မာတီ မီဒီယာ

တရုတ်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ပြည်ပငါးတင်ပို့မှု အခက်တွေ့

မော်လမြိုင် ၊ အောက်တိုဘာ (၈) တရုတ်ဘက်က တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ငါးတင်ပို့မှု အားလုံးနီးပါး ရပ်ဆိုင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဘက်က ငါးတင်ပို့ရာမှာ ငါးတွေကို ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးဖို့နဲ့ ငါးလုပ်ငန်း လုပ်ကိုင်သူ အားလုံး ကိုဗစ် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ်ဆေးထိုးပြီးရင်လည်း ၂ ပတ် တစ်ကြိမ် ရောဂါ…

မွန်ဝန်ကြီးချုပ်သာ ဖမ်းဆီးခံရသည့် မွန်ပြည်နယ်အစိုးရအဖွဲ့

ဒေါက်တာအေးဇံ ဦးဆောင်တဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီး ၁၂ ဦး ရှိပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ကြီး ၁၂ ဦးထဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ တစ်ဦးသာ ဖမ်းဆီးခံထားရပါတယ်။ ကျန်ဝန်ကြီးအများစု အဖမ်းမခံရဘဲ ဘာလို့ နေအိမ်မှာ ဆက်ရှိနေတာလဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်…

သားဖြစ်သူအား စီရင်ချက်ချမည့်နေ့ကို မျှော်နေတဲ့ မိခင်

By နောင်ခန့် ဖက်ဆစ်တော်လှန်ရေးလို့ လူထုက သတ်မှတ်တဲ့ မတ်လ (၂၇)ရက် စနေနေ့ ၊ ကျိုက်ထိုမြို့ရဲ့ လမ်းမအချို့မှာ မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ တာယာကွင်းတွေက ကန့်လန့်အနေအထားနဲ့ လမ်းကို ပိတ်နေပါတယ်။ ကျိုက်ထိုရဲ့ လမ်းထောင့်တစ်နေရာမှာတော့ ခြေကျင်းဝတ် ကျည်ထိမှန်ထားတဲ့ သက်လတ်ပိုင်း လူရွယ်တစ်ယောက်ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲနဲ့စစ်သားတွေက ဆဲဆိုကြိမ်းမောင်းပြီး ထိုးကြိတ်နေပါတယ်။ “ ထထ…

မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ အိမ်ခြံမြေ ဝယ်ယူစုဆောင်းသူတွေ များလာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ ငွေသားထက် အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေက ပိုမိုများပြားလာတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် တွေကပြောပါတယ်။ မြန်မာငွေကြေးတန်ဖိုးဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ နှစ်ထောင်ကျော် ပေးလဲရတဲ့အထိ ဆက်တိုက် ကျဆင်းနေသလို ရွှေဈေးတွေမှာလည်း တစ်ကျပ်သားကို ကျပ် (၁၈)သိန်းကျော်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် ပိုင်ဆိုင်မှုရှိသူတွေဟာ…

စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မှာ အဖမ်းခံရသူ (၂၀၀)ကျော်အထိ ရှိလာ

ထားဝယ်၊ စက်တင်ဘာလ ၁၆ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ အဖမ်းခံထားရသူ (၂၀၀) ကျော်ရှိပြီး အဲ့ဒီအထဲက လူဉီးရေ (၅၀)နီးပါးကိုတော့ ထောင်ဒဏ်ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူငယ်အမြောက်အများ ပါဝင်သလို သာမာန်အရပ်သား ပြည်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေကတော့ ပြစ်ဒဏ် (၂)နှစ်ကနေ (၄)နှစ်အထိ အမိန့်ချခံလိုက်ရပြီး ကျန်တဲ့သူတွေကတော့…

ရေးမြို့မှာ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်(၆၀၀)ကျပ်အထိ တိုးမြင့်မည်

မော်လမြိုင် ၊ စက်တင်ဘာ ၁၅ ဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ရေးမြို့နယ်မှာ လျှစ်စစ်မီတာခတွေကို တစ်ယူနစ် (၆၀၀)ကျပ်အထိ တိုးမြင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား မသွယ်တန်းနိုင်သေးတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ အရင်လတွေမှာတော့ လျှစ်စစ်မီးသုံးစွဲမှုအတွက် တစ်ယူနစ်ကို (၅၅၀)ကျပ် ကောက်ခံရာမှ အခုအခါ ဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့်…

ငွေကြေး လိမ်လည်ကောက်ခံမှုတွေကြောင့် စိစစ်ပြီးမှ အလှူငွေထည့်ဖို့ PDFတိုက်တွန်း

ဘီးလင်း ၊ စက်တင်ဘာ (၁၄) တော်လှန်ရေးကို အမည်ခံပြီး ပြည်သူတွေဆီမှ ငွေကြေးလိမ်လည်ကောက်ခံတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စနစ်တကျ စိစစ်ပြီးမှ အလှူငွေထည့်ဝင်ပေးဖို့ ဘီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ လူ့တချို့က အဖွဲ့အစည်းနာမည်ခံပြီး အလှူငွေကောက်ခံတာတွေ ပြုလုပ်ခဲ့ပေမယ့် ထောက်ပံ့မှုတွေဟာ မြေပြင်မှာ ဆောင်ရွက်နေသူတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ “အချို့သော အဖွဲ့အစည်းတွေ နာမည်ခံ အလှူ ရှင်တွေက…

မွန်မှာ ကိုဗစ်ကာကွယ်ဆေး တစ်သိန်းကျော် ထပ်မံထိုးနှံပေးမည်

မော်လမြိုင် စက်တင်ဘာ (၁၄) မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သိန်းကျော်ကို ထပ်မံထိုးနှံပေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေးတွေအား မြို့နယ်အားလုံးကို ဖြန့်ဝေပေးထားပြီး စက်တင်ဘာလ(၁၅)ရက်နေ့မှာ စတင်ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ အခုတစ်ကြိမ် ထိုးနှံပေးရာမှာ သတ်မှတ်ထားတဲ့ လူအုပ်စုတွေအပြင် အသက် (၅၅)နှစ်ကနေ (၆၄)နှစ်အတွင်း ရှိသူတွေ ၊ မသန်စွမ်းတွေ နဲ့ နာတာရှည်ရောဂါခံစားရသူတွေကိုပါ…

PDFတွေရဲ့ လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ NUGကိုတောင်းဆို

မော်လမြိုင် ၊ စက်တင်ဘာ (၁၄) မွန်ပြည်နယ်တဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေလို့ အမျိုးသားညီညွှတ်ရေးအစိုးရမှ ဖြည့်ဆည်းပေးဖို့ လှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ မြို့နယ်အလိုက် PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ဖောက်ခွဲတာတွေ အပါအဝင် သတင်းပေးတွေနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား လုပ်ကြံသတ်ဖြတ်တာတွေကို ယခုလပိုင်းမှာ…

ဌာနဆိုင်ရာရုံးတွေမှာ CCTV မဖြစ်မနေတပ်ဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ စက်တင်ဘာ ၁၃ အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေမှာ CCTV တွေကို မဖြစ်မနေတပ်ဆင်ဖို့ ညွှန်ကြားနေတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ PDF တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအချို့ကို ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ညွှန်ကြားချက်တွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ” ရုံးလုံခြုံရေးနဲ့ ဝန်ထမ်းလုံခြုံရေးအတွက် တပ်ဆင်တာပါပဲ၊ မသင်္ကာစရာလူတွေ့ရင် သက်ဆိုင်ရာကို…