ကိုဗစ်လက္ခဏာမပြသူတွေနဲ့ ရောဂါအခံမရှိတဲ့ အတည်ပြုလူနာတွေကို ယာယီဆေးရုံမှာ ကုသသွားမည်
မော်လမြိုင် ၊ စက်တင်ဘာ (၂၉) မော်လမြိုင်မြို့မှာ ဆောက်လုပ်နေတဲ့ ကိုဗစ်ယာယီဆေးရုံမှာ ရောဂါလက္ခဏာမပြတဲ့သူတွေနဲ့ ရောဂါအခံမရှိတဲ့သူတွေကို ကုသသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပြည်နယ်အတွင်းက ကိုဗစ်-၁၉ အတည်ပြုလူနာတွေထားရှိဖို့ မော်လမြိုင်မြို့ အ.ထ.က(၁)ကျောင်း ဘောလုံးကွင်းမှာ လူနာ(၃၀၀) ဆန့်တဲ့ ယာယီဆေးရုံတစ်ခုကို ၂ ပတ်အတွင်းပြီးစီးနိုင်အောင် ဆောက်လုပ်နေတာပါ။ ရောဂါအခံရှိသူတွေကိုတော့ မော်လမြိုင်ဆေးရုံကြီးမှာပဲ စောင့်ကြည့်ကုသသွားမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အတည်ပြုလူနာတွေကိုတော့…