ဆောင်းပါး

အနောက်အုပ်စုရဲ့ ယူကရိန်းကို ပေးပို့မယ့်လက်နက်ကြီးကျည်တွေထက် ရုရှားသုံးဆတိုး ထုတ်နေ

မော်စကို၊ မတ် ၁၃ ယူကရိန်းကို ကူညီဖို့အမေရိကန်နဲ့ ဥရောပထုတ်လုပ်နေတဲ့ လက်နက်ကြီးတွေထက် ရုရှားဟာ သုံးဆပိုပြီး ထုတ်လုပ်နေတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။ ရုရှားဟာ တစ်လကို လက်နက်ကြီးကျည် ၂ သိန်းခွဲ ဒါမှမဟုတ် တစ်နှစ်ကို ၃ သန်းလောက် ထုတ်လုပ်နေတယ်လို့ နေတိုးထောက်လှမ်းရေးဌာနက ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပကတော့ ယူကရိန်းကို ပေးပိုဖို့ လက်နက်ကြီးကျည်…

နျူကလီးယား ထိပ်ဖူးအများအပြားသယ်ဆောင်နိုင်တဲ့ ဒုံးကျည် အိန္ဒိယ စမ်းသပ်

နယူးဒေလီ ၊ မတ် ၁၃ နျူကလီးယားထိပ်ဖူးအများအပြား သယ်ဆောင်နိုင်တဲ့ ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်တစ်မျိုး ကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြောကြားလိုက်ပါတယ်။ အကူအညီမလိုဘဲ ပစ်မှတ်အများကြီးကို တိုက်ခိုက်နိုင်တဲ့ MIRV နည်းပညာနဲ့ ပြည်တွင်းမှာပဲ ထုတ်လုပ်ထားတဲ့ Agni-5 ဒုံးကျည်စမ်းသပ်အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ မိုဒီက အသိပေးထားတာပါ။ Agni-5 ဒုံးကျည်ဟာ နျူထိပ်ဖူးအများကြီးကို…

ပြင်သစ်သမ္မတမက်ခရွန်ရဲ့ ယူကရိန်းခရီးစဉ် ထပ်မံရွှေ့ဆိုင်း

ပါရီ၊ မတ် ၁၂ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်ရဲ့ ဖေဖော်ဝါရီလကတည်းက ယူကရိန်းသို့ သွားရောက်ဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို တတိယအကြိမ် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ကို လာမယ့်သီတင်းပတ်တွေမှပဲ သွားရောက်တော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက မတ် ၁၀ ရက်နေ့မှာ အသိပေးပြောကြားခဲ့တာပါ။ သမ္မတဗိုလိုဒီမာဇီလန်စကီးနဲ့ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးရေး ယူကရိန်းသို့ ဖေဖော်ဝါရီလအတွင်း သွားရောက်မယ်လို့ မက်ခရွန်က ကနဦးကပြောဆိုခဲ့ပါတယ်။…

ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံးမှု အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ပြော

မော်စကို၊ မတ် ၁၂ သေဆုံးသွားပြီဖြစ်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်စီနာဗယ်နီဟာ ထောင်ထဲမှာရုတ်တရက် မသေဆုံးခင် လပိုင်းအလိုကတည်းက သူအဆိပ်ခတ်ခံလိုက်ရပြီလို့ထင်ကြောင်း ပြောကြားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ နာဗယ်နီအတွက် ၁၆နှစ်အကြာ ရှေ့နေလိုက်ပေးခဲ့တဲ့ အိုဂါ မီခေးလ်လိုဗာက ၂၀၂၃ ဧပြီလအတွင်း နာဗယ်နီနဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ရုရှားသတင်းဌာန Meduzaသို့ ပြောကြားခဲ့တာပါ။ အဲဒီအချိန်မှာ နာဗယ်နီက “သူတို့ကျွန်တော့်ကို အဆိပ်ခတ်ဖို့…

ဟေတီ အာဏာသိမ်းခေါင်းဆောင်ဟောင်းက ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆို

မက္ကစီကိုစီးတီး၊ မတ် ၉ အမေရိကန်မှာ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ဟေတီနိုင်ငံသို့ ပြန်ရောက်ရှိလာခဲ့တဲ့ ၂၀၀၄ အာဏာသိမ်းမှုဦးဆောင် ပါဝင်ခဲ့သူ ဂိုင်းဖိလစ်ပီက လက်ရှိဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့နဲ့ သူသမ္မတဖြစ်လိုတယ်လို့ မတ် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ပြည်ပမှာ နေထိုင်နေပြီး ပြန်လာဖို့လည်း ဆန္ဒရှိပုံမရတဲ့ လက်ရှိဝန်ကြီးချုပ် အာရီရယ် ဟင်နရီ နုတ်ထွက်ပေးဖို့ တိုက်ခိုက်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လများစွာကြာ အကြမ်းဖက်မှုတွေကြောင့်…

အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့တဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ခံရ

