Thanlwintimes

ငဖဲမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေး နိုဝင်ဘာ ၂၅ မကွေးတိုင်း ငဖဲမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၃ ရက်မှာ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး​ရာနဲ့ချီ အသုံးပြုပြီး ဘုံဘောရွာနဲ့ ကျွဲသလင်းရွာကို ဝင်​ရောက် မီးရှို့သွားတာလို့ သိရပါတယ်။ “တိုက်ပွဲက လေးနာရီလောက်ဖြစ်တယ်။ အဲဒီနောက်ပိုင်း စစ်တပ်ဘက်က တက်လာပြီးတော့ မီးရှို့သွားတာ။ ရွာသားတွေက…

အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းပြုတ်

မော်လမြိုင်၊ နိုဝင်ဘာ ၂၄ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင်ရပ်နားသွားပြီလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဝါး ဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာအပြင် အ ထွေထွေ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းတွေ ရပ်နားသွားကြတာပါ။ မွေးမြူရေးလုပ်ငန်းတွေ…

ကျိုက်ထိုပစ်ခတ်မှုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အလွတ်တန်းသတင်းထောက်နေအိမ် ချိပ်ပိတ်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ပစ်ခတ်မှုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကျိုက်ထိုအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူနေအိမ်ကို စစ်ကောင်စီဘက်က လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်၊ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ လက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားတာပါ။…

အာယုတောင်ဌာနေပြည်သူ့စစ်ရုံးကို ရေးဘီလူးအဖွဲ့ဝင်တိုက်၊ ပြည်သူ့စစ်ခေါင်းဆောင် ပြင်းထန်ဒဏ်ရာရ

ရေး၊ နိုဝင်ဘာ ၂၄ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဖွင့်လှစ်ထားတဲ့ အာယုတောင်ဌာနေ ပြည်သူ့စစ်ရုံးကို နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ တွေပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။…

ILO ရဲ့ အရေးယူဆောင်ရွက်မယ့်လုပ်ငန်းစဉ်က စစ်ကောင်စီကို ဘယ်လောက် အထိနာစေနိုင်မလဲ။

“စစ်အုပ်စုနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေး စီးမျောမှုကို အဲဒီ အကြောင်းကို Article 33 နဲ့ တင်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တစိုက်မတ်မတ် ကျူးလွန်တဲ့သူတွေကို သက်သေအထောက်အထားနဲ့ အပြည်ပြည်ဆိုင်ရာက တဆင့်ခုံရုံးတင်မှာ တရားရုံးတွေမှာ အပြစ်ပေးအရေးယူဖို့ကိစ္စကို ကြိုးစားလို့ ရပါတယ်” – ဦးမောင်မောင် (CTUM – ဥက္ကဌ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ…

ရုရှားက အသံထက်မြန်တဲ့ ဒုံးကျည်အသစ်နဲ့ ယူကရိန်းကို တိုက်ခိုက်

ကိဗ်၊ နိုဝင်ဘာ ၂၃ ရုရှားက ယူကရိန်းရဲ့ အချက်အချာကျတဲ့ မြို့ တစ်မြို့ကို အသံထက်ပိုမြန်တဲ့ စမ်းသပ်ဆဲ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးအဖွဲ့နဲ့ယူကရိန်းတို့ဟာ လာမယ့် နိုဝင်ဘာ ၂၆ ရက်မှာ အရေးပေါ် အစည်းအဝေး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရုရှားရဲ့ လက်နက်အသစ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ၃၃ လနီးပါးကြာ စစ်ပွဲအရှိန်ပိုမြင့်လာပြီး အရမ်းအရေးကြီးတဲ့…

သက်ဆင်နဲ့ ဖူထိုင်းပါတီအပေါ် တရားစွဲဆိုမှု ထိုင်းဖွဲ့စည်းပုံတရားရုံး ပယ်ချ

ဘန်ကောက်၊ နိုဝင်ဘာ ၂၃ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာနဲ့ ဖူထိုင်းပါတီတို့အပေါ် တရားစွဲဆိုထားမှုကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက အထောက်အထား မလုံလောက်ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။ ထိုင်း ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ရဲ့ ဖူထိုင်းပါတီတို့ဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို အားလျော့အောင် လုပ်ဆောင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ အရ အရေးယူပေးရေး…

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

လောင်းလုံး၊ နိုဝင်ဘာ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်သွားတဲ့ အရပ်သားပြည်သူနှစ်ဦးရဲ့ ရုပ်အလောင်းပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ထားဝယ်မြို့ပေါ်မှာ လမ်းကင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားတဲ့အတွက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲ စစ် ကြောင်းထိုးဝင်ရောက်လာတာပါ။ အင်အား ၁၅၀…

အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ၁၀၀ ကျော်အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၃ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်းရှိ…

စစ်ကောင်စီရဲ့ မာထောတပ်စခန်း သိမ်းပိုက်မှု KNU အတည်ပြုထုတ်ပြန်

ဖာပွန်၊ နိုဝင်ဘာ ၂၃ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မာထောတပ်စခန်းကို အပြီး သတ်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ မာထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ အပါအ ဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈…