ဆောင်းပါး

မြန်မာပြဿနာ ကူညီဖြေရှင်းရေး အချက်လေးချက် အစီအစဉ် ထိုင်းလွှတ်တော် တင်သွင်း

ဘန်ကောက်၊ မတ် ၁၉ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းရေး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေးဆိုင်ရာကော်မတီက အချက်လေးချက်ပါ အစီအစဉ်တစ်ရပ် တင်သွင်းထားပါတယ်။ ဖျူထိုင်းပါတီ လွှတ်တော်အမတ် ကော်မတီ ဥက္ကဋ္ဌ နော်ပါဒွန် ပတ်တာမာက မိမိတို့ကော်မတီအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေပြီး ပြဿနာအဆုံးသတ်ရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံတယ်လို့ ဆိုခဲ့တာပါ။ ထိုင်းအစိုးရက စုပေါင်းတုံ့ပြန်မှုတစ်ရပ်ပြုလုပ်ရေး အထောက်ကူဖြစ်စေမယ့် အချက် ၄…

ရုရှားရွေးကောက်ပွဲမှာ ပူတင် အပြတ်အသတ်အနိုင်ရ

မော်စကို၊ မတ် ၁၉ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပဉ္စမမြောက် ရာထူးသက်တမ်းအတွက် မဲ ၈၇ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်က မိမိတို့ ရွေးကောက်ပွဲဟာ အနောက်တိုင်းရွေးကောက်ပွဲတွေထက် ပိုမိုပွင့်လင်းမြင်သာရှိတယ်လို့ ပြောပါတယ်။ အနိုင်ရဖို့ ရာနှုန်းပြည့်နီးပါး သေချာနေတဲ့ ရွေးကောက်ပွဲမှာ ပူတင်ဟာ ကရင်မလင်နန်းတော်က ခွင့်ပြုခဲ့တဲ့ တခြားကိုယ်စားလှယ်လောင်း သုံးဦးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။…

လေတပ်စစ်ရေး လေ့ကျင့်မှုတွေ ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်

ပြုံယမ်း၊ မတ် ၁၇ မြောက်ကိုရီးယား လေတပ်စစ်ရေး လေ့ကျင့်မှုတွေကို ခေါင်းဆောင် ကျင်ဂျုံအန်က ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး စစ်ပွဲအတွက် လက်တွေ့ကျကျကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြထားပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာပါ။ စစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ လက်တွေ့…

ရုရှားထံ ပဲထိန်းဒုံးကျည်တွေမပေးဖို့ အီရန်ကို G7 သတိပေး

တီဟီရန် ၊ မတ် ၁၇ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားထံ ပဲ့ထိန်းဒုံးကျည်တွေမပေးပို့ဖို့အတွက် အီရန်နိုင်ငံကို G7 အဖွဲ့ဝင်နိုင်ငံတွေက သတိပေးလိုက်ပြီး ပေးပို့ခဲ့မယ်ဆိုပါက အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေကို ရုရှားဆီပေးပို့ခဲ့မယ်ဆိုပါက အီရန်ကို သိသာတဲ့ အရေးယူမှုအသစ်တွေအပါအဝင် အလျင်အမြန် တုံ့ပြန်ရေး ပြင်ဆင်ထားတယ်လို့ G7 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန်က…

ဟူသီသူပုန်အဖွဲ့  အသံထက်မြန်တဲ့ ဒုံးကျည်ရရှိ

ဒူဘိုင်း၊ မတ် ၁၆ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားပြီလို့ ရုရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဂါဇာမှာ ဟားမာ့စ်အဖွဲ့ကို ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ အစ္စရေးကို ဆန့်ကျင်တဲ့ ဟူသီအဖွဲ့အနေနဲ့ အသံထက်ပိုမြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားတာဟာ တကယ်ဖြစ်လာမယ်ဆိုပါက ပင်လယ်နီမှာ သူတို့အဖွဲ့ရဲ့ အန္တရာယ်တွေ ပိုများလာမှာပါ။ ဒီသတင်းကို ရုရှားသတင်းဌာန RIA Novosti က အမည်ဖော်ပြမထားတဲ့…

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ စားစရာရဖို့ စောင့်ဆိုင်းနေသူ ၂၉ ဦးသေဆုံး

