စီးပွားရေး

သီရိလင်္ကာနိုင်ငံသည် ရုရှားရေနံဝယ်ယူရန် လမ်းဖွင့်ထား

ကိုလံဘို၊ ဇွန် ၁၄ မကြုံစဖူးစီးပွားရေးအကြပ်အတည်းများနှင့် ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေနံပိုမိုဝယ်ယူရန် မဖြစ်မနေလုပ်ဆောင်နိုင်ရဖွယ်ရှိကြောင်း နိုင်ငံဝန်ကြီးချုပ်က အေပီသတင်းဌာနကို ပြောလိုက်ပါတယ်။ သီရိလင်္ကာဝန်ကြီးချုပ်က အခြားသတင်းရင်းမြစ်များကို ဦးစွာရှာဖွေမှာဖြစ်ပေမယ့် မော်စကိုမှ ရေနံစိမ်းများကို ပိုမိုဝယ်ယူနိုင်ရန် လမ်းဖွင့်ထားကြောင်း ဇွန် ၁၁ ရက်နေ့က သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံသည် ဆယ်စုနှစ် ခုနစ်ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး…

လာအိုနိုင်ငံ က ပထမဆုံး ပြည်တွင်းဖြစ်စာတိုပေးပို့တဲ့ အက်ပ်(APP) ကို စတင်မတ်ဆက်

ဗီယင်ကျန်း – ဇွန်(၇) တခြားနိုင်ငံတွေထက် နောက်ကျကျန်ခဲ့တဲ့ အစိုးရဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ် နည်းပညာ ကူးပြောင်းမှု မြှင့်တင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံအတွင်း ပထမဆုံးတီထွင်ထားတဲ့ စာတိုပေးပို့တဲ့ အက်ပ်(APP) LoudChat ကို လာအိုနိုင်ငံက ပထမဆုံးအကြိမ်အဖြစ်မိတ်ဆက်လိုက်ပါတယ်။ LoudChat ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး “Line” အက်ပ် လို စာတိုပေးပို့တဲ့ လုပ်ဆောင်ချက် တွေအတွက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘေလ်ပေးချေတဲ့…

ဈေးကွက်မှာ ငါးလိုအပ်ချက်ရှိခဲ့တဲ့ မလေးရှားနိုင်ငံဟာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်

ဂျာကာတာ ၊ ဇွန် (၅) မလေးရှားနိုင်ငံရှိ ဈေးကွက်အတွင်း ငါးလိုအပ်ချက်အပေါ် ဖြည့်တင်းမှုဟာ ယခုလအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစက်မှု လက်ထောက်ဝန်ကြီး Datuk Seri Ahmad Hamzah က ပြောကြားခဲ့ပါတယ်။ အဆိုပါ ငါးလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် အောက်တိုဘာလအတွင်း အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားကြောင်း လက်ထောက်ဝန်ကြီးက…

တရုတ် ရှင်ကျန်းက ကုန်ပစ္စည်းတွေပိတ်ပင်ဖို့ အမေရိကန်အဆင်သင့် ဖြစ်နေ

ရှင်ကျန်း – ဇွန်(၃) ဇွန်လနှောင်းပိုင်းမှာ ပြဌာန်းဖို့ လိုအပ်တဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက သွင်းကုန်တွေအပေါ်တားမြစ်ချက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန် အာဏာပိုင်တွေက အဆင်သင့်ဖြစ်နေပြီး ကင်းလွတ်ခွင့်အတွက်ခိုင်လုံတဲ့ အထောက်အထား လိုအပ်မှာဖြစ် တယ်လို့ အမေရိကန်အကောက်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။ ဝီဂါမူဆလင်တွေကို တရုတ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန်ကစွပ်စွဲ ထားတဲ့ အဲ့ဒီလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမည်းစက်ဖြစ်စေ မယ့်…

သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်ကုမ္ပဏီ ပြော

ကိုပင်ဟေဂင် – ဇွန် (၂) ရုရှားရဲ့ စွမ်းအင်ဝယ်ယူမှုကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ ငြင်းဆိူခဲ့တဲ့အတွက် ဇွန်လ(၁) ရက်နေ့ မှာ ရုရှားက သူတို့ရဲ့ ဓာတ်ငွေ့ပေးပို့မှုကို ဖြတ်တောက်လိုက်တယ်လို့ ဒိန်းမတ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ ဖင်လန်၊ပိုလန်နဲ့ ဘူလ်ဂေးရီးယားတို့ကိုလည်း သဘာဝဓာတ်ငွေ့ပေးသွင်းမှုကို ရုရှားက ရပ်ဆိုင်း ထားခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နယ်သာလန်နိုင်ငံကို တင်သွင်းမှုကိုလည်း…

ကမ္ဘာ့ဖလားကျင်းပရေးမှာ ရာသီဥတုမထိခိုက်စေရဘူးလို့ ပြောဆိုထားပေမယ့် အကြိုအပို့ လေကြောင်းလိုင်း(၁၆၀) ကျော်ရဲ့ ပျံသန်းမှုကို ကာတာလေကြောင်းလိုင်း ကာကွယ်ပြောဆို

