မာတီ မီဒီယာ

(၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားကျင်းပနေမှုမြင်ကွင်းများ

(၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားကျင်းပနေမှုမြင်ကွင်းများ ( ရုပ်သံ) +++++++++++++++++++++++++++++++++++++++++++++ မော်လမြိုင် ဇန်နဝါရီ ၄ မော်လမြိုင်မြို့ မောရဝတီပန်းခြံတွင် (၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အခမ်းအနားကို ယနေ့မနက် (၇)နာရီတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခြင်း ၊ ဘင်ခရာတပ်ဖွဲ့များဖြင့် နိုင်ငံတော်အလံနှင့် ကျဆုံးခဲ့ပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရိုက်ကူး – နောင်ခန့်

လွပ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများ

(၇၁)ကြိမ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေပုံကို သံလွင်တိုင်းမ်ရဲ့ ပရိသတ်များအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ရိုက်ကူး – နောင်ခန့်

ရာဘာစက်ရုံတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်ဒေသခံတွေဘယ်လိုခံစားနေကြရလဲ ??

မော်လမြိုင် ဒီဇင်ဘာ ၂၈ မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာနဲ့မြို့မ(၂)ရပ်ကွက်အနီးမှာ နေထိုင်သူတွေဟာ လေထု၊ရေထု ညစ်ညမ်းတာတွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရာဘာစက်ရုံတွေက ချောင်းတွေထဲကိုစွန့်ပစ်လိုက်တဲ့ အရည်တွေကြောင့် ဒီလိုသဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်လာရတာလို့ ဒေသခံတွေကဆိုပါတယ်။ ရိုက်ကူး – နောင်ခန့်

လိုင်စင်မဲ့နှင့်စည်းကမ်းပျက်မော်တော်ယာဉ်တွေကိုဖမ်းဆီးအရေးယူရန်ရက်(၁၀၀)စီမံချက်ပြုလုပ်သွားမည်

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စည်းကမ်းပျက်မော်တော်ယာဉ်တွေကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာစတင်ပြီးတော့ ဖမ်းဆီးအရေးယူမှုတွေပြုလုပ်သွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ အဆိုပါစီမံချက်ကို သုံးလကြာပြုလုပ်သွားမှာဖြစ်ပြီး မွန်ပြည်နယ် ၁၀မြို့နယ်မှာ တစ်ပြိုင်တည်းပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ရိုက်ကူး – နောင်ခန့်

သမ္မတ၏ မွန်ပြည်နယ်ခရီးစဉ်၌ သတင်းရယူခွင့် ကန့်သတ်ခံရ (ရုပ်သံ)

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင်ကျင်းပခဲ့သော နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များတွေ့ဆုံပွဲတွင် သတင်းရယူခွင့် ခွဲခြားခံရမှုများရှိသည်ဟု ဒေသတွင်းသတင်ထောက်များက ပြောသည်။ အဆိုပါအခမ်းအနားသို့ သတင်းရယူခွင့်ရှိရန်အတွက် လုံခြုံရေးကတ်ပြားများထုတ်ယူရာတွင်လည်း မှတ်ပုံတင်ကတ်ပြား၊ဆိုင်ကယ်လိုင်စင်ကတ်ပြားများ ထားရှိခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ သတင်းရယူခွင့်ကန့်သတ်သည့်နေရာတွင် ပုဂ္ဂလိကသတင်းဌာနများကိုဝင်ရောက်ခွင့်မပြုပဲ MRTV နှင့် Skynet သတင်းဌာနတို့သာဝင်ရောက်ခွင့်ရသည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။ ရိုက်ကူး – နောင်ခန့်

ယာဉ်မတော်တဆမှုကြောင့် တစ်နေ့လျှင် တစ်ဦးနှုန်း သေဆုံးမှုရှိနေ

မွန်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် တစ်ရက်လျှင် တစ်ဦးနှုန်းသေဆုံးနေသည်။ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ ၂၀၁၇ ခုနှစ်တွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု (၉၁၅)မှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စာရင်းတွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု (၇၀၉) မှုရှိခဲ့သည်။ ယာဉ်အန္တရာယ်ဖြစ်ပွားမှုအများဆုံးဖြစ်စေသည့် ယာဉ်မှာ ဆိုင်ကယ်ဖြစ်ပြီး ကားကြောင့် ယာဉ်မတော်တဆဖြစ်မှုမှာ ဒုတိယအများဆုံးဖြစ်ပွားလျှက်ရှိနေသည်။ ဘာကြောင့် မွန်ပြည်နယ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားမှုမြင့်တက်နေသလဲ။ သံလွင်တိုင်းမ်သတင်းထောက် နောင်ခန့်က…

ကျိုက်ထီးရိုးစေတီတော်ကိုအမှီပြု၍အသက်မွေးကြရသူများ

ကျိုက်ထီးရိုးစေတီတော်ကိုလာရောက်ဖူးမြော်ကြသည့် သက်ကြီးရွယ်အိုတွေ အားထားရတာကတော့ အထမ်းသမားများကိုပဲဖြစ်ပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမား အမျိုးသား ၇၁၈ ဦး ၊ အမျိုးသမီး ၂၅၈ ဦး လုပ်ကိုင်နေကြတာပါ။ ကျိုက်ထီးရီုးစေတီမုဒ်ဝကားဂိတ်ကနေ ရင်ပြင်တော်ဆီကို လူတစ်ဦးကို အခကြေးငွေ (၂၀၀၀၀) ကျပ် ၊ အထုပ်အပိုးတွေဆိုရင် အခကြေးငွေ (၅၀၀၀) ကျပ်ဖြင့် သယ်ဆောင်ပေးကြတာပါ။ “သုံးရက်မှတစ်ခေါက်ထမ်းရတာ တစ်ခါထမ်းပြီးနှစ်ရက်နားပေါ့ နားတဲ့ရက်ဆို တောတက်ထင်းခွေလုပ်ရတာပေါ့…

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်၏ ရသုံးငွေကိုဖော်ပြသော Citizen Budget မိတ်ဆက်ပွဲ ပြုလုပ်

မော်လမြိုင်၊ အောက်တိုဘာ ၂၂ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမမှာ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင်မွန်ပြည်နယ်၏ ၂၀၁၈ – ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ Citizen’s Budget စာစောင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေများ စီမံခန့်ခွဲရာတွင် ပြည်နယ်အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန် ပြည်သူလူထု၏…

ပေါင်းစည်းထားတဲ့ မွန်ပါတီရဲ့ ရှေ့ခရီး (အပိုင်း – ၂)

ပေါင်းစည်းထားတဲ့ မွန်ပါတီရဲ့ ရှေ့ခရီးက ဘယ်လိုရှိလာမလဲ။ ပေါင်းစည်းရေးအတွက် ဆောင်ရွက်ခဲ့သူများရဲ့ အသံများကို သံလွင်တိုင်းမ်သတင်းဌာနက စုစည်းပြီး ဖော်ပြသွားမှာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွက် AMDP မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးရဲ့ ဆွေးနွေးချက်ကို ဖော်ပြလိုက်ပါတယ်။ “ပါတီပေါင်းပြီး မကြာခင်ပြန်ကွဲသွားမှာကို ကျွန်တော်တို့မလိုချင်ဘူး။ ၂၀၂၀ ကိုပါတီတစ်ခုတည်းအဖြစ် သွားဖို့ဦးတည်ထားတယ်။ မွန်အမျိုးသမီးပါတီကတော့ အခုထိမပေါင်းသေးဘူး။ တစ်ခုတည်းဖြစ်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ် ” ရိုက်ကူး –…

ရိုးရာဂီတပြန်လည် ဆန်းသစ်လာမလား

ပြောင်းလဲတိုးတက်မှုမြန်ဆန်လာတာနဲ့အတူ မျိုးဆက်သစ်တို့ရဲ့ ဂီတအပေါ် အာရုံတိမ်းညွှတ်မှုကလဲ ပြောင်းလဲလာခဲ့ပါတယ်။ ခေတ်ပေါ်ဂီတနဲ့တူရိယာတွေအပေါ်မှာ အာရုံကြမှုပိုများလာတဲ့အတွက် ရိုးရာဂီတ၊ ရိုးရာတူရိယာတွေကို လေ့လာသင်ယူတီးခတ်မှုဟာ တဖြေးဖြေး ယုတ်လျော့အားနည်းလာခဲ့ပါတယ်။ မွန်ရိုးရာဂီတနဲ့ အတီးအမှုတ်ပညာရပ်ကို ဆက်လက် လက်ဆင့်ကမ်းနိုင်ဖို့အတွက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီကဦးစီးပြီး မော်လမြိုင်မြို့ကမွန်ဓမ္မာရုံမှာ ၁၄ ရက် ရက်တိုသင်တန်းတစ်ခုကို ပြုလုပ်သင်ကြားပို့ချပေးနေတာကို တင်ဆက်လိုက်ပါတယ်။