မိုးလေဝသ

ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ ၅.၃ အဆင့် ငလျင်လှုပ်ခတ်

တိုင်ပေ – မတ်(၂၂) ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းအား (၅.၃) အဆင့်ရှိတဲ့ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ တိုင်ပေ ဗဟိုအစိုးရ မိုးလေဝသဗျူရို (CWB) က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၀) ရက်နေ့က (၁) မိနစ်ကြာလှုပ်ခတ်သွားတာဖြစ်ပြီး ဟွာလီယန်ခရိုင်ရဲ့ မြောက်လတ္တီကျူ ၂၄ . ၁၃ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျူ…

တရုတ်နိုင်ငံဟာ ကမ္ဘာ့ရာသီဥတုဘေးအန္တရာယ်နဲ့ ထိခိုက်လွယ်ဒေသအများဆုံးပိုင်ဆိုင်ထား

ဘေဂျင်း – ဖေဖော်ဝါရီ(၂၁) ကမ္ဘာလုံးတိုင်ရာ ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ထိရှလွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒေသ (၂၀) ထဲမှာ တရုတ်နိုင်ငံဟာ (၁၆) ဒေသပါဝင်နေပြီး အရေးကြီးထုတ်လုပ်ရေးစက်မှုဇုံတွေဟာ ရေမျက်နှာပြင်မြင့်တက်တာနဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ရင်ဆိုင်နေရပါတယ်။ မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်အချက်အလက်တွေကို အသုံးပြုကာ စီးပွားရေးလုပ်ငန်း တွေက တွန်းပို့တဲ့ အပျက်အစီးတွေကြောင့် လာမယ့် ၂၀၅၀ ခုနှစ်မှာ အပူချိန်မြင့်တက်မှုကို စုံစမ်းစစ်ဆေးဖို့…

ဆိုင်ကလုန်းဂတ်ဘရီရယ်လ်ကြောင့် နယူးဇီလန်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာခဲ့ရ

ဝယ်လင်တန်၊ ဖေဖော်ဝါရီ(၁၅) နယူးဇီလန်နိုင်ငံဟာ ဆိုင်ကလုန်း ဂတ်ဘရီရယ်လ်ကြောင့် နေရာအနှံ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မုန်တိုင်း ဒီရေ မြင့်တက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ရပြီး လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ အိမ်ခေါင်မိုးတွေပေါ်မှာ ရေဘေးသင့်သူတွေ သောင်တင်နေတာကြောင့် နိုင်ငံရဲ့သမိုင်းတစ်လျှောက် တတိ ယမြောက်နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ကြေညာခဲ့ရပါတယ်။ လူပေါင်း (၂၂၅၀၀၀) ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်ခြင်းဒဏ်ကို ခံစားခဲ့ကြရတာပါ။“နိုင်ငံတစ်ဝှမ်း နယူးဇီလန်နိုင်ငံသားတွေအတွက်…

မလေးရှားပြည်နယ် ၅ ခုမှာ ဗုဒ္ဓဟူးနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမယ်

ကွာလာလမ်ပူ၊ ဇန်နဝါရီ(၂၃) မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၅ ခုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး ဗုဒ္ဓဟူးနေ့အထိဆက်လက်ရွာသွန်းန ဦးမယ့် ပြည်နယ်တွေကိုလည်း မလေးရှားနိုင်ငံမိုးလေဝသနဲ့ ဇလဗေဌာနက ထုတ်ပြန်လိုက်ပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ ပြည်နယ်တွေကတော့ တီရန်ဂါနူ၊ ပါဟန်၊ ဂျိုဟော်၊ ဆာရာဝက်နဲ့ ဆာဘက် ပြည်နယ်တွေဖြစ်တယ်လို့ သိရပါတယ်။ တနင်္လာနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှု သတင်းအရ မလေးရှားနိုင်ငံ၊…

မလေးရှားနိုင်ငံ ဆီလန်ဂေါမှာမြေပြိုမှုဖြစ်ပွား၊ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် ၁၈ဦးသေဆုံး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ(၁၇) မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့အနီးက ဆီလန်ဂေါပြည်နယ် အပန်းဖြေစခန်းချရာတောင်ကုန်း တစ်ခုက အော်ဂဲနစ်စိုက်ခင်းတစ်ခုအတွင်း မြေပြိုကျလို့ လူပေါင်းတစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူတွေအများပြားရှိနေပါတယ်။ မြေပြိုကျမှုဟာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ကွာလာလမ်ပူရဲ့မြောက်ဘက် ကီလိုမီတာ 50 (မိုင် ၃၀ခန့်)အကွာမှာရှိတဲ့ ဆီနီဂေါပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ရေတံခွန်တွေနဲ့ သဘာဝအလှတရားတွေကြောင့် လူသိများတဲ့ Genting Highlands ရဲ့ တစ်ဖက်မှာရှိတဲ့ ဘတ်တန်မြို့မှာ…

ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် လူပေါင်း ၉၈ဦးသေဆုံး

မနီလာ၊ နိုဝင်ဘာ(၁) ဖိလစ်ပိုင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူ ၉၈ ဦးအထိ မြင့်တက်လာခဲ့ ကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာလ ၂၈) ရက်နေ့ က ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ရွာတွေ အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း နာလ်ဂေး ကြောင့် ရေလွှမ်းမိုးမှုတွေ…

ဩစတြေးလျနိုင်ငံမှာ ရေလွှမ်းမိုးမှု ပိုမိုဆိုးရွားလာဖွယ်ရှိနေ

ဆစ်ဒနီ – အောက်တိုဘာ(၁၉) မိုးဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မိုးလေဝသသတိပေးချက်ကြောင့် ဩစတြေးလျ အရှေ့တောင်ပိုင်းတဝှမ်းမှာ နေထိုင်သူတွေဟာ ရေကြီးမှုဒဏ်ကို ပိုမိုဆိုးရွားစွာခံစားလာရနိုင် တယ်လို့ ဆိုနေကြပါတယ်။ New South Wales နဲ့ Victoria ပြည်နယ်နှစ်ခုကြား နယ်နိမိတ် ဩစတြေးလျရဲ့ အရှည်ဆုံးမြစ် ဖြစ်တဲ့ Murray (မာရေးမြစ်) ဟာ နှစ်(၃၀) နီးပါးအတွင်းအမြင့်ဆုံးရေမှတ်ကို ရောက်ရှိလာနေတဲ့ အတွက် ဒေသခံ(၂)…

ဆွန်ကာ မုန်တိုင်းကြောင့် ထိုင်းမှာ ရေလွှမ်းမိုးမှုတွေ ပိုမို ဆိုးရွားလာနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်

ဘန်ကောက် – အောက်တိုဘာ (၁၆) ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်၊အရှေ့ဘက်နဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီနေ့ အောက်တိုဘာ (၁၅) ရက်နေ့မှာ ဝင် ရောက် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Sonca ကြောင့် မိုးသည်းထန်စွာ ရွာသည်းနိုင်ချေရှိနေပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားနိုင် တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမိုးလေဝသထုတ်ပြန်ချက်မှာ မုန်တိုင်းဟာ ထိုင်းနိုင်ငံ ခွန်ခန်း၊မဟာဆာရာခန်နဲ့…

ဗင်နီဇွဲလားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် (၂၅) ဦးသေဆုံး

ကရာကတ်စ် – အောက်တိုဘာ(၁၁) ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ငါးစင်းရေလျှံမှုကြောင့် အနည်းဆုံးလူ(၂၅) ဦးသေဆုံးပြီး (၅၂) ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားလုံခြုံရေး ဒုဥက္ကဋ္ဌ ရီမီဂီယိုက ရုပ်မြင်သံကြားမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၈) ရက်နေ့ညက မိုးရွာသွန်းမှုကြောင့် အနီးပတ်ဝန်းကျင်တောင်တန်း တွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေဟာ ကရာကတ်စ် အနောက်တောင်ဘက် မိုင်(၄၀) အကွာကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ…

ဟာရီကိန်း ဖီအိုနာကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

ဆွန်ဟွန်၊ စက်တင်ဘာ (၂၀) ဟာရီကိန်း ဖီအိုနာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ(၈၅) မိုင်နှုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေလွှမ်းမိုးမှုကပ်ဘေးလည်း ခံရနိုင်ဖွယ်ရှိနေကြောင်း ဆန်ဂျူအန်မိုးလေဝသဌာန က သတိပေးခဲ့ပါတယ်။ ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဟာ ပွန်တာကိုကွန်အနီးမှာရှိတဲ့ ပွာတိုရီကိုရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ကုန်း တွင်းပိုင်းကို ညနေသုံးနာရီ မိနစ်၂၀အချိန်က ဝင်ရောက်ခဲ့တာ…