Thanlwintimes

ပြက်လုံးဖြစ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်နက်စွန့်ပါကမ်းလှမ်းမှု

နေပြည်တော် ၊ ဒီဇင်ဘာ ၁၇ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ်ဆိုက်လာချိန်တိုင်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး ဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်လို့ အမြဲတစေ ဝါဒဖြန့်လေ့ရှိပါတယ်။ ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရချိန် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က…

မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေကြောင့် လုယက်မှုအဖြစ်များလာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေ အကြီးအ ကျယ် ထည့်သွင်းကျင်းပနေတဲ့အတွက် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုရက် ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်မှာ လုယက်ခံရတဲ့ဖြစ်စဉ် ခြောက်ခုထက်မနည်း ရှိနေပါတယ်။ အဲဒီဖြစ်စဉ်တွေထဲမှာ လမ်းသွားလမ်းလာနေတဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံအိတ်နဲ့ဖုန်းတွေလုပြေးတာ၊…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီ၊ ဒီဇင်ဘာ ၁၇ တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ ၁၅၀ ကျော်သာ ပြန်လွတ်လာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ FE5…

သိမ်ဇရပ် ပစ်ခတ်မှု နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သိမ်ဇရပ် ၊ ဒီဇင်ဘာ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တွေထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာရှိ KKK ကြက်စာအရောင်းဆိုင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတို့ကြား…

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ ဒေသခံတစ်ဦးနဲ့ အဆက်အသွယ်ပြတ်နေ

မကွေး ဒီဇင်ဘာ ၁၆ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ အဲဒီအဖမ်းခံရသူနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ အဲဒီဒေသခံကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး ၆ ရက် ကြာတဲ့အထိမိသားစုနဲ့ အဆက်သွယ်ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ဇီးခြံက ဦးအေးဆိုတဲ့သူကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာမှန်းမသိရဘူး။ မိသားစုနဲ့လည်း အဆက်သွယ်မရဘူးပြောတယ်။…

မဟာမိတ်တွေ စိတ်ချလက်ချဖြစ်စေရမယ်လို့ တောင်ကိုရီးယား ယာယီသမ္မတ ပြော

ဆိုးလ်၊ ဒီဇင်ဘာ ၁၆ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲ ပြစ်တင်ရာကနေ ရာထူးတာဝန်က ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ရက်အကြာမှာ ယာယီ သမ္မတ ဟန်ဒက်ဆူးက ငွေကြေးဈေးကွက် တည်ငြိမ်စေရေး၊ မဟာမိတ်တွေ စိတ်ချလက်ချ ရှိနေစေရေး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ယာယီသမ္မတ ဟန်ဟာ ရာထူးကနေ ထွက်တော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့…

ကမ္ဘာ့ ဩဇာတိက္ကမ အကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ပါဝင်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ ဩဇာတိက္ကမအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ပါဝင်လာပါတယ်။ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျာရာပွန် ဆင်းဟုပ်ပရိုင်ရဲ့ ပြောကြားချက်အရ ပေသွန်ထန်ဟာ ကမ္ဘာ့အဆင့် ၂၉ နေရာမှာ ရှိနေပြီး အာရှမှာတော့ တတိယနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။…

ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၃ ဦး PDF ထံ အလင်းဝင်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊တပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေထံ ဆက်သွယ်အလင်းဝင်လာတာပါ။…

ဗန်းမော်စစ်ရှောင်တွေကို အကြမ်းဖက်တွေလို့ တပ်လော်ဘီတွေ လုပ်ကြံဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ဗန်းမော်မြို့က အကြမ်းဖက်ထောက်ခံသူ ၅၀၀၀ ကျော်ဟာ KIA ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးသွားတယ်”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေက ဒီဇင်ဘာ ၉…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ဘာကြောင့်ထိုးစစ်မဆင်နွှဲနိုင်တာလဲ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ စစ်အာဏာရှင်စနစ်ကို ဖြိုချနေတဲ့ တိုင်းရင်းသားဒေသအများစုမှာ စစ်ရေးအသာစီးရနေချိန် မွန် ပြည်နယ်မှာတော့ စစ်‌ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မယ့် ထိုးစစ်တွေဆင်နွှဲတာတွေ မတွေ့ရသေးပါဘူး။ လက်ရှိမှာ စစ်ကောင်စီ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၀ နီးပါးကို ကချင်၊ရှမ်းမြောက်၊ကရင်နီ၊ချင်းနဲ့ ရခိုင်က ဒေသအခြေစိုက် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အများဆုံးသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် လက်နက်ကိုင်နည်းလမ်းနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့…