မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးနေ
မော်လမြိုင် ၊ စက်တင်ဘာ (၅) မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာတုန်းကတော့ မဲစာရင်း အချက်အလက်မှားယွင်းမှုတွေ များပြားခဲ့တယ်လို့ မဲဆန္ဒရှင်တွေနဲ့ မဲစာရင်းစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာတဲ့အချိန်မှာ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် ကော်မရှင်၊ ထွေအုပ်နဲ့ လဝကတို့ ပူးပေါင်းပြီးတော့…