ဂါဇာ၊ မတ် ၁၆ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ မတ် ၁၄ ရက်နေ့က တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စားစရာပေးဝေချိန် စောင့်ဆိုင်းနေသူ ၂၉ ဦးသေဆုံးခဲ့တယ်လို့ ဟားမာစ့်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးက ဂါဇာအလယ်ပိုင်း အယ်လ်နူဆီရတ် ဒုက္ခသည်စခန်းက အကူအညီပေးရေး စင်တာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဟားမာ့စ်အရာရှိတွေက ဆိုခဲ့တာပါ။ ဒါ့အပြင်…

အီးယူက ယူကရိန်းကို ယူရို ၅ ဘီလျံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီပေးမယ်

ဘရပ်ဆဲလ်၊ မတ် ၁၅ ယူကရိန်းကို အရှိန်မြှင့်ကူညီပေးရေး ရန်ပုံငွေတစ်စိတ်တစ်ပိုင်းအဖြစ် ယူရို ၅ ဘီလျံ ကန်ဒေါ်လာ ၅ ဒသမ ၄၈ ဘီလျံ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီပေးဖို့အတွက် EU အဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီခဲ့ကြပါတယ်။ လများစွာကြာ အချေအတင်ဆွေးနွေးခဲ့ကြပြီးနောက် ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီယူအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ သံအမတ်ကြီးတွေက အခုလိုသဘောတူညီခဲ့ကြတာပါ။ ဆွေးနွေးမှုတွေမှာ…

နျူကလီးယားစစ်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလို့ ပူတင် ပြော

မော်စကို၊ မတ် ၁၅ ရုရှားအနေနဲ့ နျူကလီးယားစစ်ပွဲအတွက် နည်းပညာအရ အဆင်သင့်ဖြစ်နေပြီလို့ သမ္မတ ပူတင်က အနောက်အုပ်စုကို သတိပေးခဲ့ပြီး ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်ခဲ့ပါက စစ်ပွဲကို သိသိသာသာ အရှိန်မြှင့်အောင် လုပ်ဆောင်တာပဲလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။ နောက် ၆ နှစ်အာဏာဆက်လက်ရရှိဖို့ သေချာနေတဲ့ သမ္မတပူတင်ဟာ မတ်လ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ…

Move Forward ပါတီ ဖျက်သိမ်းရေး ရွေးကောက်ပွဲကော်မရှင်က တရားရုံးထံတောင်းဆိုမယ်

ဘန်ကောက်၊ မတ် ၁၄ နန်းတော်အပေါ်စော်ကားမှုကို တားမြစ်ထားတဲ့ဥပဒေကို ပြောင်းလဲရေး Move Forwardပါတီရဲ့ ကြိုးပမ်းမှုက နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ကို အားလျော့စေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပါတီဖျက်သိမ်းရေး ထိုင်းရွေး ကောက်ပွဲကော်မရှင်က တရားရုံးကိုဦးတိုက် လျောက်ထားမှာဖြစ်တယ်လို့ မတ် ၁၂ရက်နေ့မှာ ပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီက နန်းတော်စော်ကားမှုဆိုင်ရာ ဥပဒေကို ပြောင်းလဲဖို့ စီစဉ်နေတာဟာ…

ဘိုင်ဒန်နဲ့ ထရန့်တို့ကို သူတို့ရဲ့ပါတီတွေက ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းမယ်

ဝါရှင်တန်၊ မတ် ၁၄ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး သူတို့ရဲ့သက်ဆိုင်ရာပါတီတွေက အမည်စာရင်းတင်သွင်းဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေနဲ့ အားလုံး ကိုက်ညီသွားပြီဖြစ်ကြောင်း CBSသတင်းမှာ ဖော်ပြထားပါတယ်။ မတ် ၁၂ ရက်က သူတို့အတွက် ပါတီတွင်း ရွေးကောက်ပွဲတွေကို ပြည်နယ်လေးခု၊ အမေရိကန်နယ်နိမိတ် တစ်ခုနဲ့ ပြည်ပမှာနေထိုင်တဲ့ ဒီမိုကရက်တို့အတွက်ကျင်းပပေးခဲ့ပါတယ်။ ရလဒ်တွေအရ…