နိုင်ငံတကာ

အခွန် ထပ်တိုးကောက်မယ့် ထရန့်ကြောင့် ကုန်သွယ်ရေး စစ်ပွဲ အရှိန်ပိုမြင့်လာ

ဝါရှင်တန်၊ မတ် ၁၃ အမေရိကန်သို့ ဝင်ရောက်လာတဲ့ သံမဏိနဲ့ ဒန်သတ္တုတွေအပေါ် သွင်းကုန်အခွန်တွေ ကောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂ EU နဲ့ ကနေဒါတို့က လက်တုံ့ပြန်မှုတွေ ရှိခဲ့ပေမယ့် အခွန်တွေ ထပ်တိုး ကောက်မယ်လို့ သမ္မတထရန့်က ကြွေးကြော်လာပြန်ပါတယ်။ တုံ့ပြန်ရေး အစီအစဉ်တွေအနေနဲ့ ရှေ့လမှာ ကမ္ဘာတဝန်းရှိ နိုင်ငံတွေကို အခွန်တွေ ထပ်မံ…

အားလုံးအတွက် တာဝန်ခံမယ်လို့ ဖမ်းဆီးခံ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ပြော

ရိုတာဒမ် ၊ မတ် ၁၃ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က မတ် ၁၂ ရက်မှာ ဖမ်းဆီးလိုက်ပြီးနောက် သမ္မတဟောင်းက သူ့အနေနဲ့ တာဝန်ခံဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ လူထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောထားတဲ့ သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းခဲ့မှုကြောင့်…

ရုရှားနဲ့ ရက် ၃၀ ကြာ အပစ်ရပ်ဖို့ ယူကရိန်း အသင့်ရှိ

ဂျက်ဒါ၊ မတ် ၁၂ ဆော်ဒီအာရေးဗီးယားမှာ အမေရိကန်နဲ့ယူကရိန်း ဆွေးနွေးပြီး တစ်ရက်အကြာ အမေရိကန် အဆိုပြုထားတဲ့ ရုရှားနဲ့ ရက် ၃၀ ကြာ ချက်ချင်း အပစ်ရပ်ရေး သဘောတူညီမှုကို လက်ခံဖို့ အသင့်ရှိတယ်လို့ ယူကရိန်းက ပြောကြားလိုက်ပါတယ်။ ဒီကမ်းလှမ်းမှုကို ရုရှားဆီ တင်ပြသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ပြောကြားပြီး ရုရှားအပေါ်…

တောင်တရုတ်ပင်လယ်အရေး ရန်မစဖို့ ဗြိတိန်ကို တရုတ် သတိပေး

ဘေဂျင်း၊ မတ် ၁၂ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ လုပ်ရပ်တွေဟာ အန္တရာယ်များပြီး မတည်မငြိမ် ဖြစ်စေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောကြားလိုက်ပြီးနောက် တင်းမာမှုတွေ မြင့်တက်အောင် ရန်မစဖို့ ဘေဂျင်းက လန်ဒန်အစိုးရကို မတ် ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ပိုင် သင်္ဘော တစ်စီးနဲ့အတူ တစ်စိတ်တစ်ပိုင်း ရိုက်ထားတဲ့…

ထားဝယ်မြစ်မှာ စစ်ကောင်စီတပ်လှေ တိုက်ခိုက်ခံရလို့ ၂၀ ထက်မနည်း သေဆုံး

ထားဝယ်၊ မတ် ၁၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်မြစ်ချောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီတပ် လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုထံက သိရပါတယ်။ အင်အား ၆၀ ဝန်းကျင်နဲ့ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက်ကို ထားဝယ်မြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီတပ်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မတ် ၁၀ ရက်နေ့ ည…

ဗြိတိန်ဟာ ကမ္ဘာ့အကြီးမားဆုံး စစ်မီးမွှေးတဲ့နိုင်ငံ ဖြစ်တယ်လို့ ရုရှား စွပ်စွဲ

မော်စကို၊ မတ် ၁၁ ယူကရိန်း ငြိမ်းချမ်းရေး ရရှိရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ဗြိတိန်က ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ ရုရှား နိုင်ငံခြားထောက်လှမ်းရေးဌာနက မတ် ၁၀ ရက်မှာ စွပ်စွဲလိုက်ပြီး ဗြိတိန်ဟာ ကမ္ဘာမှာ အကြီးမားဆုံး စစ်မီးမွှေးတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောပါတယ်။ ဝါရှင်တန်က နိုင်ငံတကာကိစ္စတွေမှာ ဗြိတိန်ကို ဘေးထုတ်ထားတာကြောင့် ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး…

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ICC ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခံရ

မနီလာ၊ မတ် ၁၁ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို လူသေဆုံးမှု များပြားခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC က ထုတ်ထားတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ ဖမ်းဝရမ်းအရ ဖမ်းဆီးခံလိုက်ရပါတယ်။ အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအတွင်း ဆင်းရဲသား အများစုပါဝင်တဲ့…

အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန် ထိပ်တန်းခေါင်းဆောင် ပြော

တီဟီရန်၊ မတ် ၁၀ နျူကလီးယား သဘောတူညီမှု ရယူရေး သမ္မတ ဒေါ်နယ်ထရန့်က ဖိအားပေးလာပြီးနောက် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အနိုင်ကျင့်တတ်တဲ့ နိုင်ငံတွေက ညှိနှိုင်းဖို့ တိုက်တွန်းတာဟာ တခြားနိုင်ငံတွေကို ကြီးစိုးဖို့ ရည်ရွယ်တာ ဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့…

အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့်မယ်လို့ ကနေဒါဝန်ကြီးချုပ်လောင်း ကြွေးကြော်

အိုတာဝါ၊ မတ် ၁၀ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးရဲ့ နေရာကို ဆက်ခံမယ့် မက် ကာနေက မငြိမ်သက်မှုတွေ များလာနေတဲ့အချိန် နိုင်ငံ့ ခေါင်းဆောင်နေရာကို ရယူချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြှင့် ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကနေဒါ ဗဟိုဘဏ်နဲ့ အင်္ဂလန်ဘဏ် အုပ်ချုပ်ရေးမှူးဟောင်းဟာ ကနေဒါဝန်ကြီးချုပ် နေရာကို…

စွပ်စွဲခံ တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်း ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ တရားရုံး အမိန့်ချ

ဆိုးလ်၊ မတ် ၈ စွပ်စွဲ ပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ရဲ့ ဖမ်းဝရမ်းကို ဖျက်သိမ်းဖို့ တရားရုံး တစ်ခုက မတ် ၇ ရက်မှာ အမိန့်ချလိုက်တာကြောင့် သမ္မတ အနေနဲ့ ပြန်လည် လွတ်မြောက်ရေး လမ်းပွင့် သွားခဲ့ပါတယ်။ ကနဦး ထိန်းသိမ်းထားတဲ့ ကာလ သတ်မှတ်ရက် ကျော်လွန်သွားပြီးနောက်မှ ထွက်ပေါ်လာတဲ့ စွပ်စွဲ ပြစ်တင်မှုအချိန်ကို အခြေခံပြီး…