အင်တာဗျူး

အာဏာသိမ်းပြီးနောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ စစ်ကောင်စီက ဘာတွေကျူးလွန်နေလဲ။

“လူတွေနေတဲ့ ပရဝုဏ် အိမ်ခြေတွေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ခြေ၊ လက်အင်္ဂါ ချို့ယွင်း ဆုံးရှုံးကုန်ကြတဲ့အတွက် နောက်ပြန်ပြီး နာလန်မထူနိုင်တဲ့ အနေအထား ထိရောက်ကြတယ်။ အဲဒီအထဲမှာဆိုရင် အမျိုးသမီးတွေ ကလေးသူငယ်တွေလည်း ပါပါတယ်” နိုင်အိုင်းမွန် (HURFOM) မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတောင်ပိုင်း မွန်၊ ကရင်နဲ့ တနင်္သာရီဒေသက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ်…

ထားဝယ်ခရိုင်အတွင်းက ဆန္ဒပြလှုပ်ရှားမှုအခြေအနေတွေ ဘယ်လိုရှိနေလဲ။

“စစ်တပ်ကနေပြီး ဖြတ်လေးဖြတ် အနေအထား ကန့်သတ်လိုက်တဲ့အခါမှာ ကုန်ဈေးနှုန်းတွေ ပိုမြင့်လာပြီး လူထုက ခက်ခဲကြပ်တည်းလာတယ်။ လူထုခက်ခဲလာတော့ ကျွန်တော်တို့လည်း ခက်ခဲလာတယ်” ကိုမင်းလွင်ဦး (ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ) မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့ပါတယ်။ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့…

အကျဉ်းထောင်တွေထဲက အမျိုးသမီးအကျဉ်းသူတွေရဲ့ အခြေအနေ ဘယ်လောက်ဆိုးရွားနေလဲ။

“မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေ၊ ကလေးတွေ အမျိုးသမီးတွေ ပြောရမယ်ဆိုရင် အမျိုးသမီးလေးတွေကို စစ်ကောင်စီတပ်သည် မလေးစားတဲ့အပြင် မုဒိမ်းမှုတွေကျုးလွန်တယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေ အားနွဲ့တဲ့ အမျိုးသမီးတွေကို နိုင်ထက်စီးနင်းလုပ်တယ်” မဇူးဇူးမေယွန်း (နိုင်ငံရေးအကျဉ်းသူများ အဖွဲ့) လက်ရှိ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသူတွေဟာ ထောင်ဝန်ထမ်းတွေရဲ့ နိုင်ထက်စီးနင်း လုပ်ဆောင်တာကိုခံနေရပါတယ်။ ဥပမာအားဖြင့် မကြာသေးမီက…

အာဏာသိမ်းကာလ မြန်မာ့သတင်းမီဒီယာအခြေအနေ ဘယ်လိုရှိနေလဲ။

“အရင်ကထက်စာရင် မီဒီယာတွေ ရပ်တည်ရေး ခက်လာတယ်။ အခု ဇူလိုင်လဆိုရင် တချို့ မီဒီယာအသေးလေးတွေ ရပ်သွားပြီ။ ထောက်ပံ့ရေးလည်း နည်းလာပြီ။ အန္တရာယ်‌လည်း များလာပြီ” ဦးတိုးဇော်လတ် (အတွင်းရေးမှူး – IPCM) ၂၀၂၁ ခုနစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ဆိုးရွားကျဆင်းလာနေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာစိန်ခေါ်မှု အခြေအနေတွေကြောင့် ပြည်တွင်းပြည်ပက လွတ်လပ်တဲ့သတင်းမီဒီယာသမားတွေ စုပေါင်းပြီး ၂၀၂၃ ခုနှစ်၊…

၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ တကယ်ဖြစ်လာနိုင်သလား။

“လက်ရှိအနေအထားမှာ နေရာပေါင်းစုံက တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အဲဒီလိုမျိုး အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ဖို့အတွက်တော့ အင်မတန်ခက်တယ်” ဒေါက်တာ စိုင်းကြည်ဇင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ) တိုင်းရင်းသားဒေသတွေမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြောလာပါတယ်။ သူပြောတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေကြားထဲမှာတော့ အမျိုးမျိုး ပြောဆိုဝေဖန်မှုတွေ…

