Thanlwintimes

ထားဝယ်မြို့ပေါ်မှာ ညီအစ်မနှစ်ဦး ဖမ်းဆီးခံရ

ထားဝယ်၊ ဒီဇင်ဘာ ၅ တနင်္သာရီတိုင်း ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက် အထက်တန်းကျောင်းအနီးမှာ ဈေးလာဝယ်တဲ့ ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ အထက်တန်းကျောင်းအနီးက ဖိနပ်ဆိုင်မှာ ဖိနပ်ဝယ်နေတဲ့ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာနေ အသက် ၂၀ အရွယ် မယုလှိုင်းနှင်းတို့ ညီအစ်မနှစ်ဦးကို…

DKBA ထိပ်ပိုင်းခေါင်းဆောင် နေရာတချို့ အပြောင်းအလဲပြုလုပ်

မော်လမြိုင်၊ ဒီဇင်ဘာ ၅ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ ဒုစစ်ဦးစီးချုပ်နေရာအပါအဝင် ထိပ်ပိုင်းရာထူးနေရာသုံးခုကို အပြောင်းအလဲ ပြုလုပ်လိုက်ပြီး ဒီအပြောင်းအလဲလုပ်တာဟာ တပ်ဖွဲ့ကိုပိုမိုအား ကောင်းလာစေဖို့ ဖြစ်တယ်လို့ DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောစိန်ဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ DKBA ရဲ့ ကလို့ထူးဘောဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဒုတိယစစ်ဦးစီးချုပ်၊ ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်နဲ့ စစ်ဦးစီးအရာရှိချုပ်၊ ဒုတိယစစ်ဦးစီးချုပ်…

ရုရှားနဲ့ တရုတ်ရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကို တုံ့ပြန်ရေး နေတိုး အရှိန်မြှင့် ကြိုးပမ်းမယ်

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၄ မဟာမိတ်နိုင်ငံတွေမှာ ရုရှားနဲ့တရုတ်တို့ရဲ့ ရန်လိုတဲ့ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ ရင်ဆိုင်နေရချိန် အရေးပါတဲ့ အခြေခံ အဆောက်အဦတွေကို ကာကွယ်ပေးနိုင်မှု ပိုမိုကောင်းမွန်စေရေး၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှရေး အရှိန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေတိုးအဖွဲ့ အကြီးအကဲ မက် ရူတီက ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ…

စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာချက် ရုတ်သိမ်းရပြီးနောက် တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး တောင်းဆိုမှု ပိုများလာ

ဆိုးလ်၊ ဒီဇင်ဘာ ၄ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က အမှတ်မထင် ကြေညာလိုက်တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်အမတ်တွေက တားဆီးခဲ့ပြီးနောက် သူကိုယ်တိုင် ပြန်လည် ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ သမ္မတက မြောက်ကိုရီးယား ကွန်မြူနစ်အင်အားစုတွေကို ကာကွယ်ရေးနဲ့ အစိုးရဆန့်ကျင်ရေး အင်အားစုတွေကို ရှင်းထုတ်ဖို့ လိုအပ်တယ်လို့ ပြောကြားပြီး ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့တာ ဖြစ်ပါတယ်။…

စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူပေါင်း ၁၉၀၀ နီးပါး ဖမ်းဆီးခံရ

မော်လမြိုင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေသားမှုကြောင့် လူပေါင်း ၁၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ လူမှုကွန်ယက်ဖြစ်တဲ့ Facebook အပြင် အခြားဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok၊…

နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဝေဟင်နဲ့ မြေပြင်ထိုးစစ် ရပ်ပေးရမယ်လို့ MNDAA ကြေညာ

လားရှိုး၊ ဒီဇင်ဘာ ၄ တရုတ်ဖိအားကြောင့် ပြည်တွင်း စစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ထပ်မံကြေညာလာတဲ့ ကိုးကန့်အဖွဲ့ MNDAA က စစ်ကောင်စီရဲ့ နိုင်ငံအနှံ့ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေ ရပ်ပေးရမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။ စစ်ဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာ ထောက်ထားပြီး နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ဖို့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေး…

စစ်အာဏာသိမ်း (၁၄၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၄ AAPP ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၀၂) ရက်အတွင်း ပြည်သူ (၆၀၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၅၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့အရေး နိုင်ငံတကာရဲ့ ချဉ်းကပ်မှုပုံစံ ပြောင်းလဲသင့်ပြီလို့ အကဲခတ်တွေပြော

မော်လမြိုင် ၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာသိမ်းမှုအကျိုးဆက်တွေအပေါ် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင် ရွက်မှုတွေဟာ သိသာတဲ့ပြောင်းလဲမှု မရှိတဲ့အတွက် ထိရောက်မှုမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေဟာ ဒီမိုကရေစီလိုလားတဲ့ တိုင်းပြည်ဖြစ်ပေမယ့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စကားလုံးအရ ထောက်ခံရုံကလွဲရင် ထိရောက်တဲ့ လုပ်ဆောင်ချက် မရှိသေးဘူးလို့ ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂအပါအဝင် အာဆီယံကလည်း…

မွန်ပြည်နယ် GDP မြင့်မားလာဖို့ စစ်ကောင်စီမျှော်လင့်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ ၄ မွန်ပြည်နယ်မှာ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP မြင့်မားလာရေးနဲ့ ဒေသအ တွင်းရှိ စီးပွားရေးကဏ္ဍကြီးသုံးခု ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကြွေးကြော်ပါတယ်။ မွန်ပြည်နယ် စစ်ကောင်စီဟာ ဒီဇင်ဘာ ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေး၊…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်

ထားဝယ်၊ ဒီဇင်ဘာ ၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုနဲ့ စစ်ကူလာတဲ့ စစ် ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေ ဆုံးနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်၊ ဟာလီကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို…