Thanlwintimes

ရုရှားက မြောက်ကိုရီးယားကို ရေနံစည်ပေါင်း သန်းနဲ့ချီ ထောက်ပံ့

မော်စကို၊ နိုဝင်ဘာ ၂၂ ရုရှားက မြောက်ကိုရီးယားသို့ အခုနှစ် မတ်လနောက်ပိုင်းမှာ ရေနံစည်ပေါင်း တစ်သန်းကျော် ထောက်ပံ့ ပို့ဆောင်ထားကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ သုတေသနအဖွဲ့ Open Source Centre ရဲ့ ဂြိုဟ်တု ပုံရိပ်တွေအရ သိရပါတယ်။ ပြုံးယမ်းက မော်စကိုသို့ ပေးပို့ စေလွှတ်ထားတဲ့ လက်နက်တွေနဲ့ စစ်သားတွေအတွက် ရေနံ ပြန်လည်ပို့ဆောင်မှုဟာ ယူကရိန်းစစ်ပွဲကို…

လောင်းလုံးမှာ စစ်ကောင်စီတပ်သားတစ်ဦး PDF ထံအလင်းဝင်

လောင်းလုံး၊ နိုဝင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်စခန်းကုန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။ အလင်းဝင်လာတဲ့ တပ်သား ကျော်သက်ဦးဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရပြီး သင်တန်းဆင်းပြီးနောက် ထားဝယ်မြို့နယ်အခြေစိုက် စကခ ၈ လက်အောက်ခံ ခလရ ၂၆၇ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ အဲဒီနောက် ခလရ…

နောင်ချိုမြို့ ဗုံးကြဲခံရလို့ သုံးပတ်အတွင်း အရပ်သား ၁၇ ဦး သေဆုံး

နောင်ချို၊ နိုဝင်ဘာ ၂၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား ၁၇ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁…

အစ္စရေးဝန်ကြီးချုပ်နဲ့ ဟားမာ့စ်ခေါင်းဆောင်တွေကို ICC ဖမ်းဝရမ်းထုတ်

တယ်လ်အဗစ်၊ နိုဝင်ဘာ ၂၂ နိုင်ငံတကာ ရာဇဝတ်မှု တရာရုံး ICC က ဂါဇာ ကမ်းမြောင်ဒေသမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အစ္စရေးက သုတ်သင်ပြီးပြီလို့ ပြောထားတဲ့ ဟားမာ့စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲ မိုဟာမက် ဒိုက်ယက်ဖ်တို့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ တရားရုံးရဲ့ နိုဝင်ဘာ ၂၁ ရက်…

KNU ဗဟိုအကြံပေး လက်နက်ကြီးထိမှန် သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအကြံပေး စောထိုဆိုသူဟာ ကော့ကရိတ်မြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားပြီ ”ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

ခရီးသည်ကား စစ်တပ်ဒရုန်းဗုံးကျတာ PDF တွေလုပ်တာလို့ လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ခရီးသွားယာဉ်နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကို ဖုံးကွယ်ပြီး စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့…

စစ်အာဏာသိမ်း (၁၃၉၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၇၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၂ AAPP ရဲ့ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၀) ရက်အတွင်း ပြည်သူ (၅၉၇၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

အဆင့်မြင့်နည်းပညာတွေသုံးပြီး ဒရုန်းစစ်ဆင်ရေး စစ်ကောင်စီအရှိန်မြှင့်လာနိုင်

နေပြည်တော် ၊ နိုဝင်ဘာ ၂၂ မြေပြင်စစ်ဆင်ရေးတွေမှာ တိုက်ခိုက်ရေးအင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီဟာ ဒရုန်းစစ်ဆင် ရေးတွေကို အရှိန်မြှင့်လာနိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ CMD တပ်အသိုင်းအ ဝိုင်းက သတိပေးပါတယ်။ အခုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲထက် ဒရုန်းစစ်ဆင်ရေးတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ရှေ့တန်းစစ်မျက်နှာအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ ကြိုးပမ်းလာနေတာပါ။ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ ကူမင်းမြို့ရှိ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ…

ရေဖြူမှာ စစ်ကောင်စီတပ်သားတစ်ဦး PDF ထံ အလင်းဝင်

ရေဖြူ၊ နိုဝင်ဘာ ၂၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ တပ် သား စုဆောင်းခံရတဲ့ တပ်သားတစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF ထံက သိရပါတယ်။ ရေဖြူမြို့နယ် ကလိန်အောက်မြို့နယ်ခွဲရှိ စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။…

ပေါင်မြို့နယ်မှာ လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးစစ်သားစုဆောင်းခံရ

ပေါင် ၊ နိုဝင်ဘာ ၂၂ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၇ အတွက် ဒေသတွင်းရှိ လူငယ် ၂၀ ထက်မနည်း အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းခံထားရတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်းအတွက် ဒေသခံလူငယ်တွေကို ညအချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ ပွဲလမ်းသဘင်တွေမှာလည်း…