Thanlwintimes

အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၀ ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၃ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး၊ နိုင်ငံရေးအကျဉ်းသူ နှစ်ဦး၊ စုစုပေါင်း ၂၀…

သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် ဘိုင်ဒန်က သားဖြစ်သူကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၂ မကြာမီ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရာဇဝတ်မှု နှစ်ခုအတွက် ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို တရားဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။ သားဖြစ်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောထားခဲ့ဖူးပေမယ့် အခုတစ်ခါ ကြေညာချက်မှာ ဟန်တာဟာ ရွေးထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုတွေဟာ…

ငါးဖမ်းလှေတွေကို မြန်မာရေတပ် ပစ်ခတ်ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်

ဘန်ကောက်၊ ဒီဇင်ဘာ ၂ ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် လှေတစ်စီးပေါ်က ငါးဖမ်းသမား တစ်ဦး ရေနစ်သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးနောက် အဲဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်က မြန်မာရေပိုင်နက်ထဲဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ရေတပ်ရဲ့ပစ်ခတ်မှုနဲ့…

ဆီဆိုင်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ဆီဆိုင်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ငယ်နဲ့ ဝိုင်းဝန်းပစ်ခတ်တာကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှာ ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ထီးစဲခါးရေတံခွန်ကျောင်းမှ…

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ပြုပြင်ပြောင်းလဲရေး အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ K2C ပြော

နေပြည်တော် ၊ ဒီဇင်ဘာ ၂ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရှေ့နေရဲ့ လျှောက်ထားချက်ဟာ မြန်မာ့နိုင်ငံရဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့ K2C တို့ ထုတ်ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ICC ရှေ့နေချုပ် Karim AA Khan…

ပွင့်ဖြူမှာ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦး သေဆုံး

မကွေး ဒီဇင်ဘာ ၂ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်ခံရမှုအတွင်း တပ်သား ၄ ဦးအပါအဝင် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက မဲဇလီ-ဆည်တော်တံတား ဆည်တော်ဘက်ခြမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။…

နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ မွန်ပြည်သစ်ပါတီနဲ့ DKBA တို့ သဘောတူ

ဘုရားသုံးဆူ ၊ ဒီဇင်ဘာ ၁ ဂိတ်စခန်းတည်ဆောက်မှုကြောင့် စစ်ရေးတင်းမာခဲ့တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒီမိုကရေစီအ ကျိုးပြု ကရင့်တပ်မတော် DKBA တို့ဟာ နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ DKBA တပ်ဖွဲ့ဘက်က ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနဲ့ ဂျပန်ရေတွင်းကျေးရွာအကြားမှာ ဂိတ်စခန်းအသစ်တစ်ခု တည်ဆောက်လာတဲ့အတွက် မွန်ပြည်သစ်ပါတီ NMSP နဲ့ နှစ်ဖက်စစ်ရေးတင်း…

တိုက်ပွဲတွေကြောင့် သံဖြူဇရပ်မှာ အိမ်ငှားခနဲ့ အိမ်ခြံမြေဈေးတွေထိုးတက်

သံဖြူဇရပ်၊ ဒီဇင်ဘာ ၁ နှစ်ဖက်တိုက်ပွဲတွေကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ်ထံ တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေ များလာတာကြောင့် အိမ်ငှားခနဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်ထိုးတက်လာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ကြားအင်ဆိပ်ကြီးမြို့နယ်အစပ်နဲ့ သံဖြူဇရပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ သံဖြူဇရပ်မြို့ပေါ် ရပ်ကွက်တွေထံ အများဆုံး…

တနင်္သာရီမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ခြေဖဝါးပြတ်တောက်ဒဏ်ရာရ

တနင်္သာရီ၊ ဒီဇင်ဘာ ၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ကွမ်းသီးကောက်သွားတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေဖဝါးပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။ ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာ ဆီးအုန်းကုန်းမှာ ကွမ်းသီးကောက်ဖို့သွားတဲ့ ဒေသခံ အ မျိုးသမီးဟာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။…

ဆီးရီးယားနိုင်ငံ မြို့တော် အလက်ပိုမြို့ထဲ သူပုန်တွေ တစ်ကျော့ပြန် ထိုးဖောက်ဝင်ရောက်

အမ္မာန်၊ နိုဝင်ဘာ ၃၀ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေဟာ အလက်ပိုမြို့ နှလုံးသည်း ပွတ်နေရာသို့ ရောက်ရှိနေပြီလို့ ပြောဆိုထားချိန်မှာ အာဏာပိုင်တွေက အလက်ပိုမြို့ လေဆိပ်ကို နိုဝင်ဘာ ၃၀ ရက်မှာ ပိတ်လိုက်တဲ့အပြင် အဲဒီမြို့ကို ဆက်သွယ်ထားတဲ့ လမ်းအားလုံးကိုလည်း ပိတ်ထားလိုက်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာန…