သတင်း

အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်တောင်းခံနေ၍ ပြည်သူ့အချို့အခက်တွေ့နေဟုဆို

ပေါင်၊ စက်တင်ဘာ၂၀ ပေါင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်များတောင်းခံနေခြင်းကြောင့် အိမ်ထောင်စုစာရင်းပြုလုပ်သူ ပြည်သူအချို့အခက်တွေ့နေကြောင်း သိရသည်။

သံဖြူဇရပ်တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေ

သံဖြူဇရပ်၊ စက်တင်ဘာ ၁၉ သံဖြူဇရပ်မြို့တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ပေါင်တွင် ကျောင်းဆရာမတစ်ဦး ဓါးဖြင့်ခြိမ်းခြောက်လုယက်ခံရ

ပေါင်၊ စက်တင်ဘာ ၁၇ ပေါင်မြို့နယ် ကဒါမြို့သစ်တွင် အိမ်ပြန်လာသော ကျောင်းဆရာမတစ်ဦး ဓားဖြင့် ခြိမ်းခြောက် ခံရကာ ရွှေထည်ပစ္စည်းများနှင့် ငွေသားအချို့လုယူခံရကြောင်း သတင်းရရှိပါသည်။

“လူတွေရဲ့အမြင်ကိုလည်း ပြောင်းလဲပေးဖို့ လိုအပ်တယ်”

မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲသင့်ပြီလို့ မေ့စွမ်းရည်အဖွဲ့က ပြောလိုက်ပါတယ် ရန်ကုန် (Myanmar Now) – နိုင်ငံရေးမှာ အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ဖို့ သင်တန်းပေးနေသူများထဲမှာ ရန်ကုန်အခြေစိုက် မေ့စွမ်းရည်အဖွဲ့လည်း ပါဝင်

အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် စီမံကိန်းနှစ်ခုအစား ပြည်သူအကျိုးရှိ သည့် စီမံကိန်းများပြောင်းလဲဆောင်ရွက်ရန် အဆို အနိုင်ရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အတည်ပြုထားသည့် မွန်ပြည်နယ်အတွင်း တည်ဆောက် မည့် စီမံကိန်း(၂)ခုဖြစ်သော အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် ကုန်ကျ မည့်ငွေအား လွှတ်တော်မှပြောင်းလဲသုံးစွဲသင့်ကြောင်း အဆိုအောင်မြင်သွားကြောင်းသိရသည်။

ပထမတရက်သာ လွှတ်တော်တက်ပြီး နောက်ရက်များခွင့်ယူသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ ၄ရက် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တရက်သာ တက်ရောက်ပြီး နောက်ပိုင်း ရက်များတွင် ခွင့်ယူသွားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

သစ်တောဦးစီးဌာန စီမံပိုင်ခွင့်မြေပေါ်တွင် ရော်ဘာနှင့် အခြားစက်မှုကုန်ကြမ်း သီးနှံစိုက်ခွင့် မပြုတော့

မော်လမြိုင်၊ စက်တင်ဘာ ၇ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်နှင့် သဘာဝကာကွယ်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်း သီးနှံစိုက်ပျိုးမှုအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (မွန်ပြည်နယ်) သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။

အစိုးရသစ်အနေဖြင့် သံလွင်မြစ်ရေကာတာ (၆) ခုကို ဆက်မလုပ်ဖို့တိုက်တွန်း

မော်လမြိုင်၊ စက်တင်ဘာ ၇ အစိုးရသစ်အနေဖြင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေကာတာလျှပ်စစ်စီမံကိန်း(၆)ခုကို ဆက်မလုပ် သွားရန် တိုက်တွန်းသည့်အစီရင်ခံစာကို (MYPO)အဖွဲ့က စက်တင်ဘာ (၇)ရက်တွင် ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်ရှိ ကျောက်မိုင်းအားလုံး ပြန်စစ်မည်

Dawei Watch မော်လမြိုင်၊ စက်တင်ဘာ ၅ လယ်မြေများပျက်စီးကြောင်း ဒေသခံများအသံထွက်လာပြီးနောက် မွန်ပြည်နယ်၏ ကျောက်မိုင်းများအားလုံးကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

မွန်တွင် လက်ကိုင်စက်လွှ ရောင်းချမှု ကြပ်မတ်မည်

Dawei Watch မော်လမြိုင်၊ စက်တင်ဘာ ၂ မွန်ပြည်နယ်အတွင်း လက်ကိုင်စက်လွှ (Chain Saw) များ အသုံးပြုနေမှုကို ထိန်းချုပ်နိုင်ရန် သြဂုတ်မှစပြီး စတင် စိစစ်လျက်ရှိ ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မွန်ပြည်နယ် သစ်တောရေးရာဦးစီးဌာနထံမှ သိရသည်။