Thanlwintimes

စစ်အာဏာသိမ်း (၁၃၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၇ AAPP ရဲ့ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၅) ရက်အတွင်း ပြည်သူ (၅၉၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၁၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

တရုတ်ဖိအားကြောင့် ညီနောင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးဆီ ဦးတည်နေပြီလား

လားရှိုး ၊ နိုဝင်ဘာ ၂၇ စစ်အုပ်စုကို အ‌ရေးနိမ့်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘော ထားကိုယ်စီ ထုတ်ပြန်လာကြပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA နဲ့ TNLA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ စစ်‌ကောင်စီရဲ့…

ထားဝယ်မြစ်အတွင်း စက်လှေသွားလာခွင့် စစ်ကောင်စီပိတ်ပင်

ထားဝယ်၊ နိုဝင်ဘာ ၂၇ တနင်္သာရီတိုင်း ထားဝယ်နဲ့လောင်းလုံးမြို့နယ်အကြားရှိ ထားဝယ်မြစ်အတွင်း ငါးဖမ်းလှေတွေအ ပါအဝင် စက်လှေအားလုံး ဖြတ်သန်းသွားခွင့်ကို စစ်ကောင်စီဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ထားဝယ်မြစ်အတွင်း သွားလာနေတဲ့ ငါးဖမ်းလှေ၊ ကျောက်သဲစက်လှေတွေနဲ့ ခရီးသည်တင် စက်လှေတွေကို မြစ်အတွင်း သွားလာခြင်းမပြုဖို့နဲ့ မလိုက်နာပါက ပစ်ခတ်ဖမ်းဆီးသွားမယ်လို့…

မထောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ထွက်ပြေး

ဖာပွန်၊ နိုဝင်ဘာ ၂၇ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အခြေစိုက်တဲ့ မထောတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးပြီး တောင်သုံးလုံးတပ်စခန်းဆီ ထွက်ပြေးဝင်ရောက်သွားတယ်လို့ KNU တပ်မဟာ ၅ ထံကနေ သိရပါတယ်။ မထောတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၅ နဲ့…

အစ္စရေး ခေါင်းဆောင်တွေကို သေဒဏ်ချမှတ်ဖို့ အီရန် ထိပ်တန်းခေါင်းဆောင် တောင်းဆို

ဒူဘိုင်း၊ နိုဝင်ဘာ ၂၆ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမာ့စ်နဲ့ ဟစ်ဇဘိုလာအဖွဲ့ဆီ ကူညီမှုတွေပေးနေတဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်း မထုတ်သင့်ဘဲ သေဒဏ်ချမှတ်သင့်တယ်လို့ နိုဝင်ဘာ ၂၅ ရက်က ပြောကြားလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမာ့စ် ခေါင်းဆောင် အေဗရာဟင်…

တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါအပေါ် အခွန်တိုးကောက်မယ်လို့ ထရန့် ကြွေးကြော်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်မှုနဲ့ မူးယစ်ဆေး မှောင်ခို တင်သွင်းမှုတွေကို တားဆီးပေးဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒေါ်နယ်ထရန့်က သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံးနေ့မှာပဲ တရုတ်၊ မက္ကစီကိုနဲ့ ကနေဒါတို့အပေါ် အခွန်အသစ်တွေ ပြဌာန်းသွားမှာ ဖြစ်တယ်လို့ ကြွေးကြော်လိုက်ပါတယ်။ လာမယ့် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်…

ပုလောမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ပုလော၊ နိုဝင်ဘာ ၂၆ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တို့ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန် ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ပုလောမြို့နယ် တပိုကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။…

ရေးမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရေး၊ နိုဝင်ဘာ ၂၆ မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ သေ နတ်နဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အစင်ကျေးရွာအဝင် ပြည်သူ့စစ်ဂိတ်မှာ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ လူငယ်လေးဦးကို မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်ဖမ်း…

စစ်ကောင်စီတပ်သားတစ်ဦး KNU ထံ လက်နက်ချအလင်းဝင်

ရွှေကျင်၊ နိုဝင်ဘာ ၂၆ ပဲခူးတိုင်း ရွှေကျင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၈၉ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ခမရ ၅၈၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်း ဆင်း တပ်သားကျော်မင်းအောင်ဟာ KNLA တပ်ရင်း ၉ ထံ…

စစ်အာဏာသိမ်း (၁၃၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၆ AAPP ရဲ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၄) ရက်အတွင်း ပြည်သူ (၅၉၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…