Thanlwintimes

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀ နီးပါး အသတ်ခံရ

တနင်္သာရီ၊ နိုဝင်ဘာ ၂၁ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေအပြင် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ် ပြန်ပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပစ်သတ်ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊…

အမေရိကန် တာဝေးပစ် ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းကို လက်တုံ့ပြန်မယ်လို့ ရုရှား ကြွေးကြော်

မော်စကို၊ နိုဝင်ဘာ ၂၀ ယူကရိန်းက အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှား နယ်နိမိတ်ထဲကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် မော်စကို အစိုးရက လက်တုံ့ပြန်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။ အဲဒီလို တိုက်ခိုက်ဖို့ ဝါရှင်တန်က ယူကရိန်းကို ခွင့်ပြုခဲ့ပြီးနောက် တစ်ရက် အကြာမှာ ယူကရိန်းက ရုရှားနိုင်ငံထဲမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းတပ်တွေက Atacms…

အီရန်က ယူရေနီယံတွေ တိုးမြှင့် ထုတ်လုပ်နေတယ်လို့ ကုလ ပြော

ဗီယင်နာ၊ နိုဝင်ဘာ ၂၀ အီရန်ဟာ သူတို့ရဲ့ နျူကလီးယားစီမံကိန်းတွေ ထိန်းချုပ်ရေး နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို အာခံပြီး လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးရှိ ယူရေနီယံတွေ တိုးမြှင့် ထုတ်လုပ်နေတဲ့အကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအေဂျင်စီရဲ့ လျှို့ဝှက်အစီရင်ခံစာမှာ တင်ပြချက်ကို အေပီ သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ…

နောင်ချိုမှာ ရွှေလီသကြားစက်ရုံ ဗုံးကြဲခံရလို့ တစ်ဦး သေဆုံး

နောင်ချို၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာရှိ ဆင်းရွှေလီသကြားစက်ရုံ ဗုံးကြဲခံရတာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အဆောင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ် ၃ ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့လာရောက်ဗုံးကြဲ…

ဦးဖုန်တာရွှင် ဂယက် နွေဦးတော်လှန်ရေးကို ဘယ်လောက် ရိုက်ခတ်နိုင်မလဲ။

“ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲ လုပ်လုပ် နွေဦးတော်လှန်ရေးကတော့ နှောင့်နှေးသွားတဲ့အချက် တချို့ရှိနိုင်ပေမယ့်ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် အညာဒေသမှာ စစ်အေးတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” – ဦးသန်းစိုးနိုင် ကိုးကန့်တပ်ဖွဲ့ MNDAA ‌ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ အခုရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းတွေကို MNDAA ဘက်က အတည်မပြုသလို…

စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖွဲ့တွေက စစ်မှုထမ်းဖို့ ငွေကြေးကောက်ခံတာ မရှိဘူး”ဆိုပြီး ဧရာဝတီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ငြင်းဆိုထားတဲ့ ရုပ်သံဖိုင်နဲ့ ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင်…

စစ်အာဏာသိမ်း (၁၃၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၆၉) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၀ AAPP ရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၈၈) ရက်အတွင်း ပြည်သူ (၅၉၆၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၈၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

MNDAA ခေါင်းဆောင် ထိန်းသိမ်းခံရမှု တော်လှန်ရေးအပေါ် ရိုက်ခတ်လာနိုင်မလား

လားရှိုး၊ နိုဝင်ဘာ ၂၀ ကိုးကန့်အဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်တွေ ထိန်းသိမ်းထားမှုအပေါ် နွေဦးတော်လှန်ရေးအရှိန်အဟုန်ကို နှောင့်နှေးသွားနိုင်စေတဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်မလားဆိုတဲ့ မေး ခွန်းတွေ ရှိနေပါတယ်။ စစ်‌ကောင်စီတပ်ကို အင်အားအရရော စိတ်ဓာတ်ရေးရာအရပါ ရိုက်ချိုးပြီး စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ဟာ တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။…

ထားဝယ်မြို့မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ

ထားဝယ်၊ နိုဝင်ဘာ ၂၀ တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်ကြားမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၆ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး…

ကျိုက်ထိုမှာ PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်နှစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက အလုပ်ကိစ္စတစ်ခုအတွက် ခရီးသွားနေစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်တွေဟာ…