Thanlwintimes

ပွင့်ဖြူနဲ့ စေတုတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေ

ပွင့်ဖြူ၊ နိုဝင်ဘာ ၂၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့စေတုတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ် တစ်ကျော့ပြန်စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်နေတယ်လို့ ဒေ သခံတွေနဲ့ တော်လှန်ရေအင်အားစုတွေထံက သိရပါတယ်။ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ ပွင့်ဖြူမြို့နယ်ကနေတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ နိုဝင်ဘာ ၂၈…

စစ်တပ်စခန်းတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရှစ်ဦးသေဆုံးတယ်လို့ မွန်ပြည်သစ် AD ပြော

သံဖြူဇရပ်၊ နိုဝင်ဘာ ၂၈ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ မုဒုံမြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က သံဖြူဇရပ်မြို့ အဝင်ရှိ စစ်ကောင်စီရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို…

စစ်အာဏာသိမ်း (၁၃၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၉၀) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၈ AAPP ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၆) ရက်အတွင်း ပြည်သူ (၅၉၉၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၂၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မှာ ရဲတပ်ဖွဲ့က ဒေသခံတွေအပေါ် အမှုဆင်ငွေညှစ်မှုတွေရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ ၂၈ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေအပေါ် အကြောင်းအ မျိုးမျိုးပြပြီး အမှုဆင်ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်ကယ်တွေ စစ်ဆေးရာမှာ ဆိုင်ကယ်ဘောက်တွေထဲကို မူးယစ်ဆေးဝါးတွေပစ်ထည့်ပြီး အမှုဆင်ငွေညှစ်မှုတွေ ကျုးလွန်နေတာပါ။ မူးယစ်ဆေးဝါး အကြောင်းပြချက်နဲ့ အမှုဆင်ဖမ်းဆီးခံရသူတစ်ဦးလျှင် အနည်းဆုံး ကျပ်ငွေ…

တရုတ်အကျိုးစီးပွားတွေကို စစ်အုပ်စုမကာကွယ်နိုင်ဘူးလို့ NUG ပြော

နေပြည်တော် ၊ နိုဝင်ဘာ ၂၈ မြန်မာနိုင်ငံအတွင်း လုံခြုံရေးကုမ္ပဏီကို စစ်အုပ်စုနဲ့အတူ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်ဟာ တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။ လတ်တလောမှာ တရုတ်နဲ့ စစ်ကောင်စီအကြား အကျိုးတူပူးပေါင်းတဲ့ (Joint Venture Security Company) လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ သဘောတူညီချက်တွေ ရရှိထားတဲ့အပေါ် NUG က…

တနင်္သာရီမှာ စစ်တပ်ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် အရပ် သားနှစ်ဦးဒဏ်ရာရ

တနင်္သာရီ၊ နိုဝင်ဘာ ၂၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချတိုက် ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ မော်တုန်းကျေးရွာအုပ်စုရှိ ကတော့ကမ်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။…

အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ နိုဝင်ဘာ ၂၈ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းသွားရာဘက်မှာ အခုလ နိုဝင်ဘာလကုန်းပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ စစ်ရေးသ တင်းရင်းမြစ်တွေထံ သိရပါတယ်။ အဲဒီလမ်းပိုင်းနှစ်ခုမှာ ရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ စက်တင်ဘာလနဲ့ နိုဝင်ဘာလအစောပိုင်းကစပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အများအပြားနဲ့ တပ်အင်အားတိုးချဲ့မှုတွေ အဆက်မပြတ်လုပ် ဆောင်နေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ နယ်မြေခံ…

အစ္စရေး-ဟစ်ဇဘိုလာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ အမေရိကန်နဲ့ ပြင်သစ် ကြားဝင် စေ့စပ်ပေးတဲ့ သဘောတူညီမှုကို အစ္စရေးနဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာတို့ နှစ်ဖက်လုံးက လက်ခံခဲ့တာကြောင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုဟာ နိုဝင်ဘာ ၂၇ ရက် စင်ကာပူ စံတော်ချိန် နံနက် ၁၀ နာရီကနေ စတင် အသက်ဝင်လာကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ ဂါဇာ…

အကျင့်ပျက်ခြစားမှုနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး စစ်ဆေးခံနေရ

ဘေဂျင်း၊ နိုဝင်ဘာ ၂၇ ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး တုံးကျန်းဟာ စုံစမ်းစစ်ဆေးခံနေရကြောင်း လက်ရှိနဲ့ အရင်အမေရိကန် အရာရှိတွေကို ကိုးကားပြီး Financial Times သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။ အဲဒီသတင်းသာ အတည်ဖြစ်ခဲ့ရင် ဝန်ကြီး တုံးကျန်းဟာ အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်း…

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ လျှောက်ထား

သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၇ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုဝင်ဘာ ၂၇ ရက်မှာ ဦးတိုက် လျှောက်ထားလိုက်ကြောင်း နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေ Karim A.A. Khan KC က ပြောကြားလိုက်ပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့ရတဲ့ ဖြစ်ရပ်တွေကို…