နိုင်ငံတကာ

အင်ဒိုနီးရှားမှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီ ဆန္ဒပြ

ဂျာကာတာ၊ စက်တင်ဘာ (၇) အရှေ့တောင်အာရှရဲ့ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးမှာ လောင်စာဆီဈေးနှုန်း ၃၀ရာခိုင်နှုန်းကျော် မြင့်တက်ရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးရေးအတွက် အစိုးရကို ဖိအားပေးဖို့ လူပေါင်းထောင်ချီပြီး ဆန္ဒပြပွဲများကို မြို့တော်ဂျာ ကာတာမှာ ပြုလုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ လောင်စာဆီဈေးတက်ခြင်းဟာ မကြာခဏဆိုသလို ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေပြီး ဒီလိုဆန္ဒပြမှုတွေ ကြောင့် တစ်ခါတရံမှာ အစိုးရရဲ့ မူဝါဒတွေကို ပြန်လည်ပြောင်းလဲရန်…

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနား ကန်ဒေါ်လာ ၁၂ သန်းကျော် ကုန်ကျမယ်

တိုကျို ၊ စက်တင်ဘာ (၇) ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံအဆင့် ဈာပနအခမ်းအနားအတွက် လုံခြုံရေးအစီအမံနဲ့ ဧည့်ခံစားရိတ်တွေ အပါ အဝင် ယန်း ၁.၆၅ ဘီလီယံ ၊ (အမေရိကန်ဒေါ်လာ ၁၂ သန်း)ခန့် ကုန်ကျနိုင်မှာဖြစ်တယ်လို့ ဂျပန်အစိုးရက စက်တင်ဘာလ ၆ ရက်နေ့မှာ ခန့်မှန်းချက်အသစ် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာတော့ အစိုးရက ဈာပနအတွက်…

ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော

ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော တိုင်ပေ – စက်တင်ဘာ(၇) ထိုင်ဝမ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ တရုတ်တပ်ဖွဲ့တွေရဲ့စစ်ရေးလေ့ကျင့်မှုတွေ ကြောင့် တိုးမြင့်လာတဲ့အတွက် ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ သမ္မတ ဆိုင်အင်ဝမ်က စက်တင်ဘာလ(၆) ရက်နေ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ တိုင်ပေခရီးစဉ်အပြီးမှာ တရုတ်ကစစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်ခဲ့ကာ သူတို့ရဲ့ ပိုင်နက်အဖြစ် အခိုင်အမာ…

တရုတ်နဲ့ စွမ်းအင်ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အမေရိကန်ရဲ့ ထိပ်တန်း ရာသီဥတုဆိုင်ရာ အထူးသံတမန်ပြောကြား

ဟနွိုင်း ၊ စက်တင်ဘာ (၆) ပြီးခဲ့တဲ့လက အမရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးတဲ့နောက်မှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ထိပ်တန်း ရာသီဥတုဆိုင်ရာ အထူးသံတမန်နဲ့ တရုတ်တို့အကြား ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများ ရပ်တန့်သွားပြီး ယင်းဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများရဲ့ တုံ့ပြန်မှုကို ပုံဖော်နိုင်ဖို့အတွက် ဆွေးနွေးပွဲများ ပြန်လည်စ…

မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ကိုအမြန်ဆုံးလုပ်ဆောင်ကြဖို့ မလေးရှားတိုက်တွန်း

ကွာလာလမ်ပူ – စက်တင်ဘာ(၆) အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့နဲ့ စစ်တပ်အုပ်ချုပ် နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြှင့်တင်ဖို့ ကြိုးပမ်းချိန်မှာ ပိုမိုအရေးတကြီး လုပ်ဆောင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဒူလာက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က သဘောတူထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လိုက်နာဖို့ စစ်အာဏာ ရှင်တွေကို တွန်းအားပေးခဲ့ပြီး အဖွဲ့ဝင်တချို့ကတော့ ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီး တိုးတက်လာတာမရှိသေးတဲ့အတွက် စိတ်ပျက်မီတယ်လို့ ဖော်ပြထားကြတာပါ။ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ငြိမ်းချမ်းစွာ…

