စီးပွားရေး

တရုတ်နိုင်ငံနှင့် ပူးတွဲ စွမ်းအင်ရှာဖွေရေး ဆွေးနွေးပွဲကို ဖိလစ်ပိုင် ဖျက်သိမ်း

မနီလာ ၊ ဇွန် (၂၅) တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ဖီလစ်ပိုင်နိုင်ငံတို့အကြား ပူးတွဲစွမ်းအင်ရှာဖွေရေးဆိုင်ရာ ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံသည် ပင်လယ်ရေကြောင်း အချုပ်အခြာအာဏာကို ဆယ်စုနှစ်များစွာ အချင်းများခဲ့ကြပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုများကို ပူးတွဲရှာဖွေရန် ၂၀၁၈ ခုနှစ်ကတည်းက ကတိပြုခဲ့ကြတာဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတ်နိုင်သလောက်တော့…

နိုင်ငံခြားငွေအကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှာ သွင်းကုန်ထိန်းချုပ်မှုတွေပြုလုပ်နေ

ရန်ကုန် – ဇွန်(၂၅) မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပအကူအညီတွေလျော့နည်းလာလို့ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ မော်တော်ကားနဲ့ တခြားမရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်း မှုကို တားမြစ်ပြီး သွင်းကုန်ထိန်းချုပ်မှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့မေလက ဗီယက်နမ်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားသမားတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာန က ကားတင်သွင်းခွင့်ပါမစ်…

အင်ဒိုနဲ့ ဘင်္ဂလားဒေ့ရှ် က ကျောက်မီးသွေးစက်ရုံတွေအတွက် ဂျပန်ရဲ့ ထောက်ပံ့မှုရပ်တန့်မယ်

တိုကျို – ဇွန်(၂၄)​ ဂျပန်အစိုးရဟာ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံတို့မှာ ကျောက်မီးသွေးအခြေပြု လျှပ်စစ်ဓါတ် အားပေးစက်ရုံတည်ဆောက်ဖို့အတွက် ယန်းချေးငွေပေးအပ်မှုတွေကို ရပ်တန့်သွားတော့မှာ ဖြစ်တယ်လို့ ဇွန်လ(၂၃) ရက်နေ့က ပြောခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုရဲ့ အဓိက အရင်းအမစ်ဖြစ်တဲ့ ကျောက်မီးသွေးအခြေပြုလျှပ်စစ်ဓါတ်အားကို နိုင်ငံတကာရဲ့ ဝေဖန်မှုကိုတုံ့ပြန်နိုင်ဖို့အတွက် ဂျပန်အစိုးရဟာ အင်ဒိုနီးရှားက အင်ဒရာမာယူစက်ရုံနဲ့ ဘင်္ဂလာဒေ့ရှ် က မာတာဘာရီစက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့…

အင်ဒိုသမ္မတ ဝီဒိုဒိုဟာ ဇွန်လအတွင်း ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ရှိ

ဂျကာတာ – ဇွန်(၂၃) G-20 ဥက္ကဌ ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုဟာ ဇွန်လအကုန်ပိုင်းမှာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ နိုင်ငံလုံခြုံရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ အင်ဒိုနိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့ပါတယ်။ အဓိက စီးပွားရေးနိုင်ငံတွေရဲ့ အစည်းအဝေးမှဦ ယူကရိန်းစစ်ပွဲအရေးအတွက်သာ လွှမ်းမိုး နေခဲ့ ပြီး တခို့သော အနောက်နိုင်ငံတွေက ထိပ်သီးအစည်းအဝေးကို ခြိမ်းခြောက်ပြီး…

ထိုင်းမှာ ဒီဇယ်စျေးမြင့်တက်မှုကြောင့် ပုဂ္ဂလိက ဘတ်စ်ကားလိုင်းတွေ ဇူလိုင်လကစပြီး ခရီးစဉ် ပြေးဆွဲမှုအကြိမ်ရေလျှော့ချမယ်

ဘန်ကောက် – ဇွန်(၂၂) ဒီဇယ်ဆီစျေးမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံအနှံ့ခရိုင်နဲ့ ဒေသအလိုက်ပြေးဆွဲနေတဲ့ ပုဂ္ဂလိ က ဘတ်စ်ကား ကုမ္ပဏီ(၂၇) ခုက လာမယ့်ဇူလိုင်လ(၁) ရက်နေ့ကစပြီး ဝန်ဆောင်မှု အကြိမ်ရေ လျှော့ချပြီး ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အစိုးရပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကတော့ ပုံမှန်အတိုင်းဝန်ဆောင်မှုတွေကို ဆက်လက် ပေးနေမှာဖြစ်ပြီး ပုဂ္ဂလ်ကဘတ်စ်ကား လုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင်(၂၇) ဦးက ဝန်ဆောင်…

ငွေကြေးဖောင်းပွမှုကိုရင်ဆိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေအတွက်အကူအညီပေးဖို့ အစီအစဉ် စင်္ကာပူအစိုးရအဖွဲ့ထုတ်ပြန်

