သံလွင်တိုင်းမ်

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို ထပ်မံဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၃ မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှသိရသည်။

ချောင်းပိတ်ပြီး အိမ်ဆောက်လုပ်ထားသော နေရာအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ လာရောက်ကြည့်ရှု

ပေါင်၊ ဇူလိုင် ၃ ချောင်းနေရာကို ပိတ်ပြီး လူနေအိမ်ဆောက်လုပ်ထားသော ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ် ကွက်အောက်ပိုင်းနေရာသို့ ဇူလိုင်လ(၃)ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ လာရောက်ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးကိုးဦးပါသော မုတ္တမဖဲလောင်းကစားမှုအတွက် အိမ်ရှင်အပါအဝင်လူ(၁၀)ဦးကို ထောင်ဒဏ်များချမှတ်

ပေါင်၊ ဇူလိုင် ၅ ၂၀၁၅ခုနှစ် ဇွန်လအတွင်းက မုတ္တမ ရဲစခန်းမှဖမ်းဆီးမှ လောင်းကစားအမှုဖြင့် အရေးယူထားသော အမျိုးသမီးကိုးဦးနှင့် အိမ်ရှင်အမျိုးသားတစ်ဦးတို့၏အမှုကို တစ်နှစ်ကျော်ကြာစစ်ဆေးပြီးနောက် ပေါင်မြို့နယ်တရားရုံးမှ ထောင်ဒဏ်များချမှတ်ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေသော်လည်း တိုးတက်မှုနှေးဟု ဦးစိုင်းညွန့်လွင်ပြော

မော်လမြိုင်၊ ဇွန် ၁၆ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိအစိုးရကြားငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုများမြန်ဆန်သော်လည်း တိုးတက်မှုနှေးနေသည်ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

မုဒုံမြို့နယ် ဝဲကလိကွင်းလယ်တဲအတွင်း အတင်းအဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၂ မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာ၊ ဝဲကလိကွင်း၊ ကွင်းအမှတ်၈၉၀(က)လယ်တဲတွင် ဇူလိုင်လ(၂)ရက်က အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံမြို့နယ် ကတုံပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၃ မုဒုံမြို့နယ်၊ ကွင်းပိုင်းကျေးရွာအုပ်စု၊ ကတုံးပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့် ကာ ထွက်ပြေးတိမ်ရှောင်သွားသူအား ဥပဒေအရအရေးယူပေးရန် မုဒုံမြို့၊မြို့မရဲစခန်းသို့ဇူလိုင်လ(၃)ရက်နေ့က လာရောက်တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းရဲမှတ်တမ်းအရသိရှိရသည်။

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ကာလတန်ဖိုး ၁၂၈ သိန်းကျော်ခန့်ရှိ ပစ္စည်းနှင့်ငွေများပျောက်ဆုံးမှု ၂၄ နာရီအတွင်း တရားခံအားဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၆ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက ငွေကျပ် ၁၂၈ သိန်းကျော်တန်းဖိုးရှိ ငွေနှင့် အဖိုးတန်ပစ္စည်းများပျောက်ဆုံးခဲ့ရာ ၂၄ နာရီအတွင်း တရားခံဟုယူဆရသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ်အတွင်းဆေးဆိုင်များတွင် တရားမဝင်ဆေးများ၊ စပ်ဆေးများနှင့် ဆေးဝါးအတုများအား စစ်ဆေး တွေ့ရှိပါက အရေးယူမည်ဟု တာဝန်ရှိသူများက သတိပေးပြီ

ရေး ၊ ဇူလိုင် ၄ ရေးမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ၊ စပ်ဆေးများနှင့်၊ ဆေးဝါးအတုများ စစ်ဆေးတွေ့ရှိပါက ပညာ ပေးကာလပြီးမြောက်သွားပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ တစ်ပတ်ပြည့်မြောက်သည့်နေ့မှ စစ်ဆေး အရေးယူ သွားမည်ဖြစ်သည်ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွှန့်က ပြောသည်။

မော်လမြိုင်မြို့၊ ကမ်းနားလမ်းအပိုင်း(၆) စီမံကိန်းလုပ်ငန်းလေ့လာသုံးသပ်မှု အစီရင်ခံလွှာ

ကမ်းနားလမ်းအပိုင်း(၆) စီမံကိန်းပြန်လည်လေ့လာစီစစ်ရေးအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော် (၂၅.၆.၂၀၁၆) နိဒါန်း မွန်ပြည်နယ်အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပိုဒ်(၂၅၁)အရ၊ မော်လမြိုင်မြို့၊ တိုးချဲ့ ကမ်းနား လမ်းအဆင့်(၆)စီမံကိန်းလုပ်ငန်းပိုင်းနှင့်စပ်လျဉ်းပြီး ပထမအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်အပေါ် ပြည်နယ်လွှတ်တော် ကိုယ်

ဖွားမှည့်မှည့်

ဌေးဝင်း ၂၀၁၆ခုနှစ် ဧပြီလအတွင်းက လေဖြတ်ခံရသဖြင့် ကျွန်တော် ဆေးရုံတက်ခဲ့ရသည်။ ကျွန်တော်တက်ရောက် ကုသခဲ့သော ဆေးရုံကား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၏ ခရိုင်မြို့တခုဖြစ်သော ဘန်းခေးမြို့ ၏ ဖက်ကဆင်လမ်းမကြီးပေါ်ရှိ ဖက်က ဆင် ၂ ဆေးရုံကြီး ဖြစ်၏။ ဆေးရုံတက်နေစဉ်ကာလအတွင်း ကျနော်၏တပည့်များ မိတ်ဆွေများ ဆွေမျိုးသားချင်းများ အပြင် ရဟန်းသံဃာများပါ နေ့စဉ် လာရောက်ကာ သတင်းမေးကြသည်။ အားပေးကြသည်။