သံလွင်တိုင်းမ်

မွန်ပြည်နယ်တွင် ၁၀ လအတွင်း လောင်းကစားမှု တစ်ရာကျော် ဖမ်းဆီးရမိ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ၁၀ လအတွင်း လောင်းကစားမှုများ တစ်ရာကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ချဲထီများ၊ ဖဲဝိုင်းများ၊ ဘောလုံးလောင်းကစားများ၊ ကြက်ဝိုင်းများ စသော လောင်းကစားမှုများကို သက်ဆိုင်ရာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ထိ မော်လမြိုင်မြို့နယ်တွင် ၂၁…

မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့်ဆိုင်သည့် ဦးစီးဌာနရုံး ၂ ခု ဖွင့်လှစ်မည်

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့် ဆိုင်သည့် ဦးစီးဌာန ရုံးနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်ရှိ သောင်ဆွဲ ပိုက်ချက်များကို တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော်ရရှိ

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ငါးလုပ်ငန်း ရာသီအတွက် သောင်ဆွဲ ပိုက်ချက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် ၁၉၀၀ သိန်း ကျော်ရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရှိသည်။

ရေလုပ်သားများ၏ အသက်အန္တရာယ် ထိခိုက်မှုများကို ဥပဒေအတိုင်း ကာကွယ်မှု ပြုလုပ်ပေးရန် လူအခွင့်ရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားအများစု၏ အသက်အန္တရာယ် ထိခိုက်မှုများအပေါ် ဥပဒေအတိုင်းကာကွယ်မှုပြုလုပ်ပေးရန် လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာတောင်းဆိုလိုက်သည်။<!--more--> ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများသည့် လုပ်ခလစာများ အပြည့်အ၀ မရရှိခြင်း၊ မတရားစေခိုင်မှုများ ရှိနေခြင်း၊ ပင်လယ်ထဲတွင် ရေလုပ်သားများ မကြာခဏ သေဆုံးခြင်း၊ အလုပ်ရှင်နှင့် အလုပ်ပွဲစားများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများပါကို တရားဥပဒေဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ…

မွန်မုန့်ဆန်း

သီတင်းကျွတ်လပြည့်ကျော် တန်ဆောင်မုန်းလဆန်းအချိန်တွင် မွန်ဒေသများတွင်မုန့်ဆန်း လိူင်လိူင်ပေါ်ကြပြီး မုန့်ဆန်းများကို အုန်းသီး၊ သကြားများနှင့်ရောနယ်ပြီး ဆွမ်းကပ်ခြင်း၊ ဦးရှင်ကြီး ကျွေးခြင်းများကို မုန့်ဆန်းများနှင့်သာ အမြတ်တနိုးဆက်ကပ်ကြသည်။ မုန့်ဆန်းလုပ်နည်းကို သံလွင် တိုင်းမ်ပရိတ်သတ်များကို

ကြုံရာဆုံရာ တစ်မိနစ်တာ

လက်ရှိသူတို့ဘာတွေလုပ်နေလဲ? အနုပညာရှင်နှစ်ဦးက အခုလိုပြောထားပါတယ်။ တင်ဆက်သူ-TU Arkar Min R ဇာနည် (တေးသံရှင်) အဆိုတော် R ဇာနည် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈) ရက်နေ့က မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက် အောင်ဇမ္ဗူ လမ်းရှိ အောင်ဇမ္ဗူကျောင်းတိုက်စုပေါင်းမဟာဘုံကထိန်ပွဲမှာလည်း ဖျော်ဖြေခဲ့ပါတယ်။ မော်လမြိုင်မြို့မှာ ထပ်မံ ဖျော်ဖြေဖို့ရှိမရှိ Rဇာနည် ကိုမေးမြန်းတော့ “ကျွန်တော်

အကြောင်းတိုက်ဆိုင်ရင် မွန်ပြည်နယ်မှာ လာရောက်ဖျော်ဖြေချင်တယ်ဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်နှင့်တွေ့ဆုံခြင်း

တင်ဆက်သူ-TU Arkar Min မေး-မခိုင်ရဲ့ အခုလက်ရှိအနုပညာလှုပ်ရှားမှုလေးပြောပြပေးပါဦး။ ဖြေ-မခိုင်ဗွီဒီယို ဇာတ်ကားတစ်ကား ရိုက်ကူးနေပါတယ်။ ဒါရိုက်တာက ဂျိုးပါ။ သရုပ်ဆောင်တွေကတော့ ကောင်းခန့်ရယ်၊ ထူးခြားရယ်၊ ရွှေသမီးရယ်၊ အစ်မရယ်ပေါ့။

ဆောက်သန်းမြန်မာ အသင်းနှင့် ကစားသမားအသစ်များ စာချုပ်သစ်ချုပ်ဆို

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်သန်းမြန်မာအသင်းအနေဖြင့် မော်လမြိုင်မြို့တွင် စိစစ်ရွေးချယ်ခဲ့သည့် ကစားသမားများထဲမှ ကစားသမား(၉) ဦးကို စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မုဒုံတန်ဆောင်တိုင် မြို့နယ်ပေါင်းစုံအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

မုဒုံ၊ နိုဝင်ဘာ ၈ မုဒုံတန်ဆောင်တိုင်တွင် မြို့နယ်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှသိရသည်။

ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပ

ပေါင်၊ နိုဝင်ဘာ ၉ ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၉)ရက်နေ့က ပေါင်မြို့မအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့သည်။<!--more--> ပုံမှန်အားဖြင့် ဝန်ကြီးချုပ်ဖလားကို မော်လမြိုင်မြို့တွင်သာ ကျင်းပလေ့ရှိပြီး ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အလှည့်ကျအဖြစ် ဆောင်ရွက်လာရာ ယခုနှစ်တွင် ပေါင်မြို့နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။…