သံလွင်တိုင်းမ်

ရေးမြို့နယ်အတွင်း ယခုနှစ်အကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် မိုးသတိပြုရန်လိုအပ်နေပြီး စိုက်ပျိုးရေးဌာနမှလည်း အသိပညာပေးဆောင်ရွက်နေ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့၊ မိုးလေဝသစခန်းရုံး၏မှတ်တမ်းများအရ ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၇ နှစ်ဦးပိုင်း ဇန်နဝါရီလမှစတင်ကာ မိုးရွာသွန်းမည့်အနေအထားရှိနေပြီး စိုက်ပျိုး ရေးသမားများအနေဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသစခန်းမှူး ဦးဆန်းငွေက သံလွင်တိုင်းမ်သို့ ပြောသည်။

YSS ကစီစဉ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးသာတက်ရောက်

ရေး ၊ နိုဝင်ဘာ ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)က နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်စီစဉ်ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားခဲ့သော်လည်း ၂ ဦးသာ တက်ရောက်ခဲ့ သည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာ အပြောင်းအလဲသတင်းမဟုတ်မှန်ဟု ဦးဝင်းထိန်ပြော

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအပြောင်းအလဲသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုအပေါ် မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ သံလွင်တိုင်းမ်သို့ ပြောကြားသည်။<!--more--> “ခင်ဗျားတို့ ပြောတဲ့သတင်း မဟုတ်ဘူး။ မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအား ပြောင်းလဲမည်ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်နေရာအစား တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးမှ တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီးတစ်ဦးနေရာလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်းလည်း ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။…

ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး မခန့်အပ်နိုင်သေးသည့် ကျေးရွာ(၂)ရွာ ကျန်ရှိနေသေး

ပေါင်၊ နိုဝင်ဘာ ၈ ပေါင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် (၂)ရွာခန့် ကျန်ရှိနေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ပြည်သူ့အသံကို သိစေဖို့ ပေါင်မြို့နယ်ကိုယ်စားလှယ်များစုပေါင်းကာ ပြည်သူများနှင့်တွေ့ဆုံ

ပေါင်၊ နိုဝင်ဘာ ၆ ပြည်သူ့အသံသိစေရန်အတွက် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းပြီး ပြည်သူများနှင့်တွေ့ဆုံပွဲကို နိုဝင်ဘာ(၆)ရက်နေ့တွင် ပေါင်မြို့နယ်၊ ကဒုံစီး တိုက်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြုံရာဆုံရာ တစ်မိနစ်တာ

လက်ရှိသူတို့ ဘာတွေလုပ်နေလဲ? အနုပညာရှင် နှစ်ဦးက ယခုလိုပြောပါတယ်။ ထွန်းအိန္ဒြာဗိုလ် (တေးသံရှင်၊ သရုပ်ဆောင်) The Queen Music အတွက် နိုဝင်ဘာလ (၄) ရက်နေ့ မှာ အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေဖို့ ရှိပါတယ်။ ချမ်းချမ်း၊ဖြူဖြူကျော်သိန်းနဲ့ မေခလာတို့နဲ့တွဲဖက်သီဆိုဖို့ရှိပါတယ်။ ဝေလ (တေးသံရှင်) နိုဝင်ဘာလ (၅) ရက်နေ့မှာ မြိတ်မှာ ရှိပါမယ်။ MMM Music…

ဘူးသီးနုနုနှင့် ငါးရံ့

လေးဆယ်ကျပ်သားခန့်ရှိသော ငါးရံ့ တစ်ကောင်ကို အကြေးသင်ပါ။ အချွဲများ ကုန်အောင်ပွတ်ပါ။ ငါးကိုအကွင်းလိုက် ခုတ်ဖြတ်ပါ။ ရေစင်စင်ဆေးပါ။ ဘူးသီးနုနုကို အခွံမခွာဘဲ တုံးပါ။ စပါးလင်ကို ပါးပါးလှီးပြီးထောင်းပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊နီ၊ ငရုပ်သီး ရောထောင်းပါ။ ရောထောင်းထားသော ငရုပ်ကြက်သွန်များနှင့် ဘူ