နိုင်ငံတကာ

ညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ထွက်ခွာရေး အီရတ်နဲ့ အမေရိကန် သဘောတူ

ဘဂ္ဂဒက် စက်တင်ဘာ ၉ အမေရိကန် ဦးဆောင်တဲ့ ဂျီဟတ်ဝါဒီ တိုက်ဖျက်ရေး ညွှန်ပေါင်းတပ်ဖွဲ့ဝင်တွေ အသုတ်လိုက် ဆုတ်ခွာရေးအတွက် အီရတ်နဲ့ အမေရိကန် သဘောတူညီလိုက်ပြီ ဖြစ်ပေမယ့် အပြီးသတ် သဘောတူညီမှု လက်မှတ် မရေးထိုးရသေးဘူးလို့ အီရတ် ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အစွမ်းရောက် အစ္စလာမ္မစ် အိုင်အက်စ်အဖွဲ့ ချေမှုန်းရေး နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့ရဲ့…

ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

ဟနွိုင်း၊ စက်တင်ဘာ ၉ အခုနှစ် အာရှတိုက်ရဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၂၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။ အဲဒီမုန်တိုင်းဟာ အပူပိုင်း လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ် အားပျော့သွားခဲ့ပေမယ့် အနောက်ဖက် စူးစူးသို့ ရွေ့လျားနေချိန်မှာ နောက်ထပ် ရေကြီးရေလျှံမှုတွေ…

ရွေးကောက်ပွဲပြီးမှ ဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုဆိုင်ရာ အမိန့်ချမှတ်ဖို့ စီစဉ်

နယူးယောက်၊ စက်တင်ဘာ ၇ မန်ဟတ်တန်ဒေသဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့ နှုတ်ပိတ်ခ ငွေပေးမှုအတွက် ဒေါ်နယ်ထရန့်ကို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲပြီးနောက်မှ အမိန့်ချမှတ်ဖို့ စီစဉ်ထားကြောင်း တရားသူကြီးက ပြောပါတယ်။ ဒီအမှုအတွက် အမိန့်ချမှတ်ဖို့ အကောင်းဆုံးအချိန်ကို ရွေးချယ်ထားပြီး နိုဝင်ဘာ ၂၆ ရက်မှာ အမိန့် ချမှတ်သွားမယ်လို့ တရားသူကြီး ဟွန်မာချန်က စက်တင်ဘာ ၆ ရက်မှာ…

မြန်မာကျောင်း ၆ ကျောင်းကို ထိုင်း ပညာရေးဝန်ကြီးဌာန ပိတ်ခိုင်း

ဘန်ကောက်၊ စက်တင်ဘာ ၇ ဆူရတ်ဌာနီပြည်နယ်က မြန်မာဘာသာစကား သင်ကြားနေတဲ့ တရားမဝင် စာသင်ကျောင်း ၆ ကျောင်းကို ထိုင်း ပညာရေးဝန်ကြီးဌာနက ပိတ်ခိုင်းလိုက်ပြီးနောက် အခြားပြည်နယ်တွေမှာလည်း အလားတူ ကျောင်းတွေ ရှိ မရှိ စစ်ဆေးကြဖို့ ဒေသဆိုင်ရာအရာရှိတွေကို ညွှန်ကြားလိုက်ပါတယ်။ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်ရှိ မေတ္တာရိပ် ဘမ်ကွမ်းကျောင်းမှာ ကျောင်းသားတွေ စုဝေးချိန်အတွင်း မြန်မာနိုင်ငံတော် သီချင်းနဲ့ ထိုင်းနိုင်ငံတော်…

ရုရှားအန္တရာယ်ကြောင့် ဂျာမနီ လေကြောင်းရန် ကာကွယ်ရေးစနစ် အသက်သွင်း

ဘာလင်၊ စက်တင်ဘာ ၆ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်ဖို့ ယူကရိန်းသို့ အများအပြား ပေးပို့ထားတဲ့ Iris-T လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို ဂျာမနီမြေမှာလည်း အသက်သွင်းထားလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီးနောက် သူတို့နိုင်ငံနဲ့ ဥရောပ ကာကွယ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ မြေပြင်မှ…

အစ္စရေးနဲ့ဟားမာစ့် အပစ်ခတ်ရပ်စဲရေး ၉၀ ရာခိုင်နှုန်း သဘောတူထားပြီလို့ အမေရိကန် ပြော

ဝါရှင်တန်၊ စက်တင်ဘာ ၆ အမေရိကန် အစိုးရရဲ့ လေ့လာချက်တွေအရ ဂါဇာ ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက် ၉၀ ရာခိုင်နှုန်းကို အစ္စရေးနဲ့ ဟားမာ့စ်တို့ သဘောတူထားကြပြီ ဖြစ်ပြီး သဘောတူညီမှု အပြီးသတ် လက်မှတ် ရေးထိုးနိုင်ရေး နှစ်ဖက်စလုံးကို တိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။ သဘောတူညီမှု တစ်ရပ် ရရှိရေး မျှော်လင့်ပြီးတော့…

သတ်မှတ်ထားတဲ့ အနီရောင်စည်းကို မလှောင်ပြောင်ဖို့ အမေရိကန်ကို ရုရှား သတိပေး

မော်စကို၊ စက်တင်ဘာ ၅ ယူကရိန်းသို့ အမေရိကန်က တာဝေးပစ် ဒုံးကျည်တွေ ပေးပို့နိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က အမေရိကန်အနေနဲ့ ရုရှားဘက်က သတ်မှတ်ထားတဲ့ အနီရောင်စည်းတွေကို မလှောင်ပြောင်ဖို့ စက်တင်ဘာ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။ စစ်အေးစစ်ပွဲ နောက်ပိုင်း မော်စကိုနဲ့ ဝါရှင်တန်တို့ကြား လုံခြုံရေး ဟန်ချက် ညီမျှမှုကို…

ထိုင်းအစိုးရအပေါ် သက်ဆင် ထိန်းချုပ်မှု ရှိ မရှိ စစ်ဆေးပေးဖို့ တောင်းဆို

ဘန်ကောက်၊ စက်တင်ဘာ ၅ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို သူ့ရဲ့ ဖခင် သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ် ခြယ်လှယ်နေမှုနဲ့ ကုမ္ပဏီပေါင်း ၂၀ ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ သူ့ရဲ့ နုတ်ထွက်မှု တရားဝင် မဝင် စစ်ဆေးပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင် လီကစ်ဝတ်တာနာက ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။ အဲဒီကုမ္ပဏီပေါင်း ၂၀…

အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှု ဟားမာ့စ်ခေါင်းဆောင်တွေကို အမေရိကန် စွဲချက်တင်

ဝါရှင်တန်၊ စက်တင်ဘာ ၄ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေးကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါလက်စတိုင်း ဟားမာ့စ် အဖွဲ့ ခေါင်းဆောင် ယာယာ ရှင်ဝါနဲ့ အခြား အထင်ကရ အဖွဲ့ဝင် တချို့ကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။ အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်အသုံးပြုမှု၊…

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ သံတမန် ပတ်စ်ပို့စာအုပ်ကို ဘင်္ဂလားဒေ့ချ် ဖျက်သိမ်း

ဒါကာ၊ စက်တင်ဘာ ၄ ပြီးခဲ့တဲ့လ စောစောပိုင်းမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆူပူအုံကြွမှုကြောင့် ရာထူးက ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ သံတမန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ကို ဘင်္ဂလားဒေ့ချ် ယာယီအစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ အစိုးရအဖွဲ့ဟောင်းအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန် မထမ်းဆောင်တော့တဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့…