ပညာရေး

မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားဖို့ စာရေးကိရိယာတွေ လိုအပ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၉) မြိုင်ကြီးငူဒေသမှာ ရောက်ရှိခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် စာရေးကိရိယာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ မယ်သဝေါဒေသက စစ်ရှောင်တွေအပြင် ဖာပွန်ဒေသက စစ်ရှောင်တွေ လာရောက်ခိုလှုံနေတာ ဖြစ်ပါတယ်။ စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် နီးစပ်ရာအစိုးရစာသင်ကျောင်းနဲ့ စခန်းအတွင်းမှာဖွင့်ထားတဲ့ ပြင်ပစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်ကလေးတွေအတွက်…

တက္ကသိုလ်တွေ ပြန်ဖွင့်ဖို့ စီစဥ်တာဟာ ပညာရေးကို ဓားစာခံလုပ်နေတာလို့ ဆရာတွေ ဝေဖန်

မော်လမြိုင် ၊ နိုဝင်ဘာ (၆) အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလမှာ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ပြန်လည် ဖွင့်နိုင်ဖို့အတွက် တက်ရောက်ဖို့ စာရင်ပေးထား တဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့လည်း စစ်ကောင်စီက စီစဉ်နေပါတယ်။ စစ်ကောင်စီက တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်ဖို့စီစဉ်တာဟာ ပညာရေးကို ဓါးစားခံ လုပ်နေတာဖြစ်ပြီး တက်ရောက်သူတွေအတွက်လည်း…

ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော် ကာကွယ်ဆေးထိုးနိုင်ရန် တင်ပြထား

မော်လမြိုင် ၊ ဇန်နဝါရီ (၂၉) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံတဲ့အခါ အဆင်သင့်ဖြစ်အောင် မွန်ပြည်နယ်က ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော်ကို စာရင်း ကောက်ယူပြီး ကျန်းမာရေးဝန်ကြီးဌာနထံ ပေးပို့ထားပါတယ်။ အိန္ဒိယက ချစ်ကြည်ရေးလက်ဆောင်ပေးခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိပြီးတဲ့နောက် နိုင်ငံတဝှမ်းမှာ ကာကွယ် ဆေးထိုးတဲ့လုပ်ငန်းတွေကို ဇန်နဝါရီလ (၂၇)ရက်နေ့မှာ စတင်ခဲ့တာပါ။ ကနဦးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံခဲ့တာဖြစ်ပြီး နောက်တဆင့်အနေနဲ့…

မွန်အမျိုးသားကျောင်း ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ပြထား

မော်လမြိုင် ၊ ဇန်နဝါရီ (၁၅) မွန်အမျိုးသားစာသင်ကျောင်းက ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ မွန်ပြည်နယ်လွှတ်တော် တိုင်ရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ထူးက ပြောပါတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ အဓိက ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဆရာမတွေရဲ့လစာအပါအဝင် ရုံးဝန်ထမ်းလစာ၊ ကျောင်းတည်ဆောက်ပြုပြင်တာတွေအတွက် နှစ်စဉ် ကျပ်သန်းနှစ်ထောင်ခန့် ကျခံ သုံးစွဲနေရပါတယ်။ ဒီလိုအ‌ခြေအနေတွေကြောင့် မွန်ပြည်နယ်တိုင်းရင်းသားရေးရာကော်မတီအနေနဲ့…

ကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ပြင်ဆင်နေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) အစိုးရက ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ အခြေခံပညာကျောင်းပေါင်း (၁၀၀၀)ကျော်ရှိပြီး ကျောင်းသူကျောင်းသား (၄)သိန်းကျော်က နှစ်စဉ် ပညာသင်ကြားနေကြပါတယ်။ ပထမအကြိမ် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်စဉ်အတွင်းမှာတော့ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်ဟာ ကိုဗစ် စည်ကမ်းချက်တွေနဲ့ အညီ…

မွန်အမျိုးသားကျောင်း ဆရာတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ စက်တင်ဘာ (၂၄) မွန်အမျိုးသားပညာရေးကျောင်းတွေက ဆရာ ဆရာမတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ အပါအဝင် အချက်သုံးချက်ကို တောင်းဆိုထားတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီက ပြောပါတယ်။ ဒေသခံတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဘဏ္ဍာရေးအခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရ ကျောင်းဆရာတွေကို ပေးတဲ့ လစာရဲ့ (၄၀)ရာခိုင်နှုန်းကို မွန်အမျိုးသားကျောင်းဆရာတွေကို…

ကိုဗစ်ကာလ ကျန်းမာရေးဌာန လမ်းညွှန်ချက်အတိုင်း ရေးမြို့လူငယ် သင်တန်းကျောင်းဖွင့်လှစ်

ရေး ၊ ဩဂုတ် (၁၉) နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ရေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကိုဗစ်ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်နေပါတယ်။ အဲဒီကျောင်းမှာ အခြေခံပညာအထက်တန်းအဆင့်‌ ကျောင်းသားကျောင်းသူ ၅၂ ဦး ပညာသင်ကြားနေကြပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်းချက်အတိုင်း လိုက်နာနေတယ်လို့ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်သက်ခိုင်က ပြောပါတယ်။ ” ကျောင်းအတွင်းအပြင်သွားလာနေထိုင်စားသောက်တာကအစ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနညွှန်ကြားချက်တွေအတိုင်း အလေးအနက်ထား တိတိကျကျနေထိုင်နေပါတယ်၊…

တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းဖို့ မွန်အမျိုးသားကျောင်းစီမံချက် ရေးဆွဲသွားမည်

မော်လမြိုင် ၊ ဩဂုတ် ၁၂ မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားလာစေဖို့အတွက် စီမံချက်တွေ ရေးဆွဲသွားမယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီတာဝန်ခံ ဆရာမင်းအောင်ဇေက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်အမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသား ၁၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်မြင်ခဲ့တာပါ။ မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ဟာ…

မွန်ပြည်နယ်အောင်ချက် (၃၄.၇၁) ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ တတိယနေရာ ရရှိ

မော်လမြိုင် ၊ ဩဂုတ် (၉) ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း(၃၄.၇၁) ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံရဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်မှ ကျောင်းသူကျောင်းသား သုံးသောင်းကျော်က ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး အောင်မြင်သူ တစ်သောင်းကျော် ရှိခဲ့ပါတယ်။ အောင်မြင်သူတွေထဲမှာ ၆ ဘာသာ ဂုဏ်ထူးရှင် (၂၄) ဦး ၊ ၅ ဘာသာ…

မွန်ပြည်နယ်ရဲ့ ပထမဆုံး Mon Language Class ရေးမှာ ဖွင့်မည်

ရေး ၊ ဇူလိုင် (၂၈) မွန်ပြည်နယ်ရဲ့ ပထမဆုံး Mon Language Class ကို လာမယ့် ဩဂုတ်လအတွင်း ရေးမြို့မှာ ဖွင့်လှစ်သွားတော့မှာပါ။ ရေးမြို့ဟာ မွန်လူမျိုးအများဆုံး နေထိုင်တာဖြစ်ပေမယ့် မွန်စကားနဲ့ မွန်စာပေ တတ်မြောက်သူ နည်းပါးလာတာကြောင့် မွန်ယဉ်ကျေးမှုနဲ့ စာပေ မပပျောက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလို့ Mon Language Class ဖြစ်မြောက်‌ရေးကော်မတီအတွင်း‌ရေးမှူး…