ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူ လေးဦး သေဆုံး
မကွေး မေ ၁ မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မေ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးတွေကြဲချခဲ့တာပါ။ “တိုက်ပွဲဖြစ်ပွားခြင်းလည်း…