Thanlwintimes

စစ်အာဏာသိမ်း (၁၃၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၃ AAPP ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၁) ရက်အတွင်း ပြည်သူ (၅၉၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ကုန်ဈေးနှုန်းကျဆင်းရေး စစ်ကောင်စီအစီအစဉ် မအောင်မြင်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၃ အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်ကောင်စီဘက်က ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ အကောင်အထည် ဖော်ဆောင်ရွက်နေပေမယ့် အ လုပ်မဖြစ်ဘူးလို့ လုပ်ငန်းရှင်တွေနဲ့ အိမ်ရှင်မတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း နိုင်ငံအတွင်း ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေပါ ပါဝင်တဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည် ငြိမ်ရေးကော်မတီ…

EAO တွေ ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေ ဆက်ပိတ်ထားမယ်လို့ တရုတ်က စစ်ကောင်စီကို ကတိပေး

မူဆယ် ၊ နိုဝင်ဘာ ၂၃ နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေ ထိန်းချုပ်နယ်မြေထဲက နယ်စပ်ဂိတ်တွေကို ဆက်လက်ပိတ်သိမ်းထားမယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ အရာရှိတွေက ကတိပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးအရ နှစ်နိုင်ငံနယ်စပ်ပြည်သူတွေ ဖြတ်သန်းသွားလာမှုနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်နဲ့အဖွဲ့က…

ဖာပွန်က မထောစခန်းကို စစ်ကောင်စီလက်လွှတ်

ဖာပွန်၊ နိုဝင်ဘာ ၂၃ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်မြို့နဲ့ ၉ မိုင်လောက်ဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ ကူးဆိပ်စခန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့နိုဝင်ဘာ ၉…

သထုံမှာ စစ်ကားတစ်စီး အနီးကပ်တိုက်ခိုက်ခံရလို့ နှစ်ဦးထိခိုက်သေဆုံးနိုင်

သထုံ၊ နိုဝင်ဘာ ၂၃ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် Denko ဆီဆိုင်အနီးမှာ ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်တပ်ကားတစ်စီး အနီးကပ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ သိမ်ဆိပ်အထက်တန်းကျောင်းထံ ကျောင်းပို့ပြီး ပြန်လာတဲ့ သထုံအခြေစိုက် အမှတ် ၉ ခြေမြန်တပ်ရင်းက…

ပိုလန်ရှိ အမေရိကန် ဒုံးကျည် အခြေစိုက်စခန်းကို ဦးစားပေး ပစ်မှတ်အဖြစ် ရုရှား သတ်မှတ်

မော်စကို၊ နိုဝင်ဘာ ၂၂ ပိုလန်နိုင်ငံမှာရှိတဲ့ အမေရိကန် ဒုံးကျည်အခြေစိုက်စခန်းဟာ မော်စကိုနဲ့ နေတိုးအဖွဲ့ကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရုရှားက သတ်မှတ်လိုက်ပါတယ်။ ရုရှားပိုင်နက်ထဲအထိ တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းကို အမေရိကန်က ခွင့်ပြုလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ဘော်လ်တစ် ကမ်းရိုးတန်းအနီး ရက်ဇီကိုဝိုမြို့မှာရှိတဲ့ အဲဒီ အခြေစိုက် စခန်းကို ရုရှားက ရန်စတဲ့နေရာ အဖြစ်…

ရုရှားက မြောက်ကိုရီးယားကို ရေနံစည်ပေါင်း သန်းနဲ့ချီ ထောက်ပံ့

မော်စကို၊ နိုဝင်ဘာ ၂၂ ရုရှားက မြောက်ကိုရီးယားသို့ အခုနှစ် မတ်လနောက်ပိုင်းမှာ ရေနံစည်ပေါင်း တစ်သန်းကျော် ထောက်ပံ့ ပို့ဆောင်ထားကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ သုတေသနအဖွဲ့ Open Source Centre ရဲ့ ဂြိုဟ်တု ပုံရိပ်တွေအရ သိရပါတယ်။ ပြုံးယမ်းက မော်စကိုသို့ ပေးပို့ စေလွှတ်ထားတဲ့ လက်နက်တွေနဲ့ စစ်သားတွေအတွက် ရေနံ ပြန်လည်ပို့ဆောင်မှုဟာ ယူကရိန်းစစ်ပွဲကို…

လောင်းလုံးမှာ စစ်ကောင်စီတပ်သားတစ်ဦး PDF ထံအလင်းဝင်

လောင်းလုံး၊ နိုဝင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်စခန်းကုန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။ အလင်းဝင်လာတဲ့ တပ်သား ကျော်သက်ဦးဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရပြီး သင်တန်းဆင်းပြီးနောက် ထားဝယ်မြို့နယ်အခြေစိုက် စကခ ၈ လက်အောက်ခံ ခလရ ၂၆၇ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ အဲဒီနောက် ခလရ…

နောင်ချိုမြို့ ဗုံးကြဲခံရလို့ သုံးပတ်အတွင်း အရပ်သား ၁၇ ဦး သေဆုံး

နောင်ချို၊ နိုဝင်ဘာ ၂၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား ၁၇ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁…

အစ္စရေးဝန်ကြီးချုပ်နဲ့ ဟားမာ့စ်ခေါင်းဆောင်တွေကို ICC ဖမ်းဝရမ်းထုတ်

တယ်လ်အဗစ်၊ နိုဝင်ဘာ ၂၂ နိုင်ငံတကာ ရာဇဝတ်မှု တရာရုံး ICC က ဂါဇာ ကမ်းမြောင်ဒေသမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အစ္စရေးက သုတ်သင်ပြီးပြီလို့ ပြောထားတဲ့ ဟားမာ့စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲ မိုဟာမက် ဒိုက်ယက်ဖ်တို့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ တရားရုံးရဲ့ နိုဝင်ဘာ ၂၁ ရက်…