ငလျင်ဒဏ်ကြုံနေရချိန် ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်ဆက်ဆောက်နေ
ဘားအံ၊ ဧပြီ ၂ နိုင်ငံတဝန်းက ဒေသခြောက်ခုမှာ ငလျင်ဒဏ်အပြင်းအထန်ကြုံနေရချိန် ကရင်ပြည်နယ် ဘားအံမြို့မှာ ပြည်နယ်စစ်ကောင်စီအဖွဲ့က သင်္ကြန်ပွဲတော်ကျင်းပပြုလုပ်ဖို့အတွက် သဲသောင်ပြင်သင်္ကြန်အ ပါအဝင် ကမ်းနားလမ်းမှာ သင်္ကြန်မဏ္ဍပ်တည်ဆောက်တာတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဘားအံမြို့မှာ လာမယ့်မဟာသင်္ကြန်ပွဲတော်အတွက် ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့က ကမ်းနားလမ်းညဈေးတန်းအနီး သဲသောင်ပြင်မှာ သင်္ကြန်ကို တစ်လကြာ ကျင်းပပြုလုပ်မှာဖြစ်သလို လမ်း လျှောက်သင်္ကြန်အပါအဝင် ကမ်းနားလမ်းမှာ ရေကစားမဏ္ဍပ်တွေနဲ့ စတုဒီသာကျွေးမွေးတာကို…