Covid 19

ဆန္ဒပြပွဲတွေတားဆီးဖို့ သီရိလင်္ကာမှာ လူမှုကွန်ယက်စာမျက်နှာအသုံးပြုခွင့် တာမြစ်

ဘန်ကောက်- ဧပြီ(၄) သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြပွဲတွေဆိုရွားလာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ အာဏာပိုင်တွေက ညမထွက် ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေကိုအသုံးပြုခွင့်ပိတ်ပင်လိုက်တယ် လို့သိရပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတွင်းအစားအသောက်၊ဆေးဝါး၊လောင်ဆာဆီနဲ့ လျှပ်စစ်မီးပြတ် တောက်တာတွေကြောင့် ပြည်သူတွေဟာ သမ္မတကို ဖြုတ်ချဖို့ ဆန္ဒပြပွဲတွေပြုလုပ်လာခဲ့ကြတာပါ။ မြို့တော်ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်ကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက် စီးနင်းဖို့ ကြိုးစားခဲ့တဲ့နောက်မှာတော့ ပြီးခဲ့တဲ့ သောကြာနေကစပြီး တနင်္လာနေ့အထိ ညမထွက်ရအမိန့်နဲ့…

သေစေလောက်တဲ့ ရောဂါ ၁၅ မျိုးနှင့် အခြားကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်ရန် မိုဒါနာ ကုမ္ပဏီ ပြင်ဆင်

ဘော်စတွန်၊ မတ် ၈ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော အမြင့်ဆုံးဦးစားပေးရောဂါ ၁၅ မျိုးကို ဦးတည်ကာကွယ် နိုင်သော ကာကွယ်ဆေးများကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ဝင်ငွေနည်းပါးသော နိုင်ငံများအတွက်ပါ လက်လှမ်းမီးနိုင်ရေးအတွက် ချဲ့ထွင်ဆောင်ရွက်မည်ဟု မိုဒါနာကုမ္ပဏီက ကတိပြုကြောင်း တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါသည်။ မိုဒါနာ စီအီးအို စတီဖင်ဘန်ဆယ် က “ကျွန်ုပ်တို့က ဘာကိုအတော်များများ စဥ်းစားဖြစ်နေတာလဲ ဆိုတော့…

တရုတ်ရဲ့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ပြည်ပငါးတင်ပို့မှု အခက်တွေ့

မော်လမြိုင် ၊ အောက်တိုဘာ (၈) တရုတ်ဘက်က တင်းကြပ်တဲ့ စည်းကမ်းချက်တွေကြောင့် မွန်ပြည်နယ်ရဲ့ ငါးတင်ပို့မှု အားလုံးနီးပါး ရပ်ဆိုင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဘက်က ငါးတင်ပို့ရာမှာ ငါးတွေကို ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးဖို့နဲ့ ငါးလုပ်ငန်း လုပ်ကိုင်သူ အားလုံး ကိုဗစ် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ်ဆေးထိုးပြီးရင်လည်း ၂ ပတ် တစ်ကြိမ် ရောဂါ…

မွန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်း အတက် ကြမ်းဆဲ

မော်လမြိုင် ၊ စက်တင်ဘာ ၇ မွန်ပြည်နယ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေမှာတော့ စားသုံးဆီ၊ ဆန်၊ အားလူး၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါးကအစ ဈေးနှုန်း ဆက်တိုက်မြင့်နေဆဲ ဖြစ်ပါတယ်။ ကြက်သားလက်လီဈေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့မှာ တစ်ပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှာ…

ကိုဗစ်ချေးငွေတွေကို စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ စက်တင်ဘာ ၄ NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို အတိုးရော အရင်းပါ စက်တင်ဘာလအတွင်း ပြန်ဆပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပြီး လုပ်ငန်းမလည်ပတ်နိုင်လို့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ စီးပွားရေးထိခိုက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့အတွက် NLD အစိုးရလက်ထက်မှာ ကိုဗစ်ချေးငွေ ကျပ် ဘီလီယံ (၂၀၀)ကျော်ကို ထုတ်ချေးပေးခဲ့ပါတယ်။ ဒါပေမယ့်…

မုတ္တမပင်လယ်ကွေ့မှာ တရားမဝင်ငါးဖမ်းမှု နှစ်ဆနီးပါး မြင့်တက်

မော်လမြိုင်၊ စက်တင်ဘာလ ၄ မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ စစ်တောင်းမြစ်ဝ ပင်လယ်ပြင်မှာ တရားမဝင်ငါးဖမ်းပိုက်နဲ့ ငါးဖမ်းဆီးသူတွေဟာ အရင်ကာလကထက် ၂ ဆ နီးပါး မြင့်တက်လာတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိ Covid -19 တတိယလှိုင်းနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ပင်လယ်ပြင် ကင်းလှည့် စစ်ဆေးရေး လုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက်…

ကိုဗစ်ကြောင့် ဈေးမဖွင့်နိုင်လို့ ရာနဲ့ချီတဲ့ ဆိုင်ခန်းတွေကို ပြန်အပ်

မော်လမြိုင် ၊ စက်တင်ဘာ (၄) မော်လမြိုင်မြို့က စျေးကြီးတွေမှာ ကိုဗစ် -၁၉ ကြောင့် ယခင်လို စျေးပြန်မဖွင့်နိုင်တဲ့အတွက် ရာနဲ့ချီတဲ့ ဆိုင်ခန်းတွေကို ပြန်အပ်လာကြတယ်လို့ စျေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ မော်လမြိုင်မြို့ အမှတ်(၁)စျေးကြီးနှင့် မြိုင်ရတနာစျေးတို့မှာ ဆိုင်ခန်းအားလုံး ပြန်မဖွင့်နိုင်သေးဘဲ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချတဲ့ ဆိုင်တွေသာ ဖွင့်လှစ်ခွင့် ရနေပါတယ်။ အခြားကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်ခန်းတွေကတော့ နှစ်လကျော်အကြာ…

မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀)ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ သြဂုတ် (၁၉) မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀)ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။ ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား(၂)ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို…

မော်လမြိုင်မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဇူလိုင် ၁ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ “ပါဆယ်စနစ်နဲ့ပဲ…

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၉)ဦးရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁ စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။ ဇွန်လ (၂၉) ရက်နေ့အထိ (၈) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ညတွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက် ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၄၀) အရွယ်အမျိုးသမီးလူနာ (၁)…