ထိုင်းအစိုးရရဲ့ ပန်းရောင်ကတ်ထုတ်ပေးမယ်ဆိုတဲ့ကိစ္စ ဘယ်လိုအခြေအနေရှိလဲ။

“ပန်းရောင်ကတ်လုပ်ပေးမယ်ဆိုလို့ ဝင်လာတာတွေ လက်ရှိမှာ ထပ်ပြီး တိုးပွားလာနိုင်သလို မူလအစကလည်း ပြည်တွင်းမှာ မငြိမ်သက်မှုတွေ စစ်ဘေးစစ်ဒဏ်တွေ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမစဲ တသဲသဲဆိုသလို ဖြစ်နေတယ်” ဦးအောင်ကျော် (LRF ပြောခွင့်ရသူ) မကြာသေးခင်ပဲ ထိုင်းအစိုးရက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဒေသအခေါ် ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က ရွှေ့ပြောင်းလုပ်သားတွေအတွက် ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။ ဘယ်နေ့ဘယ်ရက်ကစလို့ စာရင်းတင်သွင်း…

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ဘာတွေဖြစ်နေလဲ

“လက်နက်ပုဒ်မနဲ့ ရောက်လာတဲ့သူတွေဟာ ငါတို့ရဲ့ ရန်သူတွေပဲ ဆိုတဲ့ တွေးခေါ်ယူဆချက်တွေနဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေဟာ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေ၊ သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ ချိုးဖောက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေ ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ပြောလို့ရပါတယ်” ကိုသိုက်ထွန်းဦး (PPNM) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေဟာ အခုလတ်တလောအထိ ၂…

အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် အခြေအနေ ဆက်သွယ်မေးမြန်းချက်

“လက်ရှိ စုဆောင်းခံရတဲ့ အမျိုးသားစစ်သား စစ်မှုထမ်းတွေလိုပါပဲ။ သူတို့ရဲ့ သွားလာခွင့်တွေ နေထိုင်ခွင့်တွေ အကုန်လုံး ကန့်သတ်ပိတ်ပင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်” – CDM ဗိုလ်ကြီး ညီသုတ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ တချို့ဒေသတွေမှာ အမျိုးသမီးတွေကိုလည်း စစ်သင်တန်းတက်ဖို့ ခေါ်ယူစုဆောင်းဖို့ လုပ်ဆောင်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။ စစ်မှုထမ်းဥပဒေအရ သာမန်အနေနဲ့ အသက် ၁၈ ကနေ ၂၇ နှစ်အတွင်းနဲ့…

အညာဒေသလူထုတိုက်ပွဲ ဘယ်အထိ ခရီးပေါက်နေပြီလဲ

“ကျွန်တော်တို့ အညာဒေသရဲ့ တော်လှန်ရေးဟာ ကောက်ရိုးမီးမဟုတ်ဘူး။ ရှားမီးဖြစ်တယ်။ တမြေ့မြေ့နဲ့ ကျွမ်းလောင်နေပြီး အခုအချိန်အထိ မငြှိမ်းသတ်နိုင်သေးဘူး။ တော်လှန်စိတ်ဓာတ်တွေ ပြင်းထန်စွာရှိပါတယ်” – ကိုချစ်ဝင်းမောင် (မကွေးလူထုတိုက်ပွဲကော်မတီဝင်) စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ကို ဒီနေ့အထိ လူအင်အားနဲ့ရော ရှိတဲ့လက်နက်အင်အားနဲ့ပါ တော်လှန်တိုက်ခိုက်နေကြတဲ့အထဲမှာ မကွေးနဲ့ စစ်ကိုင်းစတဲ့ အညာဒေသဝန်းကျင်က ပြည်သူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့ အခုလိုအချိန်မှာ အဲဒီအညာဒေသက…

ကရင်နီပြည်၊ IEC ပညာရေးဌာနလက်အောက်က ကျောင်းတွေမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။

“ကျောင်းမှာ သင်ခွင့်မရတဲ့ ကျေးရွာတွေမှာဆိုရင် ရွာအပြင် စစ်ရှောင်စခန်းမှာ မိုးကာတဲနဲ့တဲထိုးပြီး သင်ကြားနေရတဲ့ အဆင့်ဖြစ်တယ်။ ပြည်သူတို့ရဲ့ နေအိမ်မှာအကန့်တွေ ခွဲပြီး သင်ကြားနေတာ ရှိပါတယ်” – ဦးဘယ်ညာမီးနို (ဒုဌာနမှူး၊ IEC ပညာရေးဌာန) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်အရေအတွက်တိုးလာတဲ့ ကရင်နီပြည်နယ်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လက်အောက်မှာ ပညာရေးဌာနကို ဖွင့်လှစ်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေအတွက်…