Thanlwintimes

အောက်တိုဘာမှ စပြီး ကာကွယ်ဆေးထိုးနှံထားသော ခရီးသွားများ ဘန်ကောက်သို့ ကွာရန်တင်း ဝင်ရန်မလိုဘဲ လာရောက်လည်ပတ်နိုင်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၂ ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရသည့် ထိုင်းဘုရင့်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အဖတ်ဆည်နိုင်ရန် အောက်တိုဘာလအတွင်းမှစ၍ ဘန်ကောက်ကို ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံတကာခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရမှ စီစဥ်နေပါသည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် ခရီးသွားကဏ္ဍသည် ထိုင်းနိုင်ငံ အမျိုးသားဝင်ငွေ၏ ငါးပုံတစ်ပုံအထိ ဖြည့်တင်းနိုင်ခဲ့သော်လည်း ကိုဗစ် ၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် အပြင်းထန်ဆုံးသော ခရီးသွားကန့်သတ်ချက်များသည် နိုင်ငံခြားသားခရီးသွားဧည်သည့်များ ဝင်ရောက်မှုကို…

မလုံခြုံတော့တဲ့ မြို့ပြလူနေမှုဘဝ

အချိန်က ည (၈)နာရီ ၊ ပေါင်မြို့ရဲ့ လမ်းမတွေဟာ တိတ်ဆိတ်ခြောက်ကပ်နေပြီး အတော်ကြာမှ ဆိုင်ကယ်တစ်စီးစ ၊ နှစ်စီးစ ဖြတ်သွားတာကို တွေ့ရတယ်။ လမ်းမကြီး တစ်လျှောက်မှာလည်း ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိနေဘဲ အချို့အိမ်တွေကတော့ မီးတွေ မှိတ်ထားကြပြီး တိတ်ဆိတ်လျက်။ ရန်ကုန်-မော်လမြိုင်လမ်းမှာရှိတဲ့ ပေါင်မြို့ဟာ ယခင်က အခုလို မဟုတ်။ ညနက်ချိန်ရောက်သည့်တိုင် ကုန်တင်ကားတွေ ၊…

ရွှေနဲ့ ဒေါ်လာဈေး ခေတ်အဆက်ဆက် မဖြစ်ဖူးတဲ့စံချိန်တင် ဈေးနှုန်းသို့ ရောက်ရှိ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ စစ်တပ် အာဏာသိမ်းပြီး ၇ လတာကာလအတွင်း ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းကို ရောက်ရှိသွားပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ ဒီကနေ့ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၈ သောင်းထိ စံချိန်တင် ခဲ့သလို ဒေါ်ဈေးနှုန်းမှာလည်း တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ကျော်ထိ…

KNU တပ်မဟာ ၃ ဘက်မှာ စစ်ကောင်စီ လမ်းကင်းချ စစ်ဆေးမှုတွေ ပိုလုပ်လာ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မော်လမြိုင်၊ စက်တင်ဘာ ၁၁ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းကင်းချထားပြီး သွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပိုမိုလုပ်ဆောင်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်‌ေနရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကနေ ကျောက်စရစ်ကျေးရွာအုပ်စုအထိ စစ်ကောင်စီတပ်တွေက လမ်းကင်းချပြီး သွားလာနေတဲ့…

ထားဝယ်က လူငယ် နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ လွှတ်တော်ရုံးအနီးမှာ ဆိုင်ကယ်စီးနင်းလာတဲ့လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စက်တင်ဘာလ ၁၀ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ထားမြို့ ဆန်းချီရပ်ကွက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးဟာ စစ်ကောင်စီတပ် လာနေတာကို တွေ့ရှိသဖြင့် နောက်ပြန်လှည့်မောင်းစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ “လူငယ်နှစ်ဦး…

Non CDM ဝန်ထမ်းတွေမှာ စစ်ကောင်စီ ချေးငွေပြန်တောင်း

မော်လမြိုင်၊ စက်တင်ဘာလ ၁၁ NLD အစိုးရလက်ထက်က နိုင်ငံ့ဝန်ထမ်းတွေကို ကြိုတင်ထုတ်ထားပေးခဲ့တဲ့ ၂ လစာ အတိုးမဲ့ချေးတွေကို အောက်တိုဘာလ ၁ ရက် ကနေ့စပြီး ပြန်ဆပ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။ လက်ရှိတာဝန်နေဆဲဖြစ်တဲ့ Non CDM ဝန်ထမ်း‌ တွေဟာ ဒီချေးငွေကို တစ်လတစ်ကြိမ် အရစ်ကျမဖြစ်မနေ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ပါတယ်။…

ဘားအံက စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် ဖမ်းဆီးခံရ

ဘားအံ၊ စက်တင်ဘာ ၁၁ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ စည်သူစတီးလုပ်ငန်း၊ ဝင်းမြင့်လေးသစ်စက်၊ Footvilla၊ Nicety Cafe’၊ Km Mobile၊ Mg Oo Factory အပါအဝင် လုပ်ငန်းရှင် ၁၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။ စက်တင်ဘာလ…

သထုံမှာ တစ်ညတည်း ဗုံး ၂ ကြိမ်ပေါက်၊ လူထိခိုက်မှုမရှိ

သထုံ ၊ စက်တင်ဘာ (၁၁) မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညပိုင်းက ဗုံး (၂ )ကြိမ်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေက အတည်ပြုပြောပါတယ်။ မနေ့ည ၁၀ နာရီဝန်းကျင်ခန့်မှာ ဘက်လှိုင်ရပ်ကွက်၊ ဦးဖြူ လမ်းနှင့်ဝါးပါးဆည်အနီးရှိ စစ်တပ်ဘက်တွင် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ “ညက အသံက အကျယ်ကြီးဘဲ ပေါက်ကွဲသံကြားတယ်။ သိရသလောက်တော့…

ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့် သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီ ကြေညာ

ပေါင်၊စက်တင်ဘာလ ၁၀ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ညမထွက်ရအမိန့်သက်တမ်း ထပ်တိုး‌ေကြာင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။ မြို့နယ် အတွင်းရှိ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ညမထွက်ရအမိန့်သက်တမ်းထပ်တိုးရတာလို့ ဆိုထားပါတယ်။ ပေါင်မြို့နယ်မှာတော့ နေ့စဉ် နံနက် ၄ နာရီမှ ည ၈ နာရီထိ ညမထွက်ရအမိန့်…

တိုက်ပွဲတွေ ပိုစိပ်လာလို့ ကရင်စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်နေ

မော်လမြိုင်၊ စက်တင်ဘာ ၁၀ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဖာပွန်ခရိုင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ သောင်းချီခန့်ရှိနေပြီး သူတို့တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထံကနေ သိရပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဖြစ်ပွားမှုတွေကြောင့် ဒေသခံပြည်သူလူထုဟာ ကျေးရွာကိုစွန့်ခွာရပြီး နီးစပ်ရာတောထဲတောင်ထဲနဲ့ မြို့တွေပေါ်ကို သွားရောက်တိမ်းရှောင်နေခဲ့ရပါတယ်။ “အခုက လက်နက်ကြီးတွေက နေ့တိုင်းလိုလိုပစ်ချတယ်။ စစ်ရှောင်တွေကလည်း…