ရုရှားခရီးစဉ်မစခင် အပစ်ရပ်ကာလကို မေလကုန်အထိ စစ်ကောင်စီ သက်တမ်းတိုး
နေပြည်တော် ၊ မေ ၇ စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ရုရှားနိုင်ငံကို သွားရောက်မယ့် ခရီးစဉ် မစတင်ခင် အပစ်ရပ်ကာလကို မေလကုန်အထိ သက်တမ်းတိုးလိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မေ ၆ ရက်ကနေ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံ…