စီးပွားရေး

အမေရိကန်နိုင်ငံသား ဝင်ရောက်မှု ကန့်သတ်ချက်ကို ဖြေလျှော့ပြီး တတိယနိုင်ငံကို ဖြတ်သန်းသွား ခွင့်ပြုမယ်

ပေကျင်း – ဇူလိုင်(၄) တရုတ်နိုင်ငံဟာ တတိယနိုင်ငံကိုထွက်ခွါမယ့် အမေရိကန်နိုင်ငံသားတွေကို တရုတ်နိုင်ငံက ဖြတ်သန်းဝင်ရောက်ခွင့်ပြုတော့မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ(၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ တက်ကြွတဲ့ ကိုဗစ်သုည မူဝါဒဟာ နိုင်ငံရပ်ခြားက ရောက်ရှိလာတဲ့ ရောဂါပိုးကူးစက် ခံရတဲ့ ခရီးသွားတွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်တဲ့အတွက်နိုင်ငံတကာ ခရီးသွားလာမှု ဆိုင်ရာ အတားအဆီးတွေဖြစ်ပေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း…

ပထမဆုံး ဟိုက်ဘရစ်ကားအကြီးစားသစ်ကို တိုယိုတာ ကုမ္ပဏီက အိန္ဒိယမှာ စတင်လုပ်ကိုင်မယ်

နယူးဒေလီ – ဇူလိုင်(၄) Toyota Motor Corp ဟာ အိန္ဒိယနိုင်ငံမှာ သူတို့ရဲ့ ပထမဆုံး စျေးကွက်အတွက် ဟိုက်ဘရစ်ကား (Sport utility Vehicle (SUV) ) ကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ Suzuki Motor Corp နဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖြစ် တိုယိုတာက တည်ဆောက်မယ့် ပထမဆုံး Urban…

“အလုပ်သမားတွေ ကျွန်ပြုခံနေရတယ်”

ရန်ကုန် ၊ ဇူလိုင် (၂) စစ်တပ် အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဆုံးဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ဆိုတာလည်း ပျက်သုဉ်းလု ဖြစ်သွားခဲ့ပြီး အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုကို ဘက်ပေါင်းစုံက ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံ အကျိုးခံစားခွင့်တွေ မရတာ၊ အချိန်ပိုကြေး မရတာ၊…

ယူကရိန်းဂျုံတင်ပို့မှုအတွက် ပင်လယ်ရေကြောင်းလမ်းကို ပူတင်သဘောတူလိုက်ပြီလို့ အင်ဒို သမ္မတ ဆို

ဂျာကာတာ – ဇူလိုင်(၂) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန်လ(၃၀) ရက်နေ့က ရုရှားနိုင်ငံမော်စကိုမြို့မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံစဉ် ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းအပေါ် စိုးရိမ်မှုတွေမြင့်တက်နေချိန် ယူကရိန်းဂျုံတင်ပို့ဖို့အတွက် ပင်လယ်ရေလမ်းကြောင်း ဖွင့်ပေးဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံလုံးက စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာအတွက် လုံခြုံရေး အာမခံချက် ပေးခဲ့လို့ သမ္မတ ပူတင်ကို ကျေးဇူးတင်တယ်လို့လည်း ရုရှား၊အင်ဒို…

လောင်စာဆီအတွက် ရုရှားနိုင်ငံကို သီရိလင်္ကာဝန်ကြီးနှစ်ပါး စေလွှတ်

ကိုလံဘို – ဇူလိုင်(၁) နိုင်ငံရဲ့စီပွားရေးပြိုလဲနေချိန်မှာ လိုအပ်ချက်တွေထဲက တစ်ခုပါအဝင်ဖြစ်တဲ့ လောင်စာဆီ အတွက်ညှိနှိုင်းဖို့ သီရိလင်္ကာအစိုးရ ဝန်ကြီးနှစ်ဦးကို ရုရှားနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့လို့ ရုရှားရဲ့ စွမ်းအင်တင်သွင်းမှုတွေကို ဖြတ်တောက်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက ဆောင်ရွက်ထားကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လာပြီး ရုရှားရေနံစိမ်း ကိုလျှော့စျေးနဲ့ ဝယ်ယူလိုတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။ သီရိလင်္ကာစွမ်းအင်ဝန်ကြီး Kanchana…

တနင်္လာနေ့မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်တယ်လို့ ဂျပန် အစိုးရသတိပေး

တိုကျို – ဇွန်(၂၈) မြို့တော်တိုကျိုမှာ ပူပြင်းတဲ့ နွေရာသီအပူဒဏ်သင့်ကာလအတွင်း လူအများ စွမ်းအင်ချွေတာ ဖို့ နဲ့ တနင်္လာနေ့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက ဇွန်လ(၂၆) ရက်နေ့က သတိပေးထားပါတယ်။ ဂျပန်နိုင်ငံအရှေ့ပိုင်း က တိုကျိုနဲ့ အနီးနားက စီရင်စု (၈) ခုမှာ အပိုဆောင်းလျှပ်စစ် ထုတ်လုပ် နိုင်မှု ပမာဏဟာ တနင်္လာနေ့ မွန်းလွဲ(၅) နာရီမှာ…

တရုတ်နိုင်ငံရဲ့ BRI ကို ပြိုင်ဆိုင်ဖို့ ကမ္ဘာ့အခြေခံအဆောက်အအုံစီမံကိန်းအတွက် G-7 က အမေရိကန်ဒေါ်လာ ဘီလျံ(၆၀၀) သုံးစွဲမယ်

ဝါရှင်တန် – ဇွန်(၂၈) ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံအစုအဖွဲ့ G-7 အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ BRI ပတ်လမ်း ကိုလှဉ်ပြိုင်ဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ကန်ဒေါ်လာ (၆၀၀) ဘီလျံ မတည်သွားမှာ ဖြစ်တယ်လို့ ဇွန်လ(၂၆) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂအပါအဝင်မဟာမိတ် (၇) နိုင်ငံက ကနေဒါ၊ဂျာမနီ၊အီတလီ၊ဂျပန်…

ဘန်ကောက်မြို့ပြ ဘတ်စ်လိုင်း BMTA ရဲ့ ခရီးစဉ်တွေမှာ ယာဉ်မလုံလောက် မှုပြဿနာ နဲ့ရင်ဆိုင်နေရ

ဘန်ကောက် – ဇွန်(၂၇) မြို့ပြအကြီးစားသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) ရဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေမှာ လမ်းကြောင်း(၂၇)ခုနီးပါးအတွက် ယာဉ်ပြတ်လပ်ရှားပါးမှုတွေကို ရင်ဆိုင်နေရပြီး(၉၀) ရာခိုင် နှုန်းသောခရီးသွားပြည်သူတွေဟာ ကားရရှိနိုင်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါ တယ်။ BMTA ဒါရိုက်တာ ကီတစ်ကန်ချွမ်ဒေါင် က ဘတ်စ်ကားအစီးရေ (၂၈၈၅) စီးရှိတယ်လို့ ပြောဆို ထားပေမယ့် အဲ့ဒီယာဉ်တွေဟာ (၅) နှစ်ကနေ (၂၅) နှစ်သက်တမ်းရှိတဲ့အတွက်…

အီးယူက ရုရှားဓာတ်ငွေ့မပါတဲ့ ဘဝနေထိုင်ရေးအစီအစဉ်ကို ဆွေးနွေးနေ

ဘာလင် – ဇွန်(၂၆) ရုရှားဓာတ်ငွေ့မပါတဲ့ အစီအစဉ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အီးယူခေါင်းဆောင်တွေက ဇွန်လ(၂၄) ရက်နေ့က ဆွေးနွေးခဲ့ကြပြီး ဂျာမနီက ဒီနှစ်ဆောင်းရာသီ မှာ သူတို့ရဲ့ စက်မှုလုပ်ငန်းတစ်ချို့ကို ပိတ်ပစ်ရနိုင်တယ်လို့ သတိပေးထားသလို ရုရှားဟာ စွမ်းအင်ကို လက်နက်သဖွယ်အသုံးပြုနေလို့ အကျပ်အတည်းဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရေးလမ်းကြောင်းအပေါ်ရှိစေတဲ့အတွက် အောင်ပွဲကျင်းပ ပြီးတစ်ရက်အကြာမှာ ကျူးကျော်စစ်ကြောင့် စီးပွားရေးဆိုင်ရာ…

ထိုင်းမှာ မြေယာခွန်ဆောင်မှုသတ်မှတ်ချက်ကို နောက်သုံးလထိရွေ့ဆိုင်း

ဘန်ကောက် – ဇွန်(၂၆) စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီ ပေးဖို့အတွက် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက မြေယာနဲ့ အဆောက်အအုံ အခွန်ပေး ဆောင်ရမယ့် နောက်ဆုံးရက်ို (၃) လတိုးမြှင့်လိုက်ပါတယ်။ အခွန်ဆောင်သူတွေအနေနဲ့ မူလက ဧပြီလကုန်မှာ ပေးရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဇူလိုင်လကုန်မှ ပေးဆောင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ သက်တမ်းတိုးတာဟာ ပထမဇူလိုင်လအထိရွှေ့ဆိုင်းထားပေမယ့် (၃) လတစ်ကြိမ်အရစ်ကျနဲ့…