Thanlwintimes

မော်လမြိုင်မှာ စစ်မှုထမ်းအငှားမရလို့ ဒေသတွင်းက လူငယ်တွေကိုဆင့်ခေါ်ဖို့ ပြင်ဆင်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၀ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူစားထိုးဖို့ လူငှားမရတာကြောင့် ဒေသတွင်းက လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အရင်ကစစ်မှုထမ်းဖို့အတွက် ဒေသတွင်းက လူငယ်တွေအစား ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရပ်ကွက် တွေအတွင်းက ဆိုးသွမ်းသူတွေကို အခကြေးငွေပေးပြီး ငှားရမ်းအသုံးပြုခဲ့ရာမှ လက်ရှိမှာတော့ စစ်မှုထမ်းလူစားထိုး…

မင်းဘူး ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထား

မကွေး ဒီဇင်ဘာ ၉ မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီးမှာ စစ်ကောင်စီက လုံခြုံရေး တိုးချတာ၊ လက်နက်ကြီး အထိုင်ချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစပြီးတော့ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ လုံခြုံရေးထပ်ပြီးချလာတာ ဖြစ်ပါတယ်။ “အများစုကတော့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများပါတယ်။…

လွှတ်တော် ဝင်ရောက် စီးနင်းသူတွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၉ လာမယ့်လ သမ္မတ ရာထူး စတင် လက်ခံတဲ့ ပထမဆုံးရက်မှာပဲ ၂၀၂၁ ခုနှစ်တုန်းက လွှတ်တော်ထဲ ဝင်ရောက် စီးနင်းသူတွေကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။ လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့သူတွေဟာ ငရဲခန်းတွေထဲမှာ နေနေရတယ်လို့ ထရန့်က…

နိုင်ငံကနေ ထွက်ပြေးလာတဲ့ ဆီးရီးယား သမ္မတကို ရုရှား ခိုလှုံခွင့်ပေးမယ်

မော်စကို၊ ဒီဇင်ဘာ ၉ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ ဒမတ်စကတ်မြို့က ထွက်ပြေးလာပြီးနောက် မော်စကိုသို့ ရောက်ရှိနေကြောင်း ရုရှား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ အာဆတ် အစိုးရရဲ့ အဓိက မဟာမိတ် ရုရှားက ဆီးရီးယားသမ္မတနဲ့ သူ့ရဲ့ မိသားစုကို ခိုလှုံခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ HTS က…

ထားဝယ်က ကျေးရွာချင်းဆက် တံတားတစ်ခုကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး

ထားဝယ်၊ ဒီဇင်ဘာ ၉ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာချင်းဆက် တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မောင်မယ်ရှောင်ကျေးရွာနဲ့ ရေဝိုင်းကျေးရွာကြားရှိ ကင်းကုန်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။…

မောင်တောက နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ ၅ တပ်စခန်းကို AA သိမ်းပိုက်

မောင်တော၊ ဒီဇင်ဘာ ၉ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ ၅ ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ နခခ ၅ ရှိ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့်…

ကလေးဝမှာ ဒရုန်းကြောင့် အရပ်သားတွေသေဆုံးတာ PDF တွေ လုပ်တာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒေသခံတွေကို ဒရုန်းတွေနဲ့ပစ်ခတ်ပြီး PDF တွေပစ်တာဆိုပြီး ” လုပ်ကြံဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မွန်ပြည်နယ်မှာ စစ်မှုထမ်းဖမ်းဆီးတာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မွန်ပြည်နယ်မှာ အတင်းအဓမ္မ စစ်မှုထမ်းဖမ်းဆီးတာမရှိဘူး”လို့ စစ်ကောင်စီတပ်က လိမ်လည်ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ…

ရွေးကောက်ပွဲနဲ့ လုံခြုံရေးကိစ္စ စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတို့ဆွေးနွေး

နေပြည်တော် ၊ ဒီဇင်ဘာ ၈ ရွေးကောက်ပွဲကျင်းပနိုင်ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ မှတ်ပုံ တင်ခွင့်ပြီးတဲ့ နိုင်ငံရေးပါတီတွေ ဒီဇင်ဘာ ၅ နဲ့ ၆ ရက်နေ့တို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီ ၅၁ ပါတီက…

ဖာပွန်က စစ်တပ်စခန်းနှစ်ခုကို KNU/PDF သိမ်းပိုက်

ဖာပွန်၊ ဒီဇင်ဘာ ၈ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းနေတယ်လို့ KNU ဖာပွန်ခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA တော် လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း…