NLD ကလွဲပြီး အခြားပါတီတွေကို မဲပေးသွားမယ်လို့ နှင်းဆီပါတီဝင်အချို့ပြော
မော်လမြိုင် ၊ အောက်တိုဘာ (၂၃) နှင်းဆီပါတီဝင်တွေအနေနဲ့ NLD ကလွဲပြီး အခြားပါတီတွေကိုသာ မဲပေးသွားမယ်လို့ ပါတီစည်းရုံးရေးမှူးတွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလောင်းအရေအတွက် ဒုတိယအများဆုံး ယှဉ်ပြိုင်မယ့် ညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲ မတိုင်မှီမှာ ဖျက်သိမ်းခဲ့ရတာပါ။ ပါတီဝင်စာရင်းတွေအရတော့ မွန်ပြည်နယ်အတွင်းမှာ နှင်းဆီပါတီရဲ့ အမာခံဝန်ရံသူ (၁)သိန်းဝန်းကျင်း ရှိတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ NLD…