စင်္ကာပူ – ဇွန်(၂၂) စင်္ကာပူအစိုးရဟာ ငွေကြေးဖောင်းပွမှုမြင့်တက်တာကို ရင်ဆိုင်ဖို့ ဝင်ငွေနည်းပြီး ထိခိုက်လွယ်တဲ့ အစုအဖွဲ့တွေကို သင်သာစေဖို့အတွက် ဦးတည်တဲ့ အမေရိကနဒေါ်လာ(၁.၅) ဘီလျံပါဝင်တဲ့ အထောက်အပံ့အစီအစဉ်ကို ဇွန်လ(၂၁) ရက်နေ့က ကြေငြာခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲနဲ့ ကမ္ဘာ့ဒေသ တချို့မှာလည်း ကိုဗစ်ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားတဲ့အတွက် ထောက်ပံ့ရေးကွင်းဆက် တွေမှာ စွမ်းအင်နဲ့ အစားအသောက်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့…

သီရိလင်္ကာမှာ ကျောင်း နဲ့ အစိုးရရုံးတွေ ပိတ်ထားရ

ကိုလံဘို – ဇွန်(၁၉) သီရိလင်္ကာအာဏာပိုင်တွေက တင်သွင်းနေတဲ့ စက်သုံးဆီအတွက် ဒေါ်လာပေးချဖို့ မလုံလောက် လို့အများပြည်သူ သယ်ယူပို့ဆောင်ရေး အားလုံးနီးပါးရပ်နားထားရတဲ့အတွက် အစိုးရရုံးတွေနဲ့ ကျောင်းတွေကို နှစ်ပတ်ကြာ ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ စိုးရိမ်စရာအဆင့်မှာ ရှိနေတဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီပြတ်လပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အဓိက ဝန်ဆောင်မှုတွေကို လာမယ့်တနင်္လာနေ့က စတင်ပြီး ထိန်ထားဖို့ ဌာနဆိုင်ရာတွေနဲ့ အစိုးရဌာန တွေ…

လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့အတွက် ဆိုနီနဲ့ ဟွန်ဒါတို့ အကျိုးတူပူးပေါင်းရေး လက်မှတ်ထိုး

တိုကျို – ဇွန်(၁၈) ဂျပန်နိုင်ငံက ဆိုနီနဲ့ ဟွန်ဒါတို့ဟာ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားတွေစတင်ရောင်းချမယ့် ဖက်စပ် လုပ်ငန်းကို ကြာသပတေးနေ့က တရားသဘောတူညီခဲ့ကြပါတယ်။ ရင်းနှီးမြှပ်နှံသူတွေဟာ ပြိုင်ဘက် တိုယိုတာ လို ဟွန်ဒါကို ကမ္ဘာလုံးဆိုင်ရာ မော်တော်ကား ထုတ်လုပ်သူတွေထက် လျှပ်စစ်ကား(EV) ကို ကူးပြောင်းဖို့ နှေးကွေးနေပြီး ကာဗွန်ကင်းစင်တဲ့ နည်းပညာနဲ့ ကားတွေထုတ်လုပ်ဖို့ ဖိအားပေးနေခဲ့ကြတာပါ။ ဟွန်ဒါအနေနဲ့…

ကိုကာကိုလာနှင့် ဂျက်ဒယ်နီရယ်တဲနစ်ဆီ ဝီစကီတို့ ပေါင်းစပ်ပြီး ကောတေးအသစ်တစ်မျိုး ထုတ်လုပ်မည်

နယူးယောက် ၊ ဇွန် (၁၆) ကိုကာကိုလာအနေဖြင့် Coke အရသာနှင့် ဂျက်ဒယ်နီရယ် တဲနစ်ဆီ ဝီစကီကို ပေါင်းစပ်ပြီး ကော့တေး ဗူးများ ထုတ်လုပ်ဖို့အတွက် Brown Forman ကုမ္ပဏီနှင့် မိတ်ဖက်ပြုလိုက်ကြပြီ ဖြစ်ပါတယ်။ သကြားဓါတ်လုံးဝမပါဝင်သော ရွေးချယ်မှုများလည်း ပါဝင်လာမည့် အဆိုပါယမကာ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မဖြန့်ဖြူးခင် ယခုနှစ်နှောင်းပိုင်းမှာ မက်ဆီကိုရှိ ဈေးဝယ်စင်တာများဆီ ရောက်ရှိလာတော့မှာ…

ထရပ်ကားဒရိုင်ဘာတွေ သပိတ်မှောက်ခဲ့လို့ ချပ်စ်ပြားတင်ပို့ရောင်းချတဲ့ အေဂျင့်တွေ အထိနာ

ဆိုးလ် – ဇွန်(၁၅) တောင်ကိုရီးယားနိုင်ငံက ထရပ်ကားယာဉ်မောင်းတွေရဲ့ တပတ်ကြာ သပိတ်မှောက်မှုကြောင့် ဆီမီးကွန်ဒတ်တာ ချပ်စ်ပြားသန့်စင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ရောင်းချနေတဲ့ အေဂျင့်တွေ ရဲ့ တင်ပို့ရောင်းချမှုတွေ ရပ်တန့်စေခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်မှု အသင်း (KITA) က ပြောပါတယ်။ သပိတ်ကြောင့် တောင်ကိုရီးယား စက်မှုလုပ်ငန်းအတွက် ဒေါ်လာ (၁.၂) ဘီလျံကျော်ဆုံးရှုံခဲ့ရသ လို ထုတ်လုပ်မှုနဲ့ ပေးပို့မှု…