ဒိုဟာ – ဇွန်(၂) ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုတွေမှာ ကာဗွန်ဓာတ်ငွေ့လျော့ပါးစေဖို့ အစောပိုင်းက ကြေငြာ ထားပေမယ့် ကာတာလေကြောင်းလိုင်းအကြီးအကဲဟာ ဒေသတွင်း ကနေ ပြိုင်ပွဲကျင်းပမယ့် ဒိုဟာ မြို့ကို နေ့စဉ် အကြိုအပို့လုပ်ပေးမယ့် အပိုဆောင်းဧည့်ကြိုလေယာဉ် (၁၆၀) ကျော်ရဲ့ ပျံသန်းမှုတွေကိုတော့ ကာကွယ်ပြောဆိုထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ ကမ္ဘာ့ဖလား လက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ဒိုဟာမြို့ ကို တရက်တာ အသွား/အပြန်ခရီးစဉ်အတွက် ဒေသတွင်းလေကြောင်းသယ်ယူပို့ဆောင်သူတွေနဲ့…

အင်ဒိုနီးရှား မက်စ်ပီယမ်ဘဏ်ရဲ့အကြီးစားအစုရှယ်ယာ ထိုင်းကာကီကွန်ဘဏ်ဝယ်ယူ

ဘန်ကောက် – မေ(၃၁) ထိုင်းနိုင်ငံမှာ ဒုတိယအကြီးဆုံးပိုင်ဆိုင်မှုရှိနေတဲ့ ကာဆီကွန်ဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မက်စ်ပီယမ်ဘဏ်ကနေ ဘတ်(၇.၅) ဘီလျံတန်ဖိုးရှိတဲ့ အကြီးစားအစုရှယ်ယာတွေကို ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကတဆင့် ကာစီကွန်ဘဏ်ဟာ အင်ဒိုနီးရှားလုပ်ငန်းစု မက်စ်ပီယန် စာရင်းဝင် လက်ရုံးဘဏ်ခွဲတစ်ခုက စုစုပေါင်း အစုရှယ်ယာအနက်မှ (၆၇.၅) ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ အပြီးသတ်ဖို့စီစဉ်ထားပြီး ဒီရောင်းဝယ်မှုကို Karsikoen…

သားဖြစ်သူကို အာဏာလွှဲဖို့အစီအစဉ်ဆိုင်းငံ့ထားကာ တရုတ်ကိုမှီခိုနေရတာနဲ့ ပတ်ပြီး အကြံပြုချက်တွေကို ဟွန်ဆန်ပယ်ချ

ဖနွမ်းပင် – မေ(၂၈) ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်က သူ့ရဲ့အကြီးဆုံးသားဖြစ်သူကို အာဏာလွှဲပြောင်းမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပြီး တရုတ်နိုင်ငံအပေါ်အလွန်အမင်းမှီခိုနေရတာနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကိုလည်း ငြင်းဆန်ပယ်ချလိုက်ပါတယ်။ တိုင်းပြည်အာဏာကို (၃၇) နှစ်ကြာ ရယူထားတဲ့ အာဏာရှင်တစ်ဦးဖြစ်တဲ့ ဟွန်ဆန်ဟာ သူ့ရဲ့အကြီးဆုံးသားဖြစ်တဲ့ အသက်(၄၄) နှစ်အရွယ်စစ်တပ်အကြီးအကဲတာဝန်ထမ်းဆောင်နေ သူကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အာဏာလွှဲပြောင်းဖို့ ကြေငြာထားတာပါ။ ကမ္ဘောဒီယားအာဏာရပါတီက ဟွန်ဆန်ကို ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက်…

ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကားအိပ်မက်ကို ဂျပန်အကူအညီနဲ့ အကောင်အထည်ဖော်နိုင်တော့မယ်

ဘန်ကောက် – မေ(၂၈) ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကားထုတ်လုပ်ရေး ဗဟိုချက်ဖြစ်လာနိုင်တယ် လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုကျိုမှာ ကျင်းပ တဲ့(၂၇) ကြိမ်မြောက် အာရှအနာဂတ်နိုင်ငံတကာညီလာခံမှာ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ မျှော်မှန်းထားတဲ့ ခေတ်မှီစက်မှုလုပ်ငန်းဗဟိုချက်အဖြစ် အရှေ့စီးပွားရေး စင်္ကြံမှာ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နိုင်ဖို့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ၊ဒစ်ဂျစ်တယ်နည်းပညာ နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အဆင့်မြှင့်တင်ဖို့…

မလေးရှားရဲ့ ကြက်သားပြည်ပတင်ပို့မှုကို ဇွန်လမှာ စတင်ရပ်ဆိုင်းမယ်

ကွာလာလမ်ပူ – မေ(၂၅) မလေးရှားနိုင်ငံရဲ့ တစ်လကို (၃.၆) မီလီယမ်အထိရှိတဲ့ ကြက်သားပြည်ပတင်ပို့မှု အားလုံးကို ဇွန်လ(၁) ရက်နေ့စပြီး စျေးနှုန်းတည်ငြိမ်တဲ့အထိ ရပ်ဆိုင်းထားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် အစ္စမာလီ ဆာဘရီရာကော့ဘ်က ပြောပါတယ်။ ပြည်ပအခြေစိုက်သားသတ်လုပ်ငန်းတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ ကြက်သားထောက်ပံ့ရေး ကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး မွေးမြူရေးကြက်၊ဘဲ တင်သွင်းခွင့် လုပ်ကိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။…