ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မွန်ပြည်နယ်အစိုးရ ငွေကျပ် (၁.၅) ဘီလီယံကျော် သုံးစွဲခဲ့
မော်လမြိုင် ၊ အောက်တိုဘာ (၁၂) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် ငွေကျပ် (၁.၅)ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကစတင်ပြီး ယခုအချိန်အထိ CBFQ စခန်းဖွင့်လှစ်တာတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအထောက်အကူပစ္စည်း ဝယ်ယူတာတွေ၊ CBFQ စခန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူတာတွေ၊ Hospital…