အင်အားအလွန်ပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း ဟင်နမ်နာ တောင်ကိုရီးယားသို့ ဝင်ရောက်

ဆိုးလ်၊ စက်တင်ဘာ ၅ အင်အားပြင်း တိုင်ဖုန်းမွန်တိုင်း ဟင်နမ်နာ ဟာ တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ စက်တင်ဘာ ၅ ရက်နေ့က ဝင်ရောက်ခဲ့ တာကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာ၊ လုပ်ငန်းလည်ပတ်မှုအချို့ကို ဆိုင်းငံ့ထားရတာတွေနဲ့ စာသင်ကျောင်း တွေကိုပါ ပိတ်ထားခဲ့ရပါတယ်။ အဲဒီတိုင်ဖုန်းမုန်တိုင်းဟာ တောင်ကိုရီးယားနိုင်ငံအတွက် ငါးနှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် အပြင်းထန်ဆုံးအဆင့်နဲ့ တိုက်ခတ်မယ့် မုန်တိုင်းဖြစ်ကြောင်း တောင်ကိုရီးယား…

ဖျာပုံမြို့အနီးမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ ရိုဟင်ဂျာလူမျိုးတွေ စီးနင်းလာတဲ့ စက်လှေမှ (၇) ဦးသေဆုံး

ဖျာပုံ – စက်တင်ဘာ(၄) မြန်မာနိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာလူမျိုး ၆၅ဦး ပါဝင်တဲ့ စက်လှေတစ်စင်းကို စစ်ကောင်စီဖက်မှ ဖမ်းဆီး ခဲ့ပြီး အဲဒီအထဲမှာ အစာရေစာပြတ်လပ်မှုနဲ့ လမ်းခရီးအခြေအနေဆိုးဝါးမှုတွေကြောင့် ၇ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ ကနေ စက်တင်ဘာလ (၂)ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖျာပုံမြို့အနီးပါ အဲဒီလှေငယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ Global New Light of…

ဘန်ကောက်မှာ တက္ကစီမီတာ နှုန်းထားများ တိုးမြှင့်တော့မယ်

ဘန်ကောက် – စက်တင်ဘာ (၄) ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာရှိတဲ့ တက္ကစီအော်ပရေတာများကို ရှစ်နှစ်ကြော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက္ကစီမီတာ နှုန်း ထားများကို တိုးမြှင့်ခွင့်ပြုလိုက်တယ်လို့ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ဆိုရာပွန် ပါတိုဖုန်က ပြောကြားခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်းက ဘန်ကောက်မှာရှိတဲ့ တက္ကစီယာဉ်မောင်းတွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ စီးပွားရေးကျပ်တည်း မှုများရင်ဆိုင်ခဲ့ရပြီး ၂၀၁၄ခုနှစ်မှ စတင်ကာ သူတို့ရဲ့…

သီရိလင်္ကာဖြုတ်ချခံသမ္မတ ပြန်ရောက်ရှိချိန်အစိုးရက နေအိမ်နဲ့ လုံခြုံရေးစီစဉ်ပေး

ကိုလံဘို – စက်တင်ဘာ(၄) နိုင်ငံစီးပွားရေးမငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဖြုတ်ချခံ သမ္မတ ဂိုဘာဘာယာ ရာဂျာပက်ဆာ နိုင်ငံကို ပြန်လည်ရောက် ရှိလာချိန်မှာ အစိုးရက တရားဝင်နေထိုင်ခွင့်နဲ့ လုံခြုံရေးစီစဉ်ပေးထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ စီးပွားရေးကျဆင်းမှုတွေနဲ့အတူ ကြီးမားတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့ အစောပိုင်းက စစ်တပ်အစောင့်အရှောက်နဲ့ နိုင်ငံက…