Covid 19

မွန်ပြည်သစ်ထိန်းချုပ်ဒေသ ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေး လာဖြတ်သူ (၂၀၀)ကျော် ရှိ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၃) မွန်ပြည်သစ်ထိန်းချုပ်ဒေသက မူးယစ်ဆေးဝါးဖြတ်စခန်းတွေမှာ လာရောက်ဆေးဖြတ်သူ (၂၀၀)ကျော် က ပုံမှန်ရှိနေပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီဟာ သထုံခရိုင် မော်လမြိုင်ခရိုင်နဲ့ ထားဝယ်ခရိုင်က ထိန်းချုပ်ဒေသတွေမှာ မူးယစ်ဆေးဖြတ်စခန်းတွေကို ၂၀၁၅ ခုနှစ်ဝန်းကျင်မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။ အဲဒီလိုဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ ကျေးလက်ဒေသတွေက မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေကို မိဘတွေက ဆေးဖြတ်ဖို့ လာရောက်ပို့ဆောင်လေ့ ရှိပါတယ်။…

ကိုဗစ်ဇစ်မြစ်ကို စုံစမ်းဖို့ WHO ပညာရှင်တွေ တရုတ်ကို သွားမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိပ္ပံပညာရှင် ၁၀ ဦးဟာ ကိုဗစ် -၁၉ ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ရန်အတွက် လာမယ့်ကြာသပတေးနေ့မှ တရုတ်နိုင်ငံသို့ လာရောက်မှာ ဖြစ်တယ်လို့ တရုတ် အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့ပါတယ်။ ကိုဗစ် ကူးစက်ရောဂါစတင်ပြီးနောက် တစ်နှစ်ကျော်အကြာတွင် စုံစမ်းစစ်ဆေးရေး ပြုလုပ်မှုကို ပေကျင်းအစိုးရမှ တားဆီးဖို့ ကြိုးပမ်းနေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်…

ကိုဗစ်ဇစ်မြစ်ကို စုံစမ်းဖို့ WHO ပညာရှင်တွေ တရုတ်ကို သွားမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိပ္ပံပညာရှင် ၁၀ ဦးဟာ ကိုဗစ် -၁၉ ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ရန်အတွက် လာမယ့်ကြာသပတေးနေ့မှ တရုတ်နိုင်ငံသို့ လာရောက်မှာ ဖြစ်တယ်လို့ တရုတ် အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့ပါတယ်။ ကိုဗစ် ကူးစက်ရောဂါစတင်ပြီးနောက် တစ်နှစ်ကျော်အကြာတွင် စုံစမ်းစစ်ဆေးရေး ပြုလုပ်မှုကို ပေကျင်းအစိုးရမှ တားဆီးဖို့ ကြိုးပမ်းနေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်…

ထိုင်းမှာ ကိုဗစ်ကူးစက်ခံရတဲ့ မြန်မာနိုင်ငံသားတွေ ဆေးရုံဆင်းခွင့် ရပြီး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ နီးပါးဟာ စမွတ်ဆာခွန် ရှိဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ပထမဆုံး ကိုဗစ်ရောဂါမှ အစုအဖွဲ့လိုက် အရေအတွက် များများ ပြန်လည်သက်သာလာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စုစုပေါင်းမြန်မာရွေ့ပြောင်းအလုပ်သမား (၂၉၂) ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုမရှိတော့ဘူးလို့ ကြေငြာခဲ့ပြီးတော့‌ ၎င်း အလုပ်သမားတွေအတွက် အားကစားကွင်းအတွင်း…

ကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ပြင်ဆင်နေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) အစိုးရက ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ အခြေခံပညာကျောင်းပေါင်း (၁၀၀၀)ကျော်ရှိပြီး ကျောင်းသူကျောင်းသား (၄)သိန်းကျော်က နှစ်စဉ် ပညာသင်ကြားနေကြပါတယ်။ ပထမအကြိမ် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်စဉ်အတွင်းမှာတော့ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်ဟာ ကိုဗစ် စည်ကမ်းချက်တွေနဲ့ အညီ…

ကျောက်မီးသွေးရုံငါးစျေး ပိတ်ထားရလို့ ယခင်သံလွင်စျေးမှာ ယာယီဖွင့်လှစ်ဖို့ တောင်းဆို

မော်လမြိုင်၊ ဇန်နဝါရီ ၈ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုကြောင့် ကျောက်မီးသွေးရုံ ငါးစျေး ပိတ်ထားရတဲ့အတွက် မူလနေရာ သံလွင်စျေးမှာ ယာယီစျေးဖွင့်လှစ်နိုင်ရေးအတွက် အစိုးရထံ တင်ပြထားတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်မီးသွေးရုံငါးစျေးဟာ မွန်ပြည်နယ်အတွင်းက ငါးတွေကို အဓိက ဖြန့်ဖြူရောင်းချနေတဲ့ စျေးကွက် တစ်ခု ဖြစ်ပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး အဲ့ဒီစျေးမှာ အတည်ပြု လူနာတွေ…

မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ် အစည်းအဝေး မကျင်းပဖြစ်

မော်လမြိုင် ၊ ဇန်နဝါရီ (၈) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားဖို့လျာထားပေမယ့် အချိန်မလုံလောက်တာကြောင့် မကျင်းပဖြစ်တော့တာလို့ ဆိုပါတယ်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “တတိယအကြိမ်ကို လွှဲပြောင်းပေးဖို ဆောင်ရွက်နေတာအများကြီးရှိတယ် ဒီကြားလွှတ်တော်ခေါ်ဖို့လုပ်တယ်…

မွန်ပြည်နယ်ထွက်ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲတွေ ရှိနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၇) မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်ထွက် ငါးတွေကို တရုတ် ၊ စင်ကာပူ နဲ့ မလေးရှား နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ အဲ့ဒီလို တင်ပို့တဲ့ ငါး (၉၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို မှီခိုနေရတာ…

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးများ ထိုးနှံတော့မည်

မော်လမြိုင် ၊ ဇန်နဝါရီ (၆) အင်ဒိုနီးရှားနိုင်ငံဟာ ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလတွင်း ပျော်ပွဲရွှင်ပွဲများ စုရုံးကျင်းပခြင်းနှင့် ခရီးသွားလာခြင်းကြောင့် ကိုဗစ် ရောဂါပိုး ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်မယ့် အန္တရာယ်မှ တားဆီးနိုင်ရန်အတွက် လာမယ့် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပြည်နယ် (၃၄) ခုမှာ ဆေးဘက်ဆိုင်ရာလုပ်သားတွေနဲ့ အစိုးရအရာရှိများကို ကာကွယ်ဆေးများ ထိုးနှံပေးသွား မှာ ဖြစ်ပါတယ်။ သမ္မတဂျိုကိုဝီဒိုဒိုနှင့်သူ၏ အစိုးရအဖွဲ့တွေဟာ…

မွန်ပြည်နယ် ငါးလုပ်ငန်းအတွက် စျေးကွက်အသစ် ဖော်ဆောင်ပေးနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၆) ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းအတွက် စျေးကွက် အသစ်တွေ ဖော်ဆောင်ပေးဖို့ သမဝါယမအသင်းနဲ့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ တရုတ်စျေးကွက်ကို အဓိက မှီခိုနေရတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းဟာ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ပြည်ပတင်ပို့မှု ရာနှုန်းပြည့်နီးပါး ရပ်နားခဲ့ရပါတယ်။ ပြည်ပတင်ပို့တဲ့ ငါးတွေကို အအေးခန်းတွေမှာ သိုလှောင်ထားရပြီး အချို့ငါးတွေကိုတော့…