မာတီ မီဒီယာ

ကြိုတင်မဲပေးဖို့ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်တွေကို စာရင်းကောက်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်အောင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေက စာရင်းကောက်ခံနေပါတယ်။ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်း ပေးရမှာ ဖြစ်ပါတယ်။ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေ ထူထပ်တဲ့မြို့နယ်တွေက အသက်…

Stay at home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ NLDနှင့် USDP မဲဆွယ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) Stay at Home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ USDP နှင့် NLD ပါတီဝန်းရံသူတွေက လှည့်လည် အင်အားပြခဲ့ပါတယ်။ အောက်တိုဘာလ (၁၄)ရက်နေ့မှာ NLD ပါတီဝန်းရံသူတွေဟာ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ချို့ကို စီတန်းလှည့်လည် အင်အားပြခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့မှာတော့ USDP ပါတီဝန်းရံသူတွေက…

ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေ တောင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) မဲရုံမှူးတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုဟာ အရှိန်အဟုန်မြင့်တက်နေပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲတွေကို ရေတွက်ပြီး ခိုင်လုံမဲနဲ့ပယ်မဲကို ဆုံဖြတ်ရာမှာ အင်အားကြီးပါတီတွေရဲ့ ငြင်းခုံမှုကြောင့် မဲရုံမှူးတွေရဲ့ ရပ်တည်ချက်…

မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို တောင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေနဲ့ အချက် ၇၀ ကျော်ပါဝင်တဲ့ မဲရုံပြင်ဆင်ခြင်းနဲ့ မဲရုံအတွင်းအပြင် လုပ်ဆောင်ရမယ့်အချက်တွေ၊ မဲရုံဝန်ထမ်းတွေနဲ့ လုပ်အားပေးသူတွေ၊ မဲလာပေးကြတဲ့သူတွေ လိုက်နာရမယ့်အချက်တွေအပါအဝင် COVID-19 ရောကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနဲ့အညီဆောင်ရွက်မယ့် ထုတ်ပြန်ချက်တစ်စောင်ကို ခုလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။…

ပထမအကြိမ် မဲပေးမယ့်လူငယ်တွေကို စနစ်တကျ မဲပေးတတ်အောင် သင်တန်းပေး

မော်လမြိုင် ၊ အောက်တိုဘာ (၁၄) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမအကြိမ်ဆန္ဒမဲပေးမယ့် လူငယ်တွေကို စနစ်တကျမဲပေးတတ်အောင် ပေါင်မြို့နယ်မှာ သင်တန်းတွေ ပို့ချပေးနေပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်းနီးပါးရှိပြီး အာ့ဒီအထဲမှာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးမယ့် လူငယ် (၁)သိန်းကျော် ပါဝင်နေတာပါ။ အခုလို ပထမဆုံးအကြိမ် ဆန္ဒမဲပေးမယ့် လူငယ်တွေကို ပယ်မဲ ခိုင်လုံမဲနဲ့ပတ်သက်တာတွေ၊ ပယ်မဲ မဖြစ်အောင် စနစ်တကျ…

မဲရုံဝန်ထမ်းတွေကို အောက်တိုဘာ တတိယအပတ်မှာ သင်တန်းစပေးမည်

မော်လမြိုင် ၊ အောက်တိုဘာ (၁၄) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံဝန်ထမ်းတွေကို အောက်တိုဘာ တတိယအပတ်မှာ သင်တန်းစပေးတော့မယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ မဲရုံ ၉၇၃ လျာထားပြီးတော့ အဲဒီမဲရုံတွေမှာ တာဝန်ထမ်းဆောင်ကြရမယ့် မဲရုံမှူး ဒုမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်ကို ပညာရေးဌာနကနေ ဝန်ထမ်း ၁၅၀၀၀ ကျော် အသုံးပြုဖို့ လျာထားတာပါ။ ကိုဗစ်-၁၉…

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှု အရှိန်အဟုန် မြင့်တက်

မော်လမြိုင် ၊ အောက်တိုဘာ (၁၄) ရွေးကောက်ပွဲနီးကပ်လာတာနဲ့အတူ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု အရှိန်အဟုန်တွေ မြင့်တက်လာနေပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ အပါအဝင် နိုင်ငံရေးပါတီ (၁၇)ခုက ကိုယ်စားလှယ်လောင်း (၃၀၂) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံပြော

မော်လမြိုင် ၊ အောက်တိုဘာ (၁၃) မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆို လိုက်ပါတယ်။ အောက်တိုဘာလ (၁၂)ရက်နေ့အထိ မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူကတော့ (၄၀၀)ကျော်ရှိပြီး (၃၀၀) ကျော်ကတော့ ရောဂါပြန်လည်ကောင်းမွန်လို့ ဆေးရုံက ဆင်းခဲ့ပြီး သေဆုံးသူကတော့ (၈) ဦး ရှိခဲ့ပါတယ်။ အာ့ဒီနောက်မှာ ပြည်နယ်အတွင်းက မြို့နယ်တစ်ချို့ကို stat…

မွန်ပါတီဝန်းရံသူတွေ အင်အားပြလှည့်လည်တာကိုUSDPပါတီဝင်တွေ ထောက်ခံကြိုဆို

မော်လမြိုင်၊ အောက်တိုဘာ(၁၃) သောင်းနဲ့ချီတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ဝန်းရံသူတွေ လှည့်လည်အင်အားပြတာကို USDP ပါတီဝင်တွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ ဝန်းရံသူအင်အား တစ်သောင်းကျော်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရေးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ အင်အားပြလှည့်လည်ခဲ့ကြပြီး ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ကြိုဆိုအားပေးခဲ့ကြတာပါ။ NLD အင်အားကောင်းတဲ့ ရေးမြို့နယ်အနောက်ပိုင်းက အစင်စံပြကျေးရွာနဲ့ ဇီးဖြူသောင်ကျေးရွာမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက မွန်ပါတီဝန်းရံသူတွေကို အချိုရည်တွေတိုက်ကျွေးတာတွေအပြင် အားပေးစကားတွေကို…

ချောင်းဆုံမဲဆန္ဒနယ်မှာNLDကအဓိကပြိုင်ဘက်ဖြစ်တယ်လို့ မွန်ပါတီဝန်းရံသူတွေပြော

မော်လမြိုင် ၊ အောက်တိုဘာ (၁၃) ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အတွက် မွန်ညီညွတ်ရေးပါတီရဲ့ အဓိကပြိုင်ဘက်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ဖြစ်တယ်လို့ မွန်ပါတီဝန်းရံသူတွေက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁) ဦးတို့က ယှဉ်ပြိုင်ကြမှာ…