Thanlwintimes

လူသားစာနာအကူအညီတွေ ဘေးကင်းကင်းလုပ်နိုင်ဖို့ အပစ်ရပ် သက်တမ်းထပ်တိုးရေး မလေးရှား တောင်းဆို

ကွာလာလမ်ပူ မေ ၂ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုတွေ ဘေးကင်းကင်း လုပ်ဆောင်နိုင်စေဖို့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်မှာ ကုန်ဆုံးခဲ့တဲ့ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းထပ်တိုးဖို့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် အန်ဝါ အီဗရာဟမ်က သဘာဝဘေးဖြစ်ပြီးတဲ့နောက် ကြေညာခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုး ဆက်လက်ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့…

ရွေးကောက်ပွဲအမီ လက်လွှတ်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်မလား

နေပြည်တော် ၊ မေ ၂ နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီက လာမယ့်ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီစဉ်နေပြီး လက်လွှတ်ထားရတဲ့မြို့တွေကို အကုန်ပြန်သိမ်းမယ်လို့ ကြုံးဝါးနေပါတယ်။ လာမယ့်ဒီဇင်ဘာအတွင်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီမံဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၃၀ ရက်နေ့မှာ ပြု လုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံမှာ…

မော်လမြိုင်မှာ ပြည်သူပိုင်မြေတွေကိုသိမ်းယူပြီး စစ်ကောင်စီ မြို့ကွက်သစ်ဖော်နေ

မော်လမြိုင် ၊ မေ ၂ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်နယ်စစ်ကောင်စီက ပြည်သူပိုင်မြေတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအဓမ္မသိမ်းယူပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကောင်စီဟာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ကြားမှာရှိတဲ့ ပြည် သူပိုင်နေအိမ် ရာနဲ့ချီကို ပြီးခဲ့တဲ့ မတ်လကစလို့ ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတင်းအ ဓမ္မ ဖြိုဖျက်ဆီးပြီးနောက်…

ရွှေကျင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ရွှေကျင်၊ မေ ၂ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကွင်းဆိပ်ကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်နဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့…

ကော့ကရိတ်တိုက်ပွဲမှာ DKBA ခွဲထွက်အဖွဲ့ စစ်ကောင်စီဘက်က ကူတိုက်ပေး

ကော့ကရိတ်၊ မေ ၂ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တိုက်ပွဲမှာ ဗိုလ်ဘိခေါင်းဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့က စစ်ကောင်စီဘက်က ကူတိုက်ပေးနေသလို စစ်ကောင်စီကလည်း စစ်လက်နက်ခဲယမ်းပစ္စည်းအများအပြား ကူညီပံ့ပိုးနေတယ်လို့ DKBA ခွဲထွက်အဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တို့က ပြီးခဲ့တဲ့ ဧ ပြီလပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေဟာ…

ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူ လေးဦး သေဆုံး

မကွေး မေ ၁ မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မေ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးတွေကြဲချခဲ့တာပါ။ “တိုက်ပွဲဖြစ်ပွားခြင်းလည်း…

အမေရိကန် စီးပွားရေး ကျဆင်းမှု ထရန့်က ဘိုင်ဒန်ကို အပြစ်တင်

ဝါရှင်တန်၊ မေ ၁ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်မယ့် အစီအစဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်တင်သွင်းမှု မြင့်တက်မှုနဲ့အတူ အမေရိကန် စီးပွားရေးဟာ ပထမသုံးလပတ်ကာလအတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ရပါတယ်။ အခုလ စောစောပိုင်းက အသက်ဝင်ခဲ့တဲ့ အခွန်ကောက်ခံမှုတွေ မတိုင်ခင် စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေက နိုင်ငံခြားကုန်ပစ္စည်းတွေ ပိုမို ဝယ်ယူခဲ့ကြတာကြောင့် အခုလို သုံးလပတ်ကာလ စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ရတာ…

ဥရောပလွှတ်တော် အဖွဲ့ဝင်တွေကို အရေးယူပိတ်ဆို့ထားမှု တရုတ် ရုပ်သိမ်းမယ်

ဘရပ်ဆဲလ်၊ မေ ၁ ဥရောပလွှတ်တော် အဖွဲ့ဝင်တွေအပြင် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဥရောပ ဆပ်ကော်မတီအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တရုတ်က ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ရိုဘက်တာ မတ်ဆိုလာက ဧပြီ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ တရုတ်က အမေရိကန်သို့ကုန်တင်ပို့မှု အများစုအပေါ် ချမှတ်ထားတဲ့ ဝါရှင်တန်ရဲ့ အခွန်အတုပ်တွေကြောင့် ထိခိုက်မှုကို လျှော့ချရေး ဥရောပနဲ့ စီးပွားရေး၊…

တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံး

ဘုတလင်၊ မေ ၁ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အ ရပ်သားပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ကြောင့်…

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းက သက္ကောစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

သံဖြူဇရပ်၊ မေ ၁ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဆုံရှိ သက္တောစစ် ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ရာမညစစ်ကြောင်းက မေ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီရဲ့ သက္ကောစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့မှာ ရာမညပူးပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…