ဂူဝါဟာတီ၊ မတ် ၉ အိန္ဒိယက မြန်မာနိုင်ငံနဲ့ ဗီဇာမလိုတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် သဘောတူညီမှု အဆုံးသတ်လိုက်ပြီလို့ ပြောကြားပြီးနောက် မြန်မာနိုင်ငံကနေ ဝင်ရောက်ခိုလှုံခဲ့တဲ့ ဒုက္ခသည်တွေထဲက ပထမအသုတ်ကို မတ် ၈ ရက်နေ့မှာ စတင်ပြန်ပို့ခဲ့ပါတယ်။ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာဒုက္ခသည်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။…

ဥရောပမှာ အင်အားပြင်းစစ်ပွဲဖြစ်လာနိုင်တယ်လို့ ရုရှားသတိပေး

မော်စကို ၊ မတ် ၉ နေတိုးမဟာမိတ်အဖွဲ့ထဲကို ဆွီဒင်နိုင်ငံရောက်ရှိလာပြီးနောက် ဥရောပမှာ အင်အားအပြည့်သုံးပြီး တိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်လာနိုင်တယ်လို့ ရုရှာထိပ်တန်းအရာရှိတစ်ဦးက သတိပေးလိုက်ပါတယ်။ ရုရှားစစ်တပ်ရဲ့ စစ်အကယ်ဒမီအကြီးအကဲ ဗိုလ်မှူးဗလာဒီမာ ဇာရုနစ်စကီးက ဆွီဒင်ကိုအဖွဲ့ဝင်အဖြစ် နေတိုးက လက်ခံပြီးနောက် အခုလိုသတိပေးခဲ့တာပါ။ အနောက်တိုင်းဟာ သူ့ကိုယ်စားတပ်ဖွဲ့တွေမှာ ပါဝင်မယ့် နိုင်ငံအရေအတွက်ကို တိုးချဲ့ပြီးတော့ ယူကရိန်းစစ်ပွဲအရှိန်မြင့်လာအောင် လုပ်ဆောင်နေတာကြောင့် ဥရောပမှာ ကြီးကြီးမားမား စစ်ပွဲ…

ယူကရိန်းကို ကျောခိုင်းသွားမှာမဟုတ်ဘူးလို့ ဘိုင်ဒန် အသိပေး

ဝါရှင်တန်၊ မတ် ၉ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတော်စည်းလုံးညီညွတ်ရေး နောက်ဆုံးမိန့်ခွန်း မှာ သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်အနေနဲ့ ယူကရိန်းကို ကျောခိုင်းထားရစ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူကရိန်းကို အမေရိကန်ထပ်ပြီးပို့ပေးမယ့် အကူအညီတွေအတွက် လွှတ်တော်မှာ သဘောတူညီမှုရရှိဖို့ ခက်ခဲနေပြီး ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ အကူအညီကို မျှော်လင့်နိုင်တော့မှာမဟုတ်ဘဲ ကိုယ့်အားကိုယ် ကိုးရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေထွက်ပေါ်နေချိန်မှာ ဘိုင်ဒန်က အခုလိုပြောခဲ့တာပါ။ ယူကရိန်းသမ္မတ…

အမေရိကန်သမ္မတရာထူးရဖို့ကြိုးပမ်းမှုကနေ နစ်ကီဟာလေ နုတ်ထွက်

ဝါရှင်တန် ၊ မတ် ၈ နစ်ကီဟာလေးဟာ ရီပတ်ပလစ်ကန် ပါတီရဲ့တစ်ပြေးနေတဲ့ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ထရန့်ကိုစိန်ခေါ်နေမှုကနေ အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ သမ္မတဟောင်းနဲ့ လက်ရှိသမ္မတတို့သာ အဓိကယှဉ်ပြိုင်ရတော့မှာပါ။ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ထရန့်လက်ထက်က ကုလသမဂ္ဂ ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ နစ်ကီဟာလေဟာ ရီပတ်ပလစ်ကန်တို့ရဲ့ သမ္မတလောင်းရွေးချယ်ရေး နေရာ ၁၅ ခုထဲက ၁၄ နေရာမှာ ထရန့်ကို…

စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်မြှင့်ဖို့ ကင်ဂျုံအန် အမိန့်ပေး

ပြုံယမ်း ၊ မတ် ၈ မြောက်ကိုရီးယားခေါင်းဆောင်ဟာ နိုင်ငံအနောက်ပိုင်း စစ်ဆင်ရေးအခြေစိုက်စခန်းမှာ လေ့ကျင့် မှုတွေပြုလုပ်နေတဲ့ စစ်သားတွေကို သွားရောက်တွေ့ဆုံပြီး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အရှိန်တိုးမြှင့်ကြဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA မှာဖော်ပြထားပါတယ်။ တောင်ကိုရီးယားက အရင်နှစ်ကထက် စစ်သည်အင်အား နှစ်ဆကျော်ပါဝင်တဲ့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက် ကင်ဂျုံအန်က သူရဲ့စစ်အခြေစိုက်စခန်းကို သွားရောက်ခဲ့တာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအတွက် လိုအပ်ချက်တွေနဲ့အညီ စစ်ပွဲအတွက်…