လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေ ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရ
မော်လမြိုင် ၊ အောက်တိုဘာ (၁၂) တိုင်းရင်းသား လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာလ (၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ရေးချောင်းဖျားက မွန်ပြည်သစ်ထိန်းချုပ်ဒေသမှာ လူဦးရေ (၁၈၀၀၀၀) ဝန်းကျင် ရှိပါတယ်။ အာ့ဒီဒေသက လူဦးရေ (၄)သောင်းကျော်ကတော့…