကျပ် နေရပ်ပြန်ပို့နေ

ဆိုးလ်၊ အောက်တိုဘာ (၁၄) မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ခိုလှုံသူအများအပြားကို တရုတ်အစိုးရက နေရပ်ပြန်ပို့နေတာကြောင့် တရုတ်အာဏာပိုင်တွေကို ပြင်ပြင်းထန်ထန် ဆန့်ကျင်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေကို မူရင်းနေရပ်ပြန်ပို့တယ်ဆိုတာဟာ နိုင်ငံတကာက ပိတ်ပင် တားဆီးထားတဲ့အချက်ကို ချိုးဖောက်ဆန့်ကျင့်တာ လည်းဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေအဖြစ် ရှုမြင်ပါတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကူဗြုံးဆပ်ကပြောကြားခဲ့ပါတယ်။…

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရယွတ်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ စွဲချက်နဲ့ အမျိုးသမီးတစ်ဦး ထောင်ဒဏ်(၆)လချမှတ်ခံရ

ဘန်ကောက် – အောက်တိုဘာ(၁၂) ထိုင်းဝန်ကြီးချုပ်ဟောင်း ပရယွတ်ရဲ့ ရချ်ဘူရီခရိုင် ခရီးစဉ်မှာ နှုတ်နဲ့ စော်ကားပြောဆိုခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ခရိုင်တရားရုံးက ထောင်ဒဏ်(၆)လ(၁၀) ရက်နဲ့ ဒဏ်ငွေဘတ်(၁၀၀၀) ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မတ်လက ဝန်ကြီးချုပ်ဟောင်းရဲ့ ခရီးစဉ်ကို အတွင်းစော်ကားပြောဆိုခဲ့ တာဖြစ်တဲ့အတွက် ပန်နာဘန်ပွန်(ကြီးတော် နာဘန်ပွန်) လို့လူသိများတဲ့ အမျိုးသမီးကို တရားရုံး က ဝန်ကြီးချုပ်လုံခြုံရေးစည်း ချိုးဖောက်ဝင်ရောက်မှုနဲ့…

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှု ကုလ အလွန်စိုးရိမ်ပူပန်နေ

ဘန်ကောက်၊ အောက်တိုဘာ (၁၂) ကချင်ပြည်နယ်ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားအများအပြား သေဆုံးပြီး ဒဏ်ရာရရှိမှုသတင်းအပေါ် အလွန်စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်အနားမှာရှိတဲ့ ကချင်ပြည်နယ်မြောက်ပိုင်း လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း အောက်တိုဘာ ၉ ရက်နေ့မှာ တိုက်ခိုက်ခံရတာကြောင့် ကလေးသူငယ် ၁၃ ဦး အပါအဝင် အရပ်သား ၃၀…

အစ္စရေး တိုက်ခိုက်မှုဆက်လုပ်ရင် သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ်က ခြိမ်းခြောက်

ဂါဇာ၊ အောက်တိုဘာ (၁၁) အစ္စရေးကမကြုံစဖူး အရန်တပ်သား သုံးသိန်းကိုခေါ်ယူပြီး ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်ဆို့မှု တွေပြုလုပ်ကာ မြေပြင်ချေမှုန်းရေး အစီအစဉ်ပြုလုပ်တော့မှာဖြစ်တာကြောင့် တိုက်ခိုက်မှုဆက် လုပ်နေရင် ဖမ်းထားတဲ့သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။ အစ္စရေးအနေနဲ့ ပါလက်စတိုင်းနေအိမ်ကို သတိပေးချက်မပေးဘဲ ဗုံးကြဲတဲ့အခါတိုင်း ဖမ်းဆီး ထားတဲ့ သုံ့ပန်းတွေကို သတ်ပစ်မယ်လို့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့ဟားမတ်စ်က ပြောဆိုထား တာပါ။ လက်ရှိအချိန်မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့်…

တရုတ်ဟွာဝေးကိုကူညီနေတဲ့ ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီလေးခု စစ်ဆေးခံနေရ

တိုင်ပေ၊ အောက်တိုဘာ(၇) ထိုင်ဝမ်အစိုးရဟာ တရုတ်ရဲ့ Huawei ကုမ္ပဏီနဲ့ ဆက်စပ်မှုရှိတဲ့ ကုမ္ပဏီ ၄ ခုကို စတင်စစ်ဆေး မှုတွေ လုပ်ဆောင်နေပြီး နည်းပညာကဏ္ဍတွေမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေကို ချမှတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ် စီးပွားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ အဲဒီလုပ်ငန်းစု ၄ ခုရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေဟာ အစိုးရထံမှရရှိထားတဲ့ ကနဦးရင်းနှီးမြုပ်နှံမှုခွင့်ပြုချက်နဲ့…