နိုင်ငံတကာ

ကိုယ်ပိုင်ဖွင့်ထားတဲ့ အလှပြင်ဆိုင်တွေကို မြောက်ကိုရီးယားရဲတွေကို အဓမ္မပိတ်ပင်ခိုင်းခဲ့

ပြုံယမ်း – စက်တင်ဘာ(၁၃) မြောက်ကိုရီးယားနိုင်ငံ ချောင်ဂျင်က ရဲတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းကတည်းက ပုဂ္ဂလိက ပိုင်ဆံပင်ညှပ်ဆိုင်နဲ့ အလှပြင်ဆိုင်တွေကို ပိတ်ပစ်ခဲ့တယ်လို့ Daily NK သတင်းရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။ အဓမ္မဖြိုခွင်းမှုနဲ့အတူ အာဏာပိုင်တွေက ဝန်ဆောင်မှုပေးနေတဲ့ ဆံပင်ညှပ်ဆရာတွေကို အစိုးရပိုင်တဲ့ ဆိုင်တွေမှာ အလုပ်လုပ်ခိုင်းခဲ့တယ်လို့ ဖော်ပြထားတာပါ။ မြောက်ကိုရီယားနိုင်ငံမှာ အစိုးရပိုင်ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကိုသာ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားပြီး နိုင်ငံတော်ကို…

ရီးရဲလ်မက်ဒရစ်အသင်းဟာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေ

မော်လမြိုင်၊ စက်တင်ဘာလ (၁၂) ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကို အနားပေးခဲ့ပေမယ့် အဓိက အများစုနဲ့ မာယော့ကာအသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်အသင်းဟာ မာယော့ကာအသင်းရဲ့ ဖိအာပေးမှုတွေကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာ…

ရေဘေးသင့်ခံနေရတဲ့ ပါကစ္စတန်နိုင်ငံကို ကုလအကြီးအကဲ သွားရောက်ခဲ့

ကရာချီ၊ စက်တင်ဘာ (၁၁) သဘာဝဘေးအန္တရာယ်တွေရဲ့ ဆိုးဝါးမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ဟာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ ပါကစ္စတန်ရဲ့ ဒေသအများအပြားသို့ သွားရောက်ခဲ့ပါတယ်။ မုတ်သုံမိုးရွာသွန်းမှုနဲ့ ရေခဲမြစ်တွေ အရည်ပျော်မှုကြောင့် ပါကစ္စတန် မြောက်ပိုင်းတောင်တန်းဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁,၃၉၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လူနေအိမ်တွေ၊…

အမေရိကန်က အီရန်ရဲ့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ပတ်သက်ပြီး ပိုမိုအာရုံစိုက်နေ

တီဟီရန် – စက်တင်ဘာ(၁၁) အမေရိကန်က အီရန်ရဲ့ မောင်းသူမဲ့လေယာဉ်ချိန်းခြောက်မှုတွေနဲ့အတူ ရုရှားနိုင်ငံကို မောင်းသူမဲ့ လေယာဉ်တွေ ရောင်းဝယ်ချိန်မှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ကုမ္ပဏီကို ပိုမိုအာရုံစိုက် နေပါ တယ်။ တီဟီရန်အခြေစိုက် ဆာဖီရမ်လေဆိပ်ဝန်ဆောင်မှုတွေနဲ့ ယူအေဗီထုတ်လုပ်သူတွေကို အမေရိကန်က ပိတ်ဆို့ပြီးနောက် အီရန်ဟာ ဒီသီတင်းပတ်အတွင်း မြေပြင်စစ်ရေးလေ့ကျင့်မှု မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရန်ဟာ UAV အစီအစဉ်တွေနဲ့ ဆက်နွယ်နေတဲ့ သယ်ယူပို့ဆောင်ရေးနဲ့…

ကမ္ဘာ့လုံးဆိုင်ရာ တင်းမာမှုတွေကြားမှာ ဘက်မလိုက်ပဲ နိုင်ငံသားတွေအတွက် ရပ်တည်သွားမယ် လို့စင်္ကာပူ ဒုဝန်ကြီးချုပ်ပြောဆို

စင်္ကာပူ – စက်တင်ဘာ(၁၁) ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားစီးပွားရေးစိန်ခေါ်မှုတွေနဲ့တင်းမာမှု တွေတိုးလာနေချိန်မှာ စင်္ကာပူနိုင်ငံသားတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဒုတိယဝန်ကြီးချုပ် လောရန့်ဝွန်က စက်တင်ဘာလ(၉) ရက်နေ့မှာ ပြောပါတယ်။ ဒီလိုတင်းမာမှုတွေ ရှိနေတာကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေလည်း မြင့်တက်လာနေပြီး စင်္ကာပူဟာဖိ အားတွေနဲ့ ရင်ဆိုင်ရနိုင်တာပါ။ စင်္ကာပူကို အင်အားကြီးနိုင်ငံတွေက အမျိုးမျိုးသောလမ်းကြောင်းတွေကနေ ဆွဲထုတ်နေ တဲ့